သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အပူဒဏ္ေၾကာင့္ တက္ျခင္းနဲ႔ အျခားေရာဂါမ်ား


The sun sets behind Wat Saket Temple, or Golden Mount in Bangkok, Thailand, March 15, 2022.


ျမန္မာႏိုင္ငံမွာ ေႏြအပူဒဏ္ရဲ႕ အဆိုးဆုံးအဆင့္ျဖစ္တဲ့ တက္ၿပီးသတိလစ္ျခင္း (Heat Stroke) က အသက္အႏၲရာယ္ ျဖစ္ႏိုင္တယ္လို႔ က်န္းမာေရးပညာရွင္ေတြက သတိေပးေျပာဆိုေနပါတယ္။ ေႏြရာသီမွာ အပူပိုင္းေဒသ (ဥပမာ - မႏၲေလး၊ ျမင္းၿခံ၊ မုံ႐ြာ) ေတြမွာ အပူဒဏ္ ပိုခံရလြယ္တဲ့ သက္ႀကီးရြယ္အိုေတြ ပိုသတိျပဳၾကဖို႔ အေရးႀကီးပါတယ္။ ရန္ကုန္မွာလည္း တခ်ဳိ ႔ရက္ေတြမွာ အပူခ်ိန္လြန္ကဲလာ ျဖစ္တတ္ၿပီး၊ ေလဝင္ေလထြက္နည္း ေလွာင္ပိတ္ေနတဲ့ တိုက္ခန္းေတြထဲ ပန္ကာ၊ ေလေအးစက္ ဖြင့္လို႔မရတဲ့ မီးပ်က္ခ်ိန္ေတြမွာ ပိုသတိထားသင့္ပါတယ္။

အပူဒဏ္ေၾကာင့္ ပထမအဆင့္ ႏုံးခ်ည့္တာ၊ ေနာက္တဆင့္ ကိုယ္ပူဖ်ားတာေတြ ျဖစ္လာၿပီး ကုသမထိန္းႏိုင္ပါက ေနာက္ဆုံးအဆင့္ အခုလို တက္တာမ်ဳိး ျဖစ္လာတတ္ပါတယ္။ မတက္ခင္ ႀကိဳသိႏိုင္တာက ေခြၽးခမ္းေျခာက္လာၿပီး ကိုယ္အပူခ်ိန္ ႐ုတ္တရက္ ျမန္ျမန္ဆက္တက္လာကာ ကေယာင္ကတမ္း စျဖစ္လာတာပါ။ အပူဒဏ္က ဦးေႏွာက္ကို စတင္ထိခိုက္တာမို႔ စိတ္ကေယာင္ေခ်ာက္ျခား ျဖစ္တာအျပင္၊ စိတ္ပူတာ၊ တခါတရံ လက္ေတြေျခေတြ လူပ္မရတာေတြလည္း ျဖစ္လာတတ္ပါတယ္။ အေရးႀကီးတာကေတာ့ အခုလို တက္တာ (သို႔မဟုတ္) တက္ၿပီး သတိလစ္တာ ျဖစ္လာလွ်င္ ခ်က္ခ်င္း ျမန္ျမန္ေအးေအာင္ လုပ္ေပးဖို႔၊ ေရခဲေရစိမ္ေပးတာ၊ အေအးခန္း/ ေအးတဲ့ အခန္း/ ေနရာမွာထားတာ (အေပၚထပ္ပူလွ်င္ ေအာက္ထပ္ထားတာ၊ ေလေအးစက္ခန္း မရႏိုင္လွ်င္ ျပဴတင္းေပါက္ ဖြင့္ထားတာ၊ အရိပ္ေကာင္းတဲ့ေနရာထားတာ)၊ ေရပတ္ေတာက္ေလွ်ာက္တင္တာ (ေရပတ္တစ္ခါေလာက္ တိုက္တာမ်ိဳး မဟုတ္ပါ) ေတြကို လုပ္ေပးဖို႔ လိုပါတယ္။ တခ်ိန္ထဲမွာ ေခြၽးမ်ားမ်ားထြက္ဖို႔ လိုအပ္တဲ့ ေရနဲ႔ အငန္ဓာတ္ျပန္ျဖည့္ဖို႔ ဓာတ္ဆားရည္တိုက္ (ေသြးတိုးရွိလွ်င္ေတာ့ သတိထားခ်င့္ခ်ိန္) ေကၽြးသင့္ပါတယ္။

အပူဒဏ္ေၾကာင့္ တက္တာကို ႀကိဳကာကြယ္ဖို႔အတြက္လည္း ပူလြန္းလာခ်ိန္မွာ ေအးတဲ့ေနရာမွာ ေနတာနဲ႔၊ ေခြၽးမ်ားမ်ား ထြက္ဖို႔လိုတဲ့ ေရနဲ႔ဆား ႀကိဳျဖည့္ထားဖို႔ လိုပါတယ္။ ဒါေပမဲ့ ဆားရည္တိုက္ရာမွာလည္း စပ္ထားၿပီးသား ဓာတ္ဆားထုတ္ ဝယ္သုံးစရာမလိုပဲ အိမ္သုံးဆားနဲ႔ ေရနဲ႔ စပ္ေဖ်ာ္တာကို သုံးႏိုင္ပါတယ္။ တကယ္ေတာ့ အသင့္စပ္ဓာတ္ဆားထုတ္က ဝမ္းပ်က္သူေတြအတြက္ ေရာင္ေနတဲ့အူက ဓာတ္ဆားရည္ ပိုစုပ္ႏိုင္ေအာင္ အခ်ိဳးက်က် ေဖာ္စပ္ထားတာသာျဖစ္ၿပီး၊ အပူဒဏ္အတြက္ ေသာက္သင့္တဲ့ ဆားရည္အတြက္ေတာ့ မလိုအပ္ပါဘူး။ ဒါ့အျပင္ ပတ္ဝန္းက်င္ အပူခ်ိန္ထိန္းႏိုင္ဖို႔ ပူလွ်င္ေအးေအာင္ ေနဖို႔မွာလည္း၊ အယူအဆအမွားျဖစ္တဲ့ အေအးမခံဘဲ၊ အပူကိုအပူနဲ႔တိုက္တာ (ဥပမာ ေရေႏြးခ်မ္းေသာက္တာ၊ အရက္ေသာက္တာ) မ်ိဳးေတြ မလုပ္သင့္ပါဘူး၊ အပူခ်ိန္ပိုတက္ ပိုဆိုးသြားေစႏိုင္လို႔ပါ။ တခ်ိန္ထဲမွာ အပူဒဏ္ကေန စကာကြယ္ဖို႔ ပူလာခ်ိန္မွာ ေလဝင္ေလထြက္ေကာင္းတဲ့ ေနရာမွာေနၿပီး၊ အဝတ္အစား ေပါ့ပါးတာဝတ္တာ (ဥပမာ၊ ထူတဲ့ ႏိုင္လြန္စ အဝတ္ေတြ မဝတ္ဘဲ ပါးတဲ့ ခ်ည္ထည္သားမ်ဳိး ဝတ္တာ)၊ အေရာင္ေဖ်ာ့တာ ဝတ္တာ (အေရာင္သိပ္မစုပ္တဲ့ အျဖဴေရာင္မ်ိဳးဝတ္ၿပီး အပူအစုပ္မ်ားတဲ့ အမည္းေရွာင္မ်ိဳးေရွာင္ပါ) အျပင္၊ ေန႔လည္ေနပူထဲ အားကစား အရမ္းမလုပ္ဘဲ ကာကြယ္ႏိုင္ပါတယ္။ ဒါ့အျပင္ ဗိုက္ေအာက့္ေပ်ာက္ေဆး Atropine (Anticholinergic) မ်ိဳးကလည္း အပူခ်ိန္တက္ေစတာမို႔ သတိထားသုံးဖို႔ လိုပါတယ္။

အပူဒဏ္ေၾကာင့္ တျခားျဖစ္ေစႏိုင္တဲ့ အေရျပားေရာဂါေတြမွာေတာ့ အနီျပင္ထြက္တာ၊ ယားယံတာ၊ မိတ္ထြက္တာ (ေခြၽးအႀကိတ္အေပါက္ ပိတ္ျခင္း) ေတြပါပါတယ္။ ထြက္လာတဲ့မိတ္က ယားတတ္တာမို႔ ကုတ္မိပါက လက္သည္းေခ်းကတဆင့္ ပိုးဝင္ျပည္တည္နာေတြ ျဖစ္ႏိုင္တာကို ႀကိဳသတိျပဳၿပီး မကုတ္မိေအာင္ သတိျပဳကာကြယ္သင့္ပါတယ္။ မဟုတ္ပါက ပိုဆိုးလာလွ်င္ ေနာက္ဆက္တြဲ အဆုပ္အေအးမိတာ ဦးေႏွာက္အေမွးေယာင္တာ၊ ေက်ာက္ကပ္ေရာင္တာေတြအထိ ျပင္းျပင္းထန္ထန္ ဆက္ျဖစ္ႏိုင္ေျခ ရွိပါတယ္။ ဒါ့အျပင္ ေနအပူဒဏ္ေၾကာင့္ ေနေလာင္တာ (အေရျပားအေရာင္ေျပာင္းတာ၊ တခ်ဳိ ႔ မည္းကုန္တာအထိ) ျဖစ္ႏိုင္တာမို႔ ေနပူထဲထြက္လွ်င္ ထီးေဆာင္း ဦးထုတ္ေဆာင္းတာ၊ အဝတ္လုံၿခဳံေအာင္ ဝတ္တာ၊ အပူဒဏ္ကာ အေရျပားအဆီလူးတာ၊ သနပ္ခါးလူးတာေတြ လုပ္ေပးႏိုင္ပါတယ္။

ဒီအေၾကာင္း ပိုမိုသိရိွနားလည္ႏိုင္ဖုိ႔ ကိုဝင္းမင္းက ကေလးအထူးကုနဲ႔ ေဆးတကၠသိုလ္ (၁) ကေလးက်န္းမာေရးပညာဌာန အၿငိမ္းစား ဌာနမႉး ပါေမာကၡ ေဒါက္တာေစာဝင္း ကို ဆက္သြယ္ေမးျမန္းထားပါတယ္။

ေႏြအပူဒဏ္ သတိျပဳကာကြယ္ေရး

==Unicode==


မြန်မာနိုင်ငံမှာ နွေအပူဒဏ်ရဲ့ အဆိုးဆုံးအဆင့်ဖြစ်တဲ့ တက်ပြီးသတိလစ်ခြင်း (Heat Stroke) က အသက်အန္တရာယ် ဖြစ်နိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုနေပါတယ်။ နွေရာသီမှာ အပူပိုင်းဒေသ (ဥပမာ - မန္တလေး၊ မြင်းခြံ၊ မုံရွာ) တွေမှာ အပူဒဏ် ပိုခံရလွယ်တဲ့ သက်ကြီးရွယ်အိုတွေ ပိုသတိပြုကြဖို့ အရေးကြီးပါတယ်။ ရန်ကုန်မှာလည်း တချို့ရက်တွေမှာ အပူချိန်လွန်ကဲလာ ဖြစ်တတ်ပြီး၊ လေဝင်လေထွက်နည်း လှောင်ပိတ်နေတဲ့ တိုက်ခန်းတွေထဲ ပန်ကာ၊ လေအေးစက် ဖွင့်လို့မရတဲ့ မီးပျက်ချိန်တွေမှာ ပိုသတိထားသင့်ပါတယ်။

အပူဒဏ်ကြောင့် ပထမအဆင့် နုံးချည့်တာ၊ နောက်တဆင့် ကိုယ်ပူဖျားတာတွေ ဖြစ်လာပြီး ကုသမထိန်းနိုင်ပါက နောက်ဆုံးအဆင့် အခုလို တက်တာမျိုး ဖြစ်လာတတ်ပါတယ်။ မတက်ခင် ကြိုသိနိုင်တာက ချွေးခမ်းခြောက်လာပြီး ကိုယ်အပူချိန် ရုတ်တရက် မြန်မြန်ဆက်တက်လာကာ ကယောင်ကတမ်း စဖြစ်လာတာပါ။ အပူဒဏ်က ဦးနှောက်ကို စတင်ထိခိုက်တာမို့ စိတ်ကယောင်ချောက်ခြား ဖြစ်တာအပြင်၊ စိတ်ပူတာ၊ တခါတရံ လက်တွေခြေတွေ လူပ်မရတာတွေလည်း ဖြစ်လာတတ်ပါတယ်။ အရေးကြီးတာကတော့ အခုလို တက်တာ (သို့မဟုတ်) တက်ပြီး သတိလစ်တာ ဖြစ်လာလျှင် ချက်ချင်း မြန်မြန်အေးအောင် လုပ်ပေးဖို့၊ ရေခဲရေစိမ်ပေးတာ၊ အအေးခန်း/ အေးတဲ့ အခန်း/ နေရာမှာထားတာ (အပေါ်ထပ်ပူလျှင် အောက်ထပ်ထားတာ၊ လေအေးစက်ခန်း မရနိုင်လျှင် ပြူတင်းပေါက် ဖွင့်ထားတာ၊ အရိပ်ကောင်းတဲ့နေရာထားတာ)၊ ရေပတ်တောက်လျှောက်တင်တာ (ရေပတ်တစ်ခါလောက် တိုက်တာမျိုး မဟုတ်ပါ) တွေကို လုပ်ပေးဖို့ လိုပါတယ်။ တချိန်ထဲမှာ ချွေးများများထွက်ဖို့ လိုအပ်တဲ့ ရေနဲ့ အငန်ဓာတ်ပြန်ဖြည့်ဖို့ ဓာတ်ဆားရည်တိုက် (သွေးတိုးရှိလျှင်တော့ သတိထားချင့်ချိန်) ကျွေးသင့်ပါတယ်။

အပူဒဏ်ကြောင့် တက်တာကို ကြိုကာကွယ်ဖို့အတွက်လည်း ပူလွန်းလာချိန်မှာ အေးတဲ့နေရာမှာ နေတာနဲ့၊ ချွေးများများ ထွက်ဖို့လိုတဲ့ ရေနဲ့ဆား ကြိုဖြည့်ထားဖို့ လိုပါတယ်။ ဒါပေမဲ့ ဆားရည်တိုက်ရာမှာလည်း စပ်ထားပြီးသား ဓာတ်ဆားထုတ် ဝယ်သုံးစရာမလိုပဲ အိမ်သုံးဆားနဲ့ ရေနဲ့ စပ်ဖျော်တာကို သုံးနိုင်ပါတယ်။ တကယ်တော့ အသင့်စပ်ဓာတ်ဆားထုတ်က ဝမ်းပျက်သူတွေအတွက် ရောင်နေတဲ့အူက ဓာတ်ဆားရည် ပိုစုပ်နိုင်အောင် အချိုးကျကျ ဖော်စပ်ထားတာသာဖြစ်ပြီး၊ အပူဒဏ်အတွက် သောက်သင့်တဲ့ ဆားရည်အတွက်တော့ မလိုအပ်ပါဘူး။ ဒါ့အပြင် ပတ်ဝန်းကျင် အပူချိန်ထိန်းနိုင်ဖို့ ပူလျှင်အေးအောင် နေဖို့မှာလည်း၊ အယူအဆအမှားဖြစ်တဲ့ အအေးမခံဘဲ၊ အပူကိုအပူနဲ့တိုက်တာ (ဥပမာ ရေနွေးချမ်းသောက်တာ၊ အရက်သောက်တာ) မျိုးတွေ မလုပ်သင့်ပါဘူး၊ အပူချိန်ပိုတက် ပိုဆိုးသွားစေနိုင်လို့ပါ။ တချိန်ထဲမှာ အပူဒဏ်ကနေ စကာကွယ်ဖို့ ပူလာချိန်မှာ လေဝင်လေထွက်ကောင်းတဲ့ နေရာမှာနေပြီး၊ အဝတ်အစား ပေါ့ပါးတာဝတ်တာ (ဥပမာ၊ ထူတဲ့ နိုင်လွန်စ အဝတ်တွေ မဝတ်ဘဲ ပါးတဲ့ ချည်ထည်သားမျိုး ဝတ်တာ)၊ အရောင်ဖျော့တာ ဝတ်တာ (အရောင်သိပ်မစုပ်တဲ့ အဖြူရောင်မျိုးဝတ်ပြီး အပူအစုပ်များတဲ့ အမည်းရှောင်မျိုးရှောင်ပါ) အပြင်၊ နေ့လည်နေပူထဲ အားကစား အရမ်းမလုပ်ဘဲ ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် ဗိုက်အောက့်ပျောက်ဆေး Atropine (Anticholinergic) မျိုးကလည်း အပူချိန်တက်စေတာမို့ သတိထားသုံးဖို့ လိုပါတယ်။

အပူဒဏ်ကြောင့် တခြားဖြစ်စေနိုင်တဲ့ အရေပြားရောဂါတွေမှာတော့ အနီပြင်ထွက်တာ၊ ယားယံတာ၊ မိတ်ထွက်တာ (ချွေးအကြိတ်အပေါက် ပိတ်ခြင်း) တွေပါပါတယ်။ ထွက်လာတဲ့မိတ်က ယားတတ်တာမို့ ကုတ်မိပါက လက်သည်းချေးကတဆင့် ပိုးဝင်ပြည်တည်နာတွေ ဖြစ်နိုင်တာကို ကြိုသတိပြုပြီး မကုတ်မိအောင် သတိပြုကာကွယ်သင့်ပါတယ်။ မဟုတ်ပါက ပိုဆိုးလာလျှင် နောက်ဆက်တွဲ အဆုပ်အအေးမိတာ ဦးနှောက်အမှေးယောင်တာ၊ ကျောက်ကပ်ရောင်တာတွေအထိ ပြင်းပြင်းထန်ထန် ဆက်ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒါ့အပြင် နေအပူဒဏ်ကြောင့် နေလောင်တာ (အရေပြားအရောင်ပြောင်းတာ၊ တချို့ မည်းကုန်တာအထိ) ဖြစ်နိုင်တာမို့ နေပူထဲထွက်လျှင် ထီးဆောင်း ဦးထုတ်ဆောင်းတာ၊ အဝတ်လုံခြုံအောင် ဝတ်တာ၊ အပူဒဏ်ကာ အရေပြားအဆီလူးတာ၊ သနပ်ခါးလူးတာတွေ လုပ်ပေးနိုင်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက ကလေးအထူးကုနဲ့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာရေးပညာဌာန အငြိမ်းစား ဌာနမှူး ပါမောက္ခ ဒေါက်တာစောဝင်း ကို ဆက်သွယ်မေးမြန်းထားပါတယ်။

နွေအပူဒဏ် သတိပြုကာကွယ်ရေး

XS
SM
MD
LG