သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်အလွန် အိပ်ရေးပျက်ကုထုံး


Doctor Giovanni Passeri reads a book in the garret of his apartment before getting some sleep at the end of his day in the COVID-19 section of the Maggiore Hospital in Parma, northern Italy Wednesday, April 7, 2020. Passeri, who implemented his own…
Doctor Giovanni Passeri reads a book in the garret of his apartment before getting some sleep at the end of his day in the COVID-19 section of the Maggiore Hospital in Parma, northern Italy Wednesday, April 7, 2020. Passeri, who implemented his own…
ကိုဗစ်အလွန် အိပ်ရေးပျက်ကုထုံး
please wait

No media source currently available

0:00 0:07:00 0:00
တိုက်ရိုက် လင့်ခ်

ကိုဗစ်-19 အခုတစ်ခေါက်ဖြစ်အပြီး၊ အိပ်မရတာအတွက် အဓိက ကုထုံး နှစ်ခုကို သိထားဖို့ အရေးကြီးတယ်လို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုပြောဆိုကြပါတယ်။

အခုလို အခက်အခဲကြုံ စိတ်ခြောက်ခြားပြီး စိတ်ဓာတ်ကျသည်အထိ ဖြစ်လာနိုင်တာမို့၊ ပထမ ကုထုံး တစ်ခုကတော့ တိုင်ပင်ဆွေးနွေးနှစ်သိမ့်အားပေးတာ (Counseling) ဖြစ်ပါတယ်။ ဒီအချိန်မှာ အထီးကျန်ဆန်သွားပြီး ပိုဆိုးလာနိုင်တာမို့၊ အလိုအပ်ဆုံး ကုစားမူက၊ အခုလို နားလည်မူပေးနိုင်မဲ့ စိတ်ပိုင်းဆိုင်ရာ အထောက်အကူပေးနိုင်မဲ့ အနေအထားမျိုးပါ။ ဒီနေရာမှာ တချို့က စိတ်ကျန်းမာရေးကောင်းပြီး ခံနိုင်ရည်ပိုရှိပေမဲ့၊ တချို့ကတော့ နဂိုထဲက ကြောက်လန့်တာမျိုး (Generalized Anxiety) ရှိတတ်ပြီး၊ စိတ်ပိုင်းဆိုင်ရာ မီခိုတတ်သူဖြစ်ပါက ပိုအိပ်မပျှော်တာ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် လူချင်းတွေ့ခွင့်ရလျှင်ဖြစ်စေ၊ မရလျှင်လည်း အင်တာနက်ကတဆင့် (Virtual/ Telemedicine) နည်းနဲ့ တွေ့ဆုံနှစ်သိမ့်အားပေးတာမျိုး (Counseling) လုပ်ပေးဖို့ လိုပါတယ်။ အဓိကကတော့ ချစ်ခင်နှစ်သက်သူတွေနဲ့ ဆက်လက်ချိတ်ဆက်ထားတာ (Connected) ရှိနေပြီး အားပေးနှစ်သိမ့်မူ အရေးကြီးဆုံး လိုအပ်နေလို့ပါ။ အခုလို အားပေးစကားပြောရာမှာလည်း စာနာသနားပေးတာ (Sympathy) တစ်ခုထဲနဲ့ မလုံလောက်ပါဘူး။ အကြောင်းက သူ ဖြတ်သန်းခဲ့တဲ့ စိတ်ခံစားမူအတွေ့အကြုံက ကြီးမားလွန်းလို့ပါ။ ဒါကြောင့် စာနာသနားတာ သက်သက်ထက်ပိုပြီး၊ စိတ်ချယုံကြည်ရသူတွေက အာရုံစိုက်လိုက် နားထောင်ပေးကာ၊ ကိုယ်တိုင်ဝင်ခံစားရတာ (Empathic) ဖြစ်သလို လက်ခံပေးပြီး၊ နားလည်နှစ်သိမ့်ပေးဖို့ အရေးကြီးပါတယ်။ ဒါမှသာ သူ့ စိတ်ထဲက ခံစားနေရတာတွေကို ထုတ်ဖော်လာကာ၊ နားထောင်သူရဲ့ စိတ်ပံ့ပိုးပေးမူအောက်မှာ၊ စိတ်အသက်ရှုပေါက် (Psychologically Emotional Ventilation) ရသွားပြီး၊ ရင်ထဲမှာ ပေါ့ပါးသက်သာသွားစေမှာပါ။ အခုလို နှစ်သိမ့်အားပေးတာကို ကျွမ်းကျင်အောင် သင်ကြားထားတဲ့ Professional သမားရှိရင် ပိုကောင်းပေမဲ့၊ မရှိလျှင်တော့လည်း ဆရာဝန်အပြင် သာမန်မိတ်ဆွေတွေကပါ၊ ပုံမှန်အချိန်ပေးပြီး အစားထိုး ကူညီပေးနိုင်ပါတယ်။ တချို့အတွက် ဒီ နားထောင်အားပေးတဲ့ နည်းတစ်ခုထဲနဲ့တင် မကြာခင် သက်သာသွားတတ်ပါတယ်။

ဒါပေမဲ့ မသက်သာလျှင်တော့ နောက်အရေးကြီးတာတစ်ခုက ဆေးပေးတာပါ။ သူကိုယ်တိုင်လည်း အိပ်ဖို့လိုတာမို့ ထိတ်လန့်ခြောက်ခြားတာတွေကို သက်သာစေတဲ့ ဆေးတွေရှာလေ့ရှပါတယ်။ ဆရာဝန်တွေကတော့ အခုလို ဖြစ်လာသူတွေကို စိတ်ဓာတ်ကျတာ ပြန်ကောင်းစေတဲ့ဆေး (Anti-Depressant) ပေးလေ့ရှိပါတယ်။ ဒီဆေးထဲမှာလည်း စိတ်ခြောက်ခြားထိတ်လန့်တာ သက်သာစိတ်ငြိမ်ဆေး (Anti-Anxiety) လည်း တစ်ပိုင်းပါတာကြောင့် ဒါကိုအနည်းငယ် တွဲပေးလိုက်ရုံဖြင့် သက်သာစေနိုင်လို့ပါ။ တကယ့် Anti-Anxiety ဆေးတွေသက်သက်ကလည်း အစွမ်းထက်ပေမဲ့ ဆရာဝန်တွေကတော့သုံးဖို့ သတိထားကြပါတယ်။ အကြောင်းက သောက်ပြီး မကြာခင် ဆေးစွဲသွားနိုင်လို့ပါ။ ဥပမာ Benzodiazepine ဆေးအုပ်စုက သွေးထဲခဏသာနေပြီး (Short-Acting) အမြန်အာနိသင်ပြကာ လူပိုကြိုက် ပိုစွဲစေတဲ့ Xanax (Alprazolam) နဲ့၊ သွေးထဲကြာကြာနေပြီး (Long-Acting) အာနိသင် ဖြည်းဖြည်းချင်းပြကာ တစုံတရာစွဲစေတဲ့ Valium (Diazepam) တို့ ပါဝင်ပါတယ်။ အရေးကြီးတာက ဒီ Anti-Anxiety (စိတ်ခြောက်ခြားသက်သာစိတ်ငြိမ်) ဆေးတွေကို ရက်ရှည်ဆက်မသောက်ဘဲ၊ ရက်ပိုင်းအနည်းငယ် ခဏသာ သောက်ဖြတ်ဖြစ်ကာ၊ ဆက်လိုအပ်လျှင်တော့ ရက်အနည်းငယ်စီခြား (Intermittent) သောက်ပြီး၊ တဖြည်းဖြည်း ပြန်လျှော့သွား (ဥပမာ တစ်လုံးကနေ တစ်ပိုင်းလျော့သွား) ဖို့ပါ။ ဒါပေမဲ့ Anti-Depressant (စိတ်ကျပြန်ကောင်းဆေး) ကတော့ အာနိသင် ဖြည်းဖြည်းချင်းပြပေမဲ့၊ မစွဲစေတာမို့ ဆရာဝန်တွေက ရေရှည် ပိုပေးပြီး၊ လိုအပ်လျှင် Anti-Anxiety (စိတ်ငြိမ်ဆေး) ဥပမာ Mirtazapine မျိုးနဲ့ ရေတိုတော့တွဲပေးလေ့ရှိပါတယ်။

ဒီအကြောင်း ပိုမိုနားလည်နိုင်ဖို့ ကိုဝင်းမင်းက သြစတျေးလျအခြေစိုက် စိတ်ကျန်းမာရေး အထူးကုသမားတော်ကြီးနဲ့၊ မြန်မာဆေးတက္ကသိုလ်တွေရဲ့ ဂုဏ်ထူးဆောင်ပါမောက္ခ Dr. Raymond တင့်ဝေ ကို ဆက်သွယ်မေးထားပါတယ်။


==Unicode==






XS
SM
MD
LG