သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကိုယ္ခံအားနဲ႔ ကာကြယ္ေဆး အႀကံျပဳခ်က္


ကိုဗစ္ကိုယ္ခံအားနဲ႔ ကာကြယ္ေဆး အႀကံျပဳခ်က္
please wait

No media source currently available

0:00 0:07:00 0:00
တိုက္႐ိုက္ လင့္ခ္

ကိုဗစ္-19 ေရာဂါ လူအမ်ားမွာျဖစ္အၿပီး၊ ကိုယ္ခံအားေတြရလာေပမဲ့၊ လပိုင္းေတြအတြင္း ျပန္ေလ်ာ့က်သြားတာမို႔ ကာကြယ္ေဆး ဆက္ထိုးဖို႔အေရးႀကီးတယ္လို႔ က်န္းမာေရးပညာရွင္ေတြက အႀကံျပဳေျပာဆိုပါတယ္။

ႏိုင္ငံတကာ အေတြ႔အႀကံဳေတြအရ လူအမ်ားအျပားမွာ ကိုဗစ္ျဖစ္ခဲ့ၿပီး၊ ကိုယ္ခံအား တစုံတရာရလာေပမဲ့၊ လပိုင္းအနည္းငယ္အတြင္း တျဖည္းျဖည္း ျပန္ေလ်ာ့သြားတာကို ေတြ႔ရွိထားပါတယ္။ အေမရိကန္ႏိုင္ငံက ေဝးလံေခါင္ဖ်ားတဲ့ ေတာင္ဒါကိုတာျပည္နယ္ (South Dakota) မွာ ဒီႏွစ္ဆန္းပိုင္းက ဆိုင္ကယ္ျပပြဲႀကီးတခုကေန လူအမ်ားအျပား ကူးစက္ခဲ့ၿပီး၊ ပုံမွန္ကာကြယ္ေရး (Mask ပါးစပ္ႏွာေခါင္းစည္းတပ္၊ လက္ေဆး၊ ခပ္ခြာခြာေန) နဲ႔ ကာကြယ္ေဆးေတြ (လူဦးေရရဲ႕ ၃၀% သာရခဲ့) အေလးမေပးခဲ့ရာကေန၊ ႏွစ္လယ္ေနာက္ပိုင္းမွာေတာ့ Delta မ်ိဳးကြဲသစ္ ေပၚလာတာနဲ႔အတူ ပိုးကူးစက္သူေတြ ျပန္မ်ားသြားခဲ့ရပါတယ္။ ဒါေၾကာင့္ ျမန္မာႏိုင္ငံမွာ ကိုဗစ္အျဖစ္မ်ားခဲ့အၿပီးမွာ ကိုယ္ခံအားရၿပီး၊ ဆက္အကူးမခံရႏိုင္ေတာ့ဘူးလို႔ မွားယြင္းမယူဆၾကဘဲ၊ ကိုဗစ္ကာကြယ္ေဆးကို ေနာက္ဆက္တြဲ ဆက္ထိုးၾကဖို႔ အထူးအေရးႀကီးပါတယ္။ ဒါဆို ကိုယ္ခံအား ပိုေကာင္းလာေလ့ ရွိပါတယ္။

ဒါ့အျပင္ ကိုဗစ္ကာကြယ္ေဆး ထိုးရာမွာလည္း ၿမိဳ ႔ေရာနယ္ပါ လူတိုင္း မွ်တေအာင္ထိုးဖို႔ အလြန္အေရးႀကီးပါတယ္။ အေမရိကန္ေရာ အဂၤလန္မွာပါ အသက္အႀကီးဆုံးသူေတြကေန ေအာက္တစ္ဆင့္စီကို အသုတ္လိုက္ ထိုးေပးတာတူေပမဲ့၊ အခုလို တစ္ႏိုင္ငံလုံးမွ်တဖို႔ေတာ့ အားစိုက္လုပ္မူ ကြာသြားခဲ့ပါတယ္။ အဂၤလန္ႏိုင္ငံမွာ ကိုဗစ္ကာကြယ္ေဆး (AstraZeneca ေခၚ ျမန္မာမွာသုံးတဲ့ အိႏၵိယထုတ္ Covishield) ကို အခုလို ၿမိဳ ႔ျပေရာ ေဝလံေခါင္ဖ်ားတဲ့ ေက်းလက္ေတြမွာပါ အားလုံးမွ်မွ်တတရေအာင္ ဗ်ဴဟာခ် အေလးအနက္ ထိုးေပးခဲ့တာေၾကာင့္၊ အခု လူဦးေရရဲ႕ ၈၀% ေက်ာ္ ထိုးၿပီးသြားၿပီး ကိုဗစ္ေသႏႈန္း သိသိသာသာ က်လာေနပါတယ္။ ဒါေတာင္ အဂၤလန္မွာ ဒီေဆး (AstraZeneca/ Covishield) ကို (၁၈) ႏွစ္အထက္ေတြကိုသာ စိတ္ခ် ထိေရာက္လို႔ ထိုးေပးေနပါေသးတယ္။ ဒါေပမဲ့ အေမရိကန္မွာေတာ့ အလားတူ ေတာေရာၿမိဳ ႔ပါမွ်ေအာင္ အားစိုက္ မထိုးခဲ့တာေၾကာင့္ ကာကြယ္ေဆး လႊမ္းၿခဳံမူက နယူးေယာက္ၿမိဳ ႔ႀကီးမွာေတာင္ (၇၀)% မျပည့္ေသးဘဲ၊ အထူးသျဖင့္ ကာကြယ္ေဆး လႊမ္းၿခံဳမူနည္းတဲ့ေဒသေတြမွာ အမ်ားအျပားကူးစက္ ေသဆုံးေနရပါေသးတယ္။ အခုေတာ့၊ အဂၤလန္ႏိုင္ငံကို အတုယူၿပီး နယူးေယာက္အပါအဝင္ အေမရိကန္က ျပည္နယ္တခ်ိဳ ႔မွာ မရွိမျဖစ္ လုပ္သားနဲ႔ ကူးစက္ခံလြယ္သူ (ဥပမာ ေဆးဝန္ထမ္း၊ မီးသတ္ စတဲ့အေရးေပၚလုပ္သား) ေတြကို ကာကြယ္ေဆး မျဖစ္မေနထိုးၾကဖို႔ အမိန႔္ေတြထုတ္လာေပမဲ့ မထုတ္ေသးတဲ့ ျပည္နယ္ေတြလည္း ရွိေနပါေသးတယ္။

ဒါေၾကာင့္ ျမန္မာႏိုင္ငံမွာလည္း လက္ရွိကာကြယ္ေဆးထိုးလုပ္ငန္းကို ၿမိဳ ႔ေပၚလူတန္းစားအျပင္ ေက်းလက္လူတန္းစားေတြကိုပါ မွ်မွ်တတနဲ႔ လူအမ်ားအေလးေပး ထိုးလာေအာင္ အေလးအနက္အားစိုက္ လုပ္သင့္ပါတယ္။ အကယ္၍ ကာကြယ္ေဆးထိုးထားလွ်င္ေတာ့ ကူးစက္ခံရလွ်င္ေတာင္ မျပင္းထန္တဲ့ သာမန္လကၡဏာေတြ (ဖ်ားတာ၊ ကိုယ္လက္ကိုက္တာ၊ ႏုံးတာ၊ အစာမစားခ်င္တာ၊ စတာမ်ိဳး) သာ ရက္အနည္းငယ္ပဲျဖစ္ၿပီး လူေကာင္းပကတိ ျပန္သက္သာလာႏိုင္ေပမဲ့၊ ကာကြယ္ေဆး မထိုးထားလွ်င္ေတာ့ ရက္ေတြၾကာအျပင္းအထန္ ခံရႏိုင္တာအျပင္ အထူးသျဖင့္ သက္ႀကီးနဲ႔ အဝလြန္သူေတြ၊ ေရာဂါအခံ (ေက်ာက္ကပ္၊ ေသြးတိုး၊ႏွလုံး၊ဆီးခ်ိဳ စတာ) ရွိသူေတြမွာ အသက္အႏၲရာယ္အထိ ရွိတတ္ပါတယ္။

ဒါ့အျပင္ ျမန္မာျပည္မွာက ကာကြယ္ေဆးရႏိုင္မူ တျခားႏိုင္ငံႀကီးေတြနဲ႔ယွဥ္လွ်င္ နည္းေနေသးခ်ိန္မွာ၊ ကာကြယ္ေဆး အျပည့္ထိုးၿပီးသူေတြအေနနဲ႔ေတာ့ ထပ္ေဆာင္းအားျဖည့္ ကာကြယ္ေဆးထိုးမဲ့အစား၊ ပုံမွန္ကာကြယ္ေရးနည္းေတြျဖစ္တဲ့ Mask ပါးစပ္ႏွာေခါင္းစည္းတပ္၊ လက္ေဆး၊ ခပ္ခြာခြာေနတာေတြနဲ႔ ဆက္ကာကြယ္သင့္ပါတယ္။ အေၾကာင္းက ကာကြယ္ေဆး ေနာက္တစ္လုံး အားျဖည့္ထိုးေပမဲ့ ဒီပုံမွန္ကာကြယ္ေရးေတြ မလုပ္လွ်င္ ကူးစက္ခံႏိုင္ေသးလို႔ပါ။ ေရာဂါလကၡဏာမျပပဲ ပိုးသယ္ေဆာင္သူေတြ ပတ္ဝန္းက်င္မွာ ရွိေကာင္းရွိေနႏိုင္လို႔ပါ။ လူတိုင္းအတြက္ အထူးသျဖင့္ ေဆး႐ုံဝန္ထမ္းေတြအေနနဲ႔ ကာကြယ္ေဆးအျပည့္နဲ႔ ထပ္ေဆာင္းထိုးၿပီးသူေတြေတာင္၊ ဒီပုံမွန္ကာကြယ္ေရးေတြအျပည့္ ဆက္လုပ္ဖို႔အေရးႀကီးပါတယ္။ ႏိုင္ငံတကာမွာလည္း ဒီလိုလူမ်ိဳးေတြ ဆက္ကူးစက္ခံေနရေသးလို႔ပါ။

ဒီအေၾကာင္းပိုမိုသိိရိွနားလည္ႏိုင္ဖို႔ ကိုဝင္းမင္းက နယူးေယာက္ၿမိဳ.မွာ ကိုဗစ္လူနာေတြကို ကိုင္တြယ္ကုသေပးေနၿပီး၊ ျမန္မာျပည္က လူနာေတြကိုလည္း ဖုန္းကတဆင့္ ကူသေပးေနတဲ့၊ ကူးစက္ေရာဂါအထူးကု ေဒါက္တာေဇယ်ာသက္, ကို ဆက္သြယ္ေမးျမန္းထားပါတယ္။

==Unicode==

ကိုဗစ်-19 ရောဂါ လူအများမှာဖြစ်အပြီး၊ ကိုယ်ခံအားတွေရလာပေမဲ့၊ လပိုင်းတွေအတွင်း ပြန်လျော့ကျသွားတာမို့ ကာကွယ်ဆေး ဆက်ထိုးဖို့အရေးကြီးတယ်လို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုပြောဆိုပါတယ်။

နိုင်ငံတကာ အတွေ့အကြုံတွေအရ လူအများအပြားမှာ ကိုဗစ်ဖြစ်ခဲ့ပြီး၊ ကိုယ်ခံအား တစုံတရာရလာပေမဲ့၊ လပိုင်းအနည်းငယ်အတွင်း တဖြည်းဖြည်း ပြန်လျော့သွားတာကို တွေ့ရှိထားပါတယ်။ အမေရိကန်နိုင်ငံက ဝေးလံခေါင်ဖျားတဲ့ တောင်ဒါကိုတာပြည်နယ် (South Dakota) မှာ ဒီနှစ်ဆန်းပိုင်းက ဆိုင်ကယ်ပြပွဲကြီးတခုကနေ လူအများအပြား ကူးစက်ခဲ့ပြီး၊ ပုံမှန်ကာကွယ်ရေး (Mask ပါးစပ်နှာခေါင်းစည်းတပ်၊ လက်ဆေး၊ ခပ်ခွာခွာနေ) နဲ့ ကာကွယ်ဆေးတွေ (လူဦးရေရဲ့ ၃၀% သာရခဲ့) အလေးမပေးခဲ့ရာကနေ၊ နှစ်လယ်နောက်ပိုင်းမှာတော့ Delta မျိုးကွဲသစ် ပေါ်လာတာနဲ့အတူ ပိုးကူးစက်သူတွေ ပြန်များသွားခဲ့ရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ကိုဗစ်အဖြစ်များခဲ့အပြီးမှာ ကိုယ်ခံအားရပြီး၊ ဆက်အကူးမခံရနိုင်တော့ဘူးလို့ မှားယွင်းမယူဆကြဘဲ၊ ကိုဗစ်ကာကွယ်ဆေးကို နောက်ဆက်တွဲ ဆက်ထိုးကြဖို့ အထူးအရေးကြီးပါတယ်။ ဒါဆို ကိုယ်ခံအား ပိုကောင်းလာလေ့ ရှိပါတယ်။

ဒါ့အပြင် ကိုဗစ်ကာကွယ်ဆေး ထိုးရာမှာလည်း မြို့ရောနယ်ပါ လူတိုင်း မျှတအောင်ထိုးဖို့ အလွန်အရေးကြီးပါတယ်။ အမေရိကန်ရော အင်္ဂလန်မှာပါ အသက်အကြီးဆုံးသူတွေကနေ အောက်တစ်ဆင့်စီကို အသုတ်လိုက် ထိုးပေးတာတူပေမဲ့၊ အခုလို တစ်နိုင်ငံလုံးမျှတဖို့တော့ အားစိုက်လုပ်မူ ကွာသွားခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေး (AstraZeneca ခေါ် မြန်မာမှာသုံးတဲ့ အိန္ဒိယထုတ် Covishield) ကို အခုလို မြို့ပြရော ဝေလံခေါင်ဖျားတဲ့ ကျေးလက်တွေမှာပါ အားလုံးမျှမျှတတရအောင် ဗျူဟာချ အလေးအနက် ထိုးပေးခဲ့တာကြောင့်၊ အခု လူဦးရေရဲ့ ၈၀% ကျော် ထိုးပြီးသွားပြီး ကိုဗစ်သေနှုန်း သိသိသာသာ ကျလာနေပါတယ်။ ဒါတောင် အင်္ဂလန်မှာ ဒီဆေး (AstraZeneca/ Covishield) ကို (၁၈) နှစ်အထက်တွေကိုသာ စိတ်ချ ထိရောက်လို့ ထိုးပေးနေပါသေးတယ်။ ဒါပေမဲ့ အမေရိကန်မှာတော့ အလားတူ တောရောမြို့ပါမျှအောင် အားစိုက် မထိုးခဲ့တာကြောင့် ကာကွယ်ဆေး လွှမ်းခြုံမူက နယူးယောက်မြို့ကြီးမှာတောင် (၇၀)% မပြည့်သေးဘဲ၊ အထူးသဖြင့် ကာကွယ်ဆေး လွှမ်းခြုံမူနည်းတဲ့ဒေသတွေမှာ အများအပြားကူးစက် သေဆုံးနေရပါသေးတယ်။ အခုတော့၊ အင်္ဂလန်နိုင်ငံကို အတုယူပြီး နယူးယောက်အပါအဝင် အမေရိကန်က ပြည်နယ်တချို့မှာ မရှိမဖြစ် လုပ်သားနဲ့ ကူးစက်ခံလွယ်သူ (ဥပမာ ဆေးဝန်ထမ်း၊ မီးသတ် စတဲ့အရေးပေါ်လုပ်သား) တွေကို ကာကွယ်ဆေး မဖြစ်မနေထိုးကြဖို့ အမိန့်တွေထုတ်လာပေမဲ့ မထုတ်သေးတဲ့ ပြည်နယ်တွေလည်း ရှိနေပါသေးတယ်။

ဒါကြောင့် မြန်မာနိုင်ငံမှာလည်း လက်ရှိကာကွယ်ဆေးထိုးလုပ်ငန်းကို မြို့ပေါ်လူတန်းစားအပြင် ကျေးလက်လူတန်းစားတွေကိုပါ မျှမျှတတနဲ့ လူအများအလေးပေး ထိုးလာအောင် အလေးအနက်အားစိုက် လုပ်သင့်ပါတယ်။ အကယ်၍ ကာကွယ်ဆေးထိုးထားလျှင်တော့ ကူးစက်ခံရလျှင်တောင် မပြင်းထန်တဲ့ သာမန်လက္ခဏာတွေ (ဖျားတာ၊ ကိုယ်လက်ကိုက်တာ၊ နုံးတာ၊ အစာမစားချင်တာ၊ စတာမျိုး) သာ ရက်အနည်းငယ်ပဲဖြစ်ပြီး လူကောင်းပကတိ ပြန်သက်သာလာနိုင်ပေမဲ့၊ ကာကွယ်ဆေး မထိုးထားလျှင်တော့ ရက်တွေကြာအပြင်းအထန် ခံရနိုင်တာအပြင် အထူးသဖြင့် သက်ကြီးနဲ့ အဝလွန်သူတွေ၊ ရောဂါအခံ (ကျောက်ကပ်၊ သွေးတိုး၊နှလုံး၊ဆီးချို စတာ) ရှိသူတွေမှာ အသက်အန္တရာယ်အထိ ရှိတတ်ပါတယ်။

ဒါ့အပြင် မြန်မာပြည်မှာက ကာကွယ်ဆေးရနိုင်မူ တခြားနိုင်ငံကြီးတွေနဲ့ယှဉ်လျှင် နည်းနေသေးချိန်မှာ၊ ကာကွယ်ဆေး အပြည့်ထိုးပြီးသူတွေအနေနဲ့တော့ ထပ်ဆောင်းအားဖြည့် ကာကွယ်ဆေးထိုးမဲ့အစား၊ ပုံမှန်ကာကွယ်ရေးနည်းတွေဖြစ်တဲ့ Mask ပါးစပ်နှာခေါင်းစည်းတပ်၊ လက်ဆေး၊ ခပ်ခွာခွာနေတာတွေနဲ့ ဆက်ကာကွယ်သင့်ပါတယ်။ အကြောင်းက ကာကွယ်ဆေး နောက်တစ်လုံး အားဖြည့်ထိုးပေမဲ့ ဒီပုံမှန်ကာကွယ်ရေးတွေ မလုပ်လျှင် ကူးစက်ခံနိုင်သေးလို့ပါ။ ရောဂါလက္ခဏာမပြပဲ ပိုးသယ်ဆောင်သူတွေ ပတ်ဝန်းကျင်မှာ ရှိကောင်းရှိနေနိုင်လို့ပါ။ လူတိုင်းအတွက် အထူးသဖြင့် ဆေးရုံဝန်ထမ်းတွေအနေနဲ့ ကာကွယ်ဆေးအပြည့်နဲ့ ထပ်ဆောင်းထိုးပြီးသူတွေတောင်၊ ဒီပုံမှန်ကာကွယ်ရေးတွေအပြည့် ဆက်လုပ်ဖို့အရေးကြီးပါတယ်။ နိုင်ငံတကာမှာလည်း ဒီလိုလူမျိုးတွေ ဆက်ကူးစက်ခံနေရသေးလို့ပါ။

ဒီအကြောင်းပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက နယူးယောက်မြို.မှာ ကိုဗစ်လူနာတွေကို ကိုင်တွယ်ကုသပေးနေပြီး၊ မြန်မာပြည်က လူနာတွေကိုလည်း ဖုန်းကတဆင့် ကူသပေးနေတဲ့၊ ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက်, ကို ဆက်သွယ်မေးမြန်းထားပါတယ်။

XS
SM
MD
LG