သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Omicron ေနာက္ထပ္မ်ိဳးကြဲသစ္


Virus Outbreak-Pfizer-Omicron Vaccine

ျမန္မာႏိုင္ငံထဲမွာ ကိုဗစ္မ်ိဳးကြဲ Omicron မူလမ်ိဳးစိတ္ (BA.1) ေၾကာင့္ စတုတၳလႈိင္းဒဏ္ ႀကဳံခဲ့ရၿပီး၊ အခု ေနာက္မ်ိဳးကြဲစိတ္ (BA.2) ၿပီးခဲ့တဲ့ရက္အတြင္းမွာပဲ ထပ္ေတြ႔လာတာကို မေပါ့ဆဖို႔ က်န္းမာေရးပညာရွင္ေတြက သတိေပး ေျပာဆိုေနပါတယ္။

မ်ိဳးကြဲစိတ္သစ္ (BA.2) က အရင္ မူလမ်ိဳးကြဲ (BA.1) ထက္ ပိုကူးစက္ျမန္တာကို ေတြ႔ရွိထားၿပီး၊ ေဆးစစ္တာကေန လြတ္သြားႏိုင္ေပမဲ့၊ ပိုျပင္းထန္မူ ရွိမရွိကိုေတာ့ ေလ့လာေနဆဲျဖစ္ပါတယ္။ လက္ေတြ႔မွာေတာ့ အေမရိကန္အပါအဝင္ အေနာက္ႏိုင္ငံေတြဘက္မွာ ဒီမ်ိဳးကြဲစိတ္သစ္ေတြ႔တာ တျဖည္းျဖည္းမ်ားလာေနေပမဲ့၊ အႀကီးအက်ယ္ လႊမ္းမိုးမူ မေတြ႔ရေသးဘဲ ကူးစက္မူ စၿငိမ္လာေနပါတယ္။ ဒါေပမဲ့ အေနာက္ႏိုင္ငံေတြနဲ႔ယွဥ္လွ်င္ ေယဘူယ်အားျဖင့္ ကာကြယ္ေဆးထိုးမူ အားနည္းေနေသးတဲ့ အာရွဘက္ အခ်ဳိ ႔ႏိုင္ငံေတြမွာေတာ့ ဒီမ်ိဳးကြဲစိတ္သစ္ ကူးစက္မူ ျမင့္မားလာေနခ်ိန္မွာ ျမန္မာႏိုင္ငံအတြက္လည္း သတိျပဳစရာ ျဖစ္လာေနပါတယ္။ အထူးသျဖင့္ တကမာၻလုံးနီးပါးမွာ ကိုဗစ္ထိန္းခ်ဳပ္မူေတြကို ေျဖေလွ်ာ့လာေန (ဥပမာ ပါးစပ္နဲ႔ႏွာေခါင္းစည္း မ်က္ႏွာဖုံး Mask တပ္တာ အေမရိကန္မွာ မျဖစ္မေန မလိုေတာ့) ခ်ိန္မွာ ၊ အဓိက ကူးစက္မူျဖစ္ေစတဲ့ လူစုလူေဝး ႀကဳံတာနဲ႔ ကာကြယ္မူေပါ့ေလ်ာ့တာေတြနဲ႔ တိုက္ဆိုင္မွာကို စိုးရိမ္ရပါတယ္။

ဒါ့အျပင္ အာရွႏိုင္ငံအမ်ားစုမွာ အေနာက္ႏိုင္ငံေတြနဲ႔ယွဥ္လွ်င္ ေယ်ဘူယ်အားျဖင့္ ကိုဗစ္ကုသေဆး အဆင့္မ်ိဳးစုံ ရရွိႏိုင္မူကလည္း အားနည္းေနခ်ိန္မွာ၊ ျမန္မာအတြက္လည္း ပိုသတိထားစရာပါ။ အထူးသျဖင့္ ကိုဗစ္ပိုးေတြ႔ရွိမူ ျပန္ၿငိမ္တဲ့သေဘာ ျဖစ္လာခ်ိန္မွာ ကိုဗစ္ျပန္မျဖစ္ေတာ့ဘူးထင္ၿပီး၊ ပြဲေတြလမ္းေတြနီးလာခ်ိန္ ေပါ့ဆသြားၾကမွာကို အထူးစိုးရိမ္ရတာပါ။ ဒါေၾကာင့္ ပုံမွန္ကာကြယ္ေရးေတြျဖစ္တဲ့ ပါးစပ္နဲ႔ႏွာေခါင္းစည္းမ်က္ႏွာဖုံး (Mask) တပ္တာ၊ လက္ေဆးတာ၊ အထူးသျဖင့္ လူစုလူေဝးပြဲလမ္းသဘင္ေတြကို ဆက္ေရွာင္က်ဥ္တာေတြ ပိုၿပီးဆက္လုပ္ေပးသင့္ပါတယ္။ တခ်ိန္ထဲမွာ ကိုဗစ္ကာကြယ္ေဆး မထိုးရေသးသူေတြ ထိုးခြင့္ရတာနဲ႔ မလြတ္တမ္းထိုးထားဖို႔နဲ႔၊ အရင္ ကာကြယ္ေဆးထိုးထားၿပီးသူေတြလည္း ကာလတခု (၆-၈ လခန႔္) အၾကာမွာ အာနိသင္က်သြားေလ့ရွိတာေၾကာင့္၊ ေနာက္ထပ္ အားျဖည့္ကာကြယ္ေဆး (Booster) ေတြ ျဖစ္ႏိုင္လွ်င္ ထိုးထားသင့္ပါတယ္။

ေနာက္ တစ္ခုအေရးႀကီးတာက အခု မ်ိဳးကြဲသစ္ Omicron BA.2 ရဲ႕ထူးျခားမူျဖစ္တဲ့ ေဆးစစ္မူကေန လြတ္သြားႏိုင္ေျခ ရွိေနတာမို႔၊ ကိုဗစ္သံသယ ေရာဂါလကၡဏာ ေတြရွိေနလွ်င္ ေဆးစစ္တာမွာ မေတြ႔တာနဲ႔ အကူးမခံရဘူးထင္ကာ မေပါ့ဆလိုက္သင့္ပါဘူး။ အထူးသျဖင့္ အျမန္စစ္တဲ့နည္း Rapid/ Antigen Test နဲ႔ စစ္ရာမွာ ဒီမ်ိဳးစိတ္သစ္ကို ပိုလြတ္သြားႏိုင္တာ ေတြ႔ရွိထားပါတယ္။ ဒါေၾကာင့္ ကိုဗစ္သံသယလကၡဏာေတြ ရွိထားၿပီး အရင္ ကိုဗစ္ပိုး ကူးစက္ခံခဲ့ရသူနဲ႔ ထိေတြ႔တဲ့ ေနာက္ေၾကာင္းရွိထားလွ်င္ေတာ့၊ အျပင္မထြက္ဘဲ အနည္းဆုံး (၅) ရက္ သီးသန႔္ခြဲေနထိုင္စားေသာက္သင့္ပါတယ္။ ဒါမွသာ တျခားအနီးနားက သူေတြကို ဆက္ကူးစက္ႏိုင္မူကေန ကာကြယ္ေပးႏိုင္မွာပါ။

ဒီအေၾကာင္း ပိုမုိသိရိွနားလည္ႏိုင္ဖို႔ ကိုဝင္းမင္း က အေမရိကန္ႏိုင္ငံ ေမရီလန္းျပည္နယ္ Frederick Health ေဆး႐ုံမွာ တာဝန္ထမ္းေဆာင္ေနတဲ့ ကူးစက္ေရာဂါအထူးကု ေဒါက္တာခိုင္ဇင္ဆန္း ကို ဆက္သြယ္ေမးျမန္းထားပါတယ္။

== Unicode ==

မြန်မာနိုင်ငံထဲမှာ ကိုဗစ်မျိုးကွဲ Omicron မူလမျိုးစိတ် (BA.1) ကြောင့် စတုတ္ထလှိုင်းဒဏ် ကြုံခဲ့ရပြီး၊ အခု နောက်မျိုးကွဲစိတ် (BA.2) ပြီးခဲ့တဲ့ရက်အတွင်းမှာပဲ ထပ်တွေ့လာတာကို မပေါ့ဆဖို့ ကျန်းမာရေးပညာရှင်တွေက သတိပေး ပြောဆိုနေပါတယ်။

မျိုးကွဲစိတ်သစ် (BA.2) က အရင် မူလမျိုးကွဲ (BA.1) ထက် ပိုကူးစက်မြန်တာကို တွေ့ရှိထားပြီး၊ ဆေးစစ်တာကနေ လွတ်သွားနိုင်ပေမဲ့၊ ပိုပြင်းထန်မူ ရှိမရှိကိုတော့ လေ့လာနေဆဲဖြစ်ပါတယ်။ လက်တွေ့မှာတော့ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေဘက်မှာ ဒီမျိုးကွဲစိတ်သစ်တွေ့တာ တဖြည်းဖြည်းများလာနေပေမဲ့၊ အကြီးအကျယ် လွှမ်းမိုးမူ မတွေ့ရသေးဘဲ ကူးစက်မူ စငြိမ်လာနေပါတယ်။ ဒါပေမဲ့ အနောက်နိုင်ငံတွေနဲ့ယှဉ်လျှင် ယေဘူယျအားဖြင့် ကာကွယ်ဆေးထိုးမူ အားနည်းနေသေးတဲ့ အာရှဘက် အချို့နိုင်ငံတွေမှာတော့ ဒီမျိုးကွဲစိတ်သစ် ကူးစက်မူ မြင့်မားလာနေချိန်မှာ မြန်မာနိုင်ငံအတွက်လည်း သတိပြုစရာ ဖြစ်လာနေပါတယ်။ အထူးသဖြင့် တကမ္ဘာလုံးနီးပါးမှာ ကိုဗစ်ထိန်းချုပ်မူတွေကို ဖြေလျှော့လာနေ (ဥပမာ ပါးစပ်နဲ့နှာခေါင်းစည်း မျက်နှာဖုံး Mask တပ်တာ အမေရိကန်မှာ မဖြစ်မနေ မလိုတော့) ချိန်မှာ ၊ အဓိက ကူးစက်မူဖြစ်စေတဲ့ လူစုလူဝေး ကြုံတာနဲ့ ကာကွယ်မူပေါ့လျော့တာတွေနဲ့ တိုက်ဆိုင်မှာကို စိုးရိမ်ရပါတယ်။

ဒါ့အပြင် အာရှနိုင်ငံအများစုမှာ အနောက်နိုင်ငံတွေနဲ့ယှဉ်လျှင် ယျေဘူယျအားဖြင့် ကိုဗစ်ကုသဆေး အဆင့်မျိုးစုံ ရရှိနိုင်မူကလည်း အားနည်းနေချိန်မှာ၊ မြန်မာအတွက်လည်း ပိုသတိထားစရာပါ။ အထူးသဖြင့် ကိုဗစ်ပိုးတွေ့ရှိမူ ပြန်ငြိမ်တဲ့သဘော ဖြစ်လာချိန်မှာ ကိုဗစ်ပြန်မဖြစ်တော့ဘူးထင်ပြီး၊ ပွဲတွေလမ်းတွေနီးလာချိန် ပေါ့ဆသွားကြမှာကို အထူးစိုးရိမ်ရတာပါ။ ဒါကြောင့် ပုံမှန်ကာကွယ်ရေးတွေဖြစ်တဲ့ ပါးစပ်နဲ့နှာခေါင်းစည်းမျက်နှာဖုံး (Mask) တပ်တာ၊ လက်ဆေးတာ၊ အထူးသဖြင့် လူစုလူဝေးပွဲလမ်းသဘင်တွေကို ဆက်ရှောင်ကျဉ်တာတွေ ပိုပြီးဆက်လုပ်ပေးသင့်ပါတယ်။ တချိန်ထဲမှာ ကိုဗစ်ကာကွယ်ဆေး မထိုးရသေးသူတွေ ထိုးခွင့်ရတာနဲ့ မလွတ်တမ်းထိုးထားဖို့နဲ့၊ အရင် ကာကွယ်ဆေးထိုးထားပြီးသူတွေလည်း ကာလတခု (၆-၈ လခန့်) အကြာမှာ အာနိသင်ကျသွားလေ့ရှိတာကြောင့်၊ နောက်ထပ် အားဖြည့်ကာကွယ်ဆေး (Booster) တွေ ဖြစ်နိုင်လျှင် ထိုးထားသင့်ပါတယ်။

နောက် တစ်ခုအရေးကြီးတာက အခု မျိုးကွဲသစ် Omicron BA.2 ရဲ့ထူးခြားမူဖြစ်တဲ့ ဆေးစစ်မူကနေ လွတ်သွားနိုင်ခြေ ရှိနေတာမို့၊ ကိုဗစ်သံသယ ရောဂါလက္ခဏာ တွေရှိနေလျှင် ဆေးစစ်တာမှာ မတွေ့တာနဲ့ အကူးမခံရဘူးထင်ကာ မပေါ့ဆလိုက်သင့်ပါဘူး။ အထူးသဖြင့် အမြန်စစ်တဲ့နည်း Rapid/ Antigen Test နဲ့ စစ်ရာမှာ ဒီမျိုးစိတ်သစ်ကို ပိုလွတ်သွားနိုင်တာ တွေ့ရှိထားပါတယ်။ ဒါကြောင့် ကိုဗစ်သံသယလက္ခဏာတွေ ရှိထားပြီး အရင် ကိုဗစ်ပိုး ကူးစက်ခံခဲ့ရသူနဲ့ ထိတွေ့တဲ့ နောက်ကြောင်းရှိထားလျှင်တော့၊ အပြင်မထွက်ဘဲ အနည်းဆုံး (၅) ရက် သီးသန့်ခွဲနေထိုင်စားသောက်သင့်ပါတယ်။ ဒါမှသာ တခြားအနီးနားက သူတွေကို ဆက်ကူးစက်နိုင်မူကနေ ကာကွယ်ပေးနိုင်မှာပါ။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ် Frederick Health ဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ ကူးစက်ရောဂါအထူးကု ဒေါက်တာခိုင်ဇင်ဆန်း ကို ဆက်သွယ်မေးမြန်းထားပါတယ်။

XS
SM
MD
LG