သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္အၿပီး အိပ္မရတာ ေျဖေဖ်ာက္နည္း


Volunteers treat a coronavirus (COVID-19) patient in the town of Kale
ကိုဗစ္အၿပီး အိပ္မရတာ ေျဖေဖ်ာက္နည္း
please wait

No media source currently available

0:00 0:07:00 0:00
တိုက္႐ိုက္ လင့္ခ္

ကိုဗစ္-19 ျဖစ္အၿပီး၊ အိပ္မရတာအတြက္ ေျဖေဖ်ာက္နည္းေတြရွိေပမဲ့၊ အက်ိဳးဆက္ကိုလည္း သတိျပဳမိဖို႔၊ က်န္းမာေရးပညာရွင္ေတြက ေထာက္ျပအႀကံျပဳထားၾကပါတယ္။

ေျဖေဖ်ာက္နည္းတစ္ခုကေတာ့ ပုံမွန္မဟုတ္တဲ့ အေျပာင္းအလဲေၾကာင့္ ျဖစ္လာတဲ့ ဒဏ္ကို လက္ခံလိုက္ဖို႔ပါ။ ဥပမာအားျဖင့္ ကိုဗစ္ကူးစက္မူကို စိုးရိမ္ၿပီး၊ အရင္လို လူအခ်င္းခ်င္း ပုံမွန္ေတြ႔ဆုံမူေတြ (Human Contact) မရွိေတာ့တဲ့ ဒဏ္ခံရတာမ်ိဳးအတြက္ပါ။ ဒါေပမဲ့ ကိုယ္တိုင္ကိုဗစ္ျဖစ္ခဲ့တာမို႔၊ မိမိကိုသာ ေရွာင္က်ဥ္သြားၾကၿပီလားလို႔ မွားယြင္းစဥ္းစားမိကာ ဒီဒဏ္ကို ပိုဆိုးသြားတတ္ပါတယ္။ တကယ္က မိမိနဲ႔တင္မကပဲ၊ အခ်င္းခ်င္းေတြ႔ဆုံမူေတြအားလုံး မရွိေတာ့တာက အခုလို ေရာဂါကူးစက္ခ်ိန္မွာ ပုံမွန္ျဖစ္တတ္တာကို နားလည္ၿပီး၊ ဒီဒဏ္ကို ေက်ာ္လႊားႏိုင္ေအာင္ လက္ခံလိုက္ဖို႔ပါ။ ဒါကို Acceptance Therapy (လက္ခံျခင္းျဖင့္ ေျဖေဖ်ာက္မူ) လို႔လည္း ေခၚႏိုင္ပါတယ္။ ဥပမာ နာက်င္တဲ့ဒဏ္ကို နာတယ္လို႔သာ ဆက္တုံ႔ျပန္ျခင္းျဖင့္ ပိုနာႏိုင္ခ်ိန္မွာ၊ ဒီနာတာကို လက္ခံလိုက္လွ်င္ေတာ့ နာက်င္တာ သက္သာေစႏိုင္ၿပီး၊ တခ်ိန္ျပန္သက္သာလာႏိုင္တာကိုျမင္ကာ ပူပန္ေသာကလည္း ေလ်ာ့က်သြားၿပီး သက္သာမူရႏိုင္ပါတယ္။

ေနာက္ေျဖေဖ်ာက္နည္းကေတာ့ တကယ္မဟုတ္တဲ့ အခုလိုအေတြးမွားေတြကို တကယ္လက္ေတြ႔ျဖစ္တာနဲ႔ ျပန္ေျပာင္းယူဖို႔ပါ။ ဒီအေတြးမွားကို ျပန္တြန္းလွန္ၿပီး (Cognitive Re-challenge) ကိုယ့္ကိုယ္ကို ျပန္ေမးခြန္းထုတ္ဖို႔ လိုပါတယ္။ တျခား မိတ္ေဆြအေပါင္းအသင္းနဲ႔ မိသားစုေတြကလည္း ဒီလမ္းေၾကာင္းအတိုင္း ကူညီေမးခြန္းထုတ္ေပးၿပီး ျပဳျပင္ေပးသင့္ပါတယ္။ ဥပမာ တကယ္ေရာ ကိုယ့္ကို ေရွာင္က်ဥ္သူေတြရွိလာလား။ သူတို႔အေနနဲ႔ လာေတြ႔ဖို႔ အခြင့္အခါေကာင္းကို ေစာင့္ေနတာလား စသည္ျဖင့္ ေမးခြန္းေတြကို ျပန္စဥ္းစားၾကည့္သင့္ပါတယ္။ အကယ္၍ မိမိကိုယ္ ေရွာင္ေနၾကၿပီလို႔ အဆိုးျမင္အဆင့္မွာသာ ရပ္ထားမိလွ်င္ေတာ့ စိတ္က်မူပိုျဖစ္ၿပီး အိပ္ေရးပ်က္တာ ပိုဆိုးေစႏိုင္ပါတယ္။ ဒါေပမဲ့ မိမိမိတ္ေဆြေတြအေနနဲ႔ တကယ္တမ္းက လာေတြ႔ဖို႔အခြင့္အခါေကာင္းေစာင့္ေနတာလို႔၊ လက္ေတြ႔မွန္ေလ့ရွိတဲ့ အျမင္မ်ိဳးေျပာင္းလာလွ်င္ေတာ့၊ ခ်စ္ခင္သူေတြဆက္ရွိေနတာအတြက္ စိတ္ခြန္အားျဖစ္ေစၿပီး ျပန္သက္သာေစႏိုင္ပါတယ္။ ဒါကို Cognitive Behavior Therapy (ျပဳမူစဥ္းစား မူမွန္ေအာင္ေျပာင္းယူျခင္း ကုစားမူ) လို႔လည္း ေခၚပါတယ္။ ဒါေတြကို စိတ္ပိုင္းဆိုင္ရာ ပညာရွင္ေတြ တိုင္ပင္ေဆြးေႏြးတဲ့နည္းနဲ႔ ကုစားေပးႏိုင္သလို၊ မိတ္ေဆြေတြနဲ႔ မိသားစုေတြကလည္း ဒီနည္းနဲ႔ သတိျပဳမိေအာင္ ကူညီေဆြးေႏြးေပးႏိုင္ပါတယ္။

အလားတူ စိတ္ဒဏ္ရာ ျပင္းျပင္းထန္ထန္ရၿပီး၊ အခ်ိန္ပိုင္းအရ မွားယြင္းေရာေထြးမိႏိုင္တဲ့အတြက္လည္း၊ လက္ရွိပစၥဳပၸန္အေျခအေန ျပန္ေရာက္ေအာင္ ေျပာင္းယူႏိုင္ပါတယ္။ ေသလုေမ်ာပါးျဖစ္ခဲ့တာေၾကာင့္ စိတ္ဒဏ္ရာႀကီးေတြ ျဖစ္လာခ်ိန္မွာ၊ သဘာဝအရ အခ်ိန္အကန႔္အသတ္ မရွိဘဲ အဖန္တလဲလဲ လက္ရွိမွာျဖစ္ေနသလို ျပန္ျမင္ေယာင္တာ (Flashback) ျဖစ္တတ္ပါတယ္။ ဒါကို သတိခ်ပ္မိၿပီး၊ အရင္တခ်ိန္က ျဖစ္ခဲ့တာသာျဖစ္ကာ၊ အခုေတာ့ ကုသၿပီး ျပန္ေကာင္းခ်ိန္ ေရာက္သြားၿပီဆိုတာကို မိမိကိုယ္တိုင္ ပစၥဳပၸန္ျပန္ေရာက္ေအာင္ ျပန္ေျပာင္းစဥ္းစားယူဖို႔မ်ိဳးပါ။ မတူေတာ့တဲ့ ဒီ အခ်ိန္ ႏွစ္ခုကို ပိုင္းျခားလိုက္ႏိုင္ဖို႔ လိုပါတယ္။ အနာဂတ္မွာ ျပန္ျဖစ္လာမလားလို႔ ႀကိဳၿပီးစိုးရိမ္တာမ်ိဳးအတြက္လည္း အလားတူ ပစၥဳပၸန္ကို ျပန္ဆြဲယူဖို႔လိုပါတယ္။ အခုလို လက္ရွိပစၥဳပၸန္ကို ပိုင္းျခားျမင္ႏိုင္လာေအာင္ မိတ္ေဆြမိသားစုေတြအေနနဲ႔လည္း ဝိုင္းကူေဆြးေႏြးေပးႏိုင္ပါတယ္။ တကယ္ေတာ့ မိတ္ေဆြမိသားစုေတြအေနနဲ႔ ဒီစိတ္ဒဏ္ရာကို ေက်ညက္သြားဖို႔ ကိုဗစ္ျပန္ေကာင္းလာခ်ိန္ထဲကစၿပီး အေကာင္းဆုံး နားေထာင္ႏွစ္သိမ့္ေပးႏိုင္ပါတယ္။ ဒီနည္းေတြနဲ႔ စိတ္ေျခာက္ျခားမူ (Anxiety) ကို ေလ်ာ့က်ေစၿပီး ျပန္အိပ္ေပွ်ာ္ေစႏိုင္ပါတယ္။

အကယ္၍ ကိုဗစ္ျဖစ္အၿပီး အိပ္ေရးပ်က္တာ မသက္သာပါက အက်ိဳးဆက္အျဖစ္ ယာယီစိတ္က်တာ စျဖစ္ရာကေန၊ စိတ္ဓာတ္က်ေရာဂါႀကီး (Major Depression) အဆင့္အထိ ျဖစ္လာႏိုင္တာကိုလည္း သတိျပဳမိဖို႔လိုပါတယ္။ တခ်ဳိ ႔မွာ စိတ္ခံစားခ်က္ေျပာင္းလာၿပီး ယာယီစိတ္ဓာတ္က်မူအျဖစ္ ႐ုတ္တရက္ တုံ႔ျပန္တတ္တဲ့ စိတ္ဆိုးေဒါသထြက္လြယ္မူ (Anger & Outburst) ျဖစ္လာႏိုင္သလို၊ အရင္အခံရွိထားသူေတြမွာေတာ့ တစ္ပူေပၚ ႏွစ္ပူဆင့္ကာ၊ အခုလို စိတ္ဓာတ္က်ေရာဂါႀကီးအဆင့္ ဆက္ေရာက္သြားႏိုင္ပါတယ္။ စိတ္ဓာတ္က်ေရာဂါႀကီးအဆင့္ ေရာက္လာလွ်င္ေတာ့ သတိျပဳႏိုင္တဲ့ လကၡဏာေတြက အစာမစားတာ၊ ပိန္လာတာ၊ အဆိုးျမင္လာတာ၊ မွားယြင္းေတြးေခၚတာစသည္ျဖင့္ ပိုဆိုးလာၿပီး၊ ေနာက္ဆုံး မိမိကိုယ္ကိုယ္ကို လုပ္ႀကံဖို႔ စဥ္းစားလာတဲ့အဆင့္ထိ အသက္အႏၲရာယ္ ရိွလာႏိုင္ပါတယ္။ အခုလိုျဖစ္လာလွ်င္ေတာ့ ႀကိဳတင္သတိျပဳမိၿပီး ျပန္ေကာင္းေစတဲ့ ကုသမူခံယူသင့္ပါတယ္။ ဆရာဝန္ေတြအေနနဲ႔ အိပ္ဖို႔သာ လိုအပ္တဲ့အဆင့္အျဖစ္ စိတ္က်ျပန္ေကာင္ေဆး (Anti-Depressant) ေပးေလ့ရွိၿပီး၊ ဒီအက်ိဳးဆက္ႀကီးကေန ကာကြယ္ေပးႏိုင္ပါတယ္။

ဒီအေၾကာင္း ပိုမိုသိရိွနားလည္ႏိုင္ဖို႔ ကိုဝင္းမင္းက ၾသစေတ်းလ်အေျခစိုက္ စိတ္က်န္းမာေရး အထူးကုသမားေတာ္ႀကီးနဲ႔၊ ျမန္မာေဆးတကၠသိုလ္ေတြရဲ႕ ဂုဏ္ထူးေဆာင္ပါေမာကၡ Dr. Raymond တင့္ေဝ ကိုဆက္သြယ္ေမးထားပါတယ္။

== Unicode ==

ကိုဗစ်-19 ဖြစ်အပြီး၊ အိပ်မရတာအတွက် ဖြေဖျောက်နည်းတွေရှိပေမဲ့၊ အကျိုးဆက်ကိုလည်း သတိပြုမိဖို့၊ ကျန်းမာရေးပညာရှင်တွေက ထောက်ပြအကြံပြုထားကြပါတယ်။

ဖြေဖျောက်နည်းတစ်ခုကတော့ ပုံမှန်မဟုတ်တဲ့ အပြောင်းအလဲကြောင့် ဖြစ်လာတဲ့ ဒဏ်ကို လက်ခံလိုက်ဖို့ပါ။ ဥပမာအားဖြင့် ကိုဗစ်ကူးစက်မူကို စိုးရိမ်ပြီး၊ အရင်လို လူအချင်းချင်း ပုံမှန်တွေ့ဆုံမူတွေ (Human Contact) မရှိတော့တဲ့ ဒဏ်ခံရတာမျိုးအတွက်ပါ။ ဒါပေမဲ့ ကိုယ်တိုင်ကိုဗစ်ဖြစ်ခဲ့တာမို့၊ မိမိကိုသာ ရှောင်ကျဉ်သွားကြပြီလားလို့ မှားယွင်းစဉ်းစားမိကာ ဒီဒဏ်ကို ပိုဆိုးသွားတတ်ပါတယ်။ တကယ်က မိမိနဲ့တင်မကပဲ၊ အချင်းချင်းတွေ့ဆုံမူတွေအားလုံး မရှိတော့တာက အခုလို ရောဂါကူးစက်ချိန်မှာ ပုံမှန်ဖြစ်တတ်တာကို နားလည်ပြီး၊ ဒီဒဏ်ကို ကျော်လွှားနိုင်အောင် လက်ခံလိုက်ဖို့ပါ။ ဒါကို Acceptance Therapy (လက်ခံခြင်းဖြင့် ဖြေဖျောက်မူ) လို့လည်း ခေါ်နိုင်ပါတယ်။ ဥပမာ နာကျင်တဲ့ဒဏ်ကို နာတယ်လို့သာ ဆက်တုံ့ပြန်ခြင်းဖြင့် ပိုနာနိုင်ချိန်မှာ၊ ဒီနာတာကို လက်ခံလိုက်လျှင်တော့ နာကျင်တာ သက်သာစေနိုင်ပြီး၊ တချိန်ပြန်သက်သာလာနိုင်တာကိုမြင်ကာ ပူပန်သောကလည်း လျော့ကျသွားပြီး သက်သာမူရနိုင်ပါတယ်။

နောက်ဖြေဖျောက်နည်းကတော့ တကယ်မဟုတ်တဲ့ အခုလိုအတွေးမှားတွေကို တကယ်လက်တွေ့ဖြစ်တာနဲ့ ပြန်ပြောင်းယူဖို့ပါ။ ဒီအတွေးမှားကို ပြန်တွန်းလှန်ပြီး (Cognitive Re-challenge) ကိုယ့်ကိုယ်ကို ပြန်မေးခွန်းထုတ်ဖို့ လိုပါတယ်။ တခြား မိတ်ဆွေအပေါင်းအသင်းနဲ့ မိသားစုတွေကလည်း ဒီလမ်းကြောင်းအတိုင်း ကူညီမေးခွန်းထုတ်ပေးပြီး ပြုပြင်ပေးသင့်ပါတယ်။ ဥပမာ တကယ်ရော ကိုယ့်ကို ရှောင်ကျဉ်သူတွေရှိလာလား။ သူတို့အနေနဲ့ လာတွေ့ဖို့ အခွင့်အခါကောင်းကို စောင့်နေတာလား စသည်ဖြင့် မေးခွန်းတွေကို ပြန်စဉ်းစားကြည့်သင့်ပါတယ်။ အကယ်၍ မိမိကိုယ် ရှောင်နေကြပြီလို့ အဆိုးမြင်အဆင့်မှာသာ ရပ်ထားမိလျှင်တော့ စိတ်ကျမူပိုဖြစ်ပြီး အိပ်ရေးပျက်တာ ပိုဆိုးစေနိုင်ပါတယ်။ ဒါပေမဲ့ မိမိမိတ်ဆွေတွေအနေနဲ့ တကယ်တမ်းက လာတွေ့ဖို့အခွင့်အခါကောင်းစောင့်နေတာလို့၊ လက်တွေ့မှန်လေ့ရှိတဲ့ အမြင်မျိုးပြောင်းလာလျှင်တော့၊ ချစ်ခင်သူတွေဆက်ရှိနေတာအတွက် စိတ်ခွန်အားဖြစ်စေပြီး ပြန်သက်သာစေနိုင်ပါတယ်။ ဒါကို Cognitive Behavior Therapy (ပြုမူစဉ်းစား မူမှန်အောင်ပြောင်းယူခြင်း ကုစားမူ) လို့လည်း ခေါ်ပါတယ်။ ဒါတွေကို စိတ်ပိုင်းဆိုင်ရာ ပညာရှင်တွေ တိုင်ပင်ဆွေးနွေးတဲ့နည်းနဲ့ ကုစားပေးနိုင်သလို၊ မိတ်ဆွေတွေနဲ့ မိသားစုတွေကလည်း ဒီနည်းနဲ့ သတိပြုမိအောင် ကူညီဆွေးနွေးပေးနိုင်ပါတယ်။

အလားတူ စိတ်ဒဏ်ရာ ပြင်းပြင်းထန်ထန်ရပြီး၊ အချိန်ပိုင်းအရ မှားယွင်းရောထွေးမိနိုင်တဲ့အတွက်လည်း၊ လက်ရှိပစ္စုပ္ပန်အခြေအနေ ပြန်ရောက်အောင် ပြောင်းယူနိုင်ပါတယ်။ သေလုမျောပါးဖြစ်ခဲ့တာကြောင့် စိတ်ဒဏ်ရာကြီးတွေ ဖြစ်လာချိန်မှာ၊ သဘာဝအရ အချိန်အကန့်အသတ် မရှိဘဲ အဖန်တလဲလဲ လက်ရှိမှာဖြစ်နေသလို ပြန်မြင်ယောင်တာ (Flashback) ဖြစ်တတ်ပါတယ်။ ဒါကို သတိချပ်မိပြီး၊ အရင်တချိန်က ဖြစ်ခဲ့တာသာဖြစ်ကာ၊ အခုတော့ ကုသပြီး ပြန်ကောင်းချိန် ရောက်သွားပြီဆိုတာကို မိမိကိုယ်တိုင် ပစ္စုပ္ပန်ပြန်ရောက်အောင် ပြန်ပြောင်းစဉ်းစားယူဖို့မျိုးပါ။ မတူတော့တဲ့ ဒီ အချိန် နှစ်ခုကို ပိုင်းခြားလိုက်နိုင်ဖို့ လိုပါတယ်။ အနာဂတ်မှာ ပြန်ဖြစ်လာမလားလို့ ကြိုပြီးစိုးရိမ်တာမျိုးအတွက်လည်း အလားတူ ပစ္စုပ္ပန်ကို ပြန်ဆွဲယူဖို့လိုပါတယ်။ အခုလို လက်ရှိပစ္စုပ္ပန်ကို ပိုင်းခြားမြင်နိုင်လာအောင် မိတ်ဆွေမိသားစုတွေအနေနဲ့လည်း ဝိုင်းကူဆွေးနွေးပေးနိုင်ပါတယ်။ တကယ်တော့ မိတ်ဆွေမိသားစုတွေအနေနဲ့ ဒီစိတ်ဒဏ်ရာကို ကျေညက်သွားဖို့ ကိုဗစ်ပြန်ကောင်းလာချိန်ထဲကစပြီး အကောင်းဆုံး နားထောင်နှစ်သိမ့်ပေးနိုင်ပါတယ်။ ဒီနည်းတွေနဲ့ စိတ်ခြောက်ခြားမူ (Anxiety) ကို လျော့ကျစေပြီး ပြန်အိပ်ပျှော်စေနိုင်ပါတယ်။

အကယ်၍ ကိုဗစ်ဖြစ်အပြီး အိပ်ရေးပျက်တာ မသက်သာပါက အကျိုးဆက်အဖြစ် ယာယီစိတ်ကျတာ စဖြစ်ရာကနေ၊ စိတ်ဓာတ်ကျရောဂါကြီး (Major Depression) အဆင့်အထိ ဖြစ်လာနိုင်တာကိုလည်း သတိပြုမိဖို့လိုပါတယ်။ တချို့မှာ စိတ်ခံစားချက်ပြောင်းလာပြီး ယာယီစိတ်ဓာတ်ကျမူအဖြစ် ရုတ်တရက် တုံ့ပြန်တတ်တဲ့ စိတ်ဆိုးဒေါသထွက်လွယ်မူ (Anger & Outburst) ဖြစ်လာနိုင်သလို၊ အရင်အခံရှိထားသူတွေမှာတော့ တစ်ပူပေါ် နှစ်ပူဆင့်ကာ၊ အခုလို စိတ်ဓာတ်ကျရောဂါကြီးအဆင့် ဆက်ရောက်သွားနိုင်ပါတယ်။ စိတ်ဓာတ်ကျရောဂါကြီးအဆင့် ရောက်လာလျှင်တော့ သတိပြုနိုင်တဲ့ လက္ခဏာတွေက အစာမစားတာ၊ ပိန်လာတာ၊ အဆိုးမြင်လာတာ၊ မှားယွင်းတွေးခေါ်တာစသည်ဖြင့် ပိုဆိုးလာပြီး၊ နောက်ဆုံး မိမိကိုယ်ကိုယ်ကို လုပ်ကြံဖို့ စဉ်းစားလာတဲ့အဆင့်ထိ အသက်အန္တရာယ် ရှိလာနိုင်ပါတယ်။ အခုလိုဖြစ်လာလျှင်တော့ ကြိုတင်သတိပြုမိပြီး ပြန်ကောင်းစေတဲ့ ကုသမူခံယူသင့်ပါတယ်။ ဆရာဝန်တွေအနေနဲ့ အိပ်ဖို့သာ လိုအပ်တဲ့အဆင့်အဖြစ် စိတ်ကျပြန်ကောင်ဆေး (Anti-Depressant) ပေးလေ့ရှိပြီး၊ ဒီအကျိုးဆက်ကြီးကနေ ကာကွယ်ပေးနိုင်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက သြစတျေးလျအခြေစိုက် စိတ်ကျန်းမာရေး အထူးကုသမားတော်ကြီးနဲ့၊ မြန်မာဆေးတက္ကသိုလ်တွေရဲ့ ဂုဏ်ထူးဆောင်ပါမောက္ခ Dr. Raymond တင့်ဝေ ကိုဆက်သွယ်မေးထားပါတယ်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG