သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခန္ဓာကိုယ်အလေးချိန် ထိန်းခြင်း


မြန်မာနိုင်ငံမှာ ခန္ဓာကိုယ်အလေးချိန်တက်၊ အဝလွန်တာကြောင့် နှလုံးရောဂါနဲ့ ဆီးချိုအပါအဝင်ရောဂါတွေဖြစ်နေတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုနေကြပါတယ်။ ခန္ဓာကိုယ် အလေးချိန် အလွန်အကျွံတက်တာကို လျော့ချနိုင်အောင်နဲ့ ပုံမှန်မှာ ထိန်းထားနိုင်အောင် သွေးအဆီချဆေးနဲ့ ပိန်ဆေးနဲ့တင် မလုံလောက်ပဲ အစားအသောက် စနစ်တကျစားတာနဲ့ ကိုယ်လက်လှုပ်ရှားတာတွေ လုပ်ပေးဖို့ လိုပါတယ်။

ခန္ဓာကိုယ်အလေးချိန် ထိန်းခြင်း
please wait

No media source currently available

0:00 0:07:00 0:00
တိုက်ရိုက် လင့်ခ်


အစားအသောက် စနစ်တကျ စားရာမှာ ကယ်လိုရီများတာ (ဆန်ဂျုံ) နဲ့ မကောင်းတဲ့အဆီများတာ (အမဲဆီ၊ ဝက်ဆီ၊ ပြန်ကြော်ဆီ) တွေလျှော့ချပြီး၊ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေ ပိုစားဖို့ လိုပါတယ်။ ထမင်းကို ပန်းကန်ရဲ့ လေးပုံတစ်ပုံသာထည့်ပြီး၊ ကျန်တဲ့နေရာမှာ ဟင်းသီးဟင်းရွက်၊ အသားငါးနဲ့ အသီးအနှံတွေ ထည့်စားသင့်ပါတယ်။ မနက်စာကို ပုံမှန်စားပြီး၊ ညစာကိုလျှော့သင့်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှုကိုလည်း တစ်ရက်ကို မိနစ် (၃၀) နဲ့ တစ်ပတ်အတွင်း (၅) ရက် လုပ်ဆောင်သင့်ပါတယ်။ ကိုယ်အလေးချိန် တက်မတက်ကို သိရအောင် ပေါင်ချိန်စက်သုံးပြီး နေ့စဉ် တိုင်းတာသင့်ပါတယ်။ အဓိက ပြဿနာက ကိုယ်လက်လှုပ်ရှားမှုကြောင့်ကျတဲ့ ကယ်လိုရီထက် စားတဲ့ ကယ်လိုရီ များနေရင် ကိုယ်အလေးချိန် မကျတာ၊ ဆက်တက်တာ ဖြစ်နိုင်လို့ပါ။ စားသောက်နေထိုင်မှု စနစ်ကျသွားရင်တော့ ကိုယ်အလေးချိန် အလွန်အကျွံတက်သူတွေမှာ လတွေနဲ့ချီပြီး၊ တဖြည်းဖြည်းချင်း ပြန်ကျသွားလေ့ရှိပါတယ်။

ဒါပေမဲ့ ကိုယ်အလေးချိန်ထိန်းရာမှာ အလွယ်နဲ့ အမြန်လုပ်ချင်တာကြောင့် အယူအဆ အမှားတွေရှိနေရာမှာ ဗိုက်ခေါက်ချပ်ဆေးနဲ့ ခါးပတ်သုံးတာတွေအပြင် VCD တုန်ခါတဲ့ စက်တွေနဲ့ ဗိုက်ကို ကပ်ထားတာတွေ မလုပ်မိဖို့ လိုပါတယ်။ ဒါ့အပြင် တစ်ပတ်အတွင်း ပေါင်ချိန် ဆယ်ဂဏန်း ကျစေမယ်ဆိုပြီး တလွဲကြော်ငြာတာ (ဥပမာ - ပိန်ဆေးလက်ဖက်ခြောက်) တွေကိုလည်း မသုံးဆောင်မိဖို့ အရေးကြီးပါတယ်။ အစာမစားပဲ ပိန်အောင် အတင်းလုပ်တာလဲ မဖြစ်သင့်ပါဘူး။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံ ဆရာဝန်များအသင်းက ဒေါက်တာမြင့်ဦးကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

XS
SM
MD
LG