သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံ အထက္ပိုင္း အပူခ်ိန္ျမင့္တက္ 


ျမန္မာျပည္ အပူခ်ိန္ စံခ်ိန္တင္ႏုိင္

ရာသီဥတု ပူျပင္းတာေတြေၾကာင့္ စစ္ကိုင္းတိုင္း အတြင္းမွာ စစ္ေဘးေရွာင္ေနရတဲ့ သက္ႀကီးရြယ္အိုေတြ ေသဆံုးတာေတြရွိတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ေမလထဲမွာ မုတ္သုန္၀င္ေရာက္ေတာ့မွာ ျဖစ္တဲ့အတြက္ မိုးရြာသြန္းႏိုင္တယ္လို႔ မိုးဇလ ပညာရွင္ေတြက ေျပာပါတယ္။ ရန္ကုန္က လာတဲ့သတင္းကိုရဲမြန္ က ေျပာျပပါမယ္။

ျမန္မာႏိုင္ငံ အထက္ပိုင္း အပူခ်ိန္ျမင့္တက္

{{Zawgyi/Unicode}}

မံု႐ြာ၊ မင္းကင္း၊ ျမင္းမူစတဲ့ ၿမိဳ႕ေတြအပါအဝင္၊ စစ္ကိုင္းတိုင္း၊ မႏၱေလးတိုင္း၊ မေကြးတိုင္းထဲက ၿမိဳ႕တခ်ဳိ႕မွာအခုရက္ပိုင္း ေန႔အပူခ်ိန္ ၄၃ ဒီဂရီ စင္တီဂရိတ္အထိ ပူတယ္လို႔ မိုးေလဝသနဲ႔ ဇလေဗဒဦးစီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။ ရာသီဥတုပူျပင္းတာေၾကာင့္ စစ္ကိုင္းတိုင္းထဲက စစ္ေဘးေ႐ွာင္ သက္ႀကီးရြယ္အိုတခ်ဳိ႕ ေသဆံုးတဲ့အထိ႐ွိတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ေ႐ွ႕ေမလထဲေရာက္ရင္ေတာ့ မိုးရြာသြန္းႏိုင္တယ္လို႔ မိုးဇလတာဝန္႐ွိသူက ဗီအိုေအကို ေျပာပါတယ္။ စစ္ကိုင္းတုိင္းဘက္က ပူျပင္းေနတဲ့ အေျခအေနအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို ကုိရဲနမြနတ္ ကတင္ျပပါမယ္။

မုိးဇလက ထူးျခားတဲ့ ေန႔အပူခ်ိန္ေတြအျဖစ္ သတင္းထုတ္ျပန္ထားတာမွာ ျမင္းၿခံ၊ ေခ်ာက္၊ ဂန္႔ေဂါ စတဲ့ၿမိဳ႕ေတြမွာ ေန႔ဘက္အပူခ်ိန္ ၄၄ ဒီဂရီစင္တီဂရိတ္၊ မင္းကင္း၊ မံု႐ြာ၊ ျမင္းမူစတဲ့ စစ္ကိုင္းတုိင္းက ၿမိဳ႕ေတြနဲ႔ မေကြးၿမိဳ႕၊ ေဘာ္လခဲၿမိဳ႕ေတြမွာ ၄၃ ဒီဂရီစင္တီဂရိတ္အထိ ပူျပင္းတယ္လို႔ ေျပာထားပါတယ္။

မံု႐ြာၿမိဳ႕ အေနာက္ေတာင္ဘက္မွာတည္႐ွိတဲ့ ၿမိဳ႕နယ္ထဲမွာဆုိရင္လည္း ရာသီဥတု ပူျပင္းလြန္းတဲ့အတြက္ ျမစ္ေခ်ာင္းေတြမွာ ေရနည္းပါးလာလို႔ ေသာက္သံုးေရ ခက္ခဲၿပီး စစ္ေဘးေ႐ွာင္ေနတဲ့ သက္ႀကီးရြယ္အိုေတြထဲ ေသဆံုးတာေတြရွိတယ္လို႔ ပုလဲေဒသခံတဦးက အခုလိုေျပာပါတယ္။

“ေ၀းေ၀းလံလံသြားခပ္ရတာရွိတာ ဟိုလိုလံုးလံုးေတာ့ ေလာေလာဆယ္မျပတ္ေသးဘူး။ နည္းနည္းေ၀းတဲ့ဆီ ေခ်ာင္းေတြဘက္ သြားခပ္ရတာ။ နည္းနည္းေရက ရာသီဥတုက ေတာ္ေတာ္ျပင္းတဲ့အတြက္ေၾကာင့္ ေရက ေတာ္ေတာ္ေလး ခမ္းေျခာက္ေနတယ္။ အဲ့ဒါဆိုေတာ့ ေခ်ာင္းေတြကလည္း ေရက ေတာ္ေတာ္နည္းေနၿပီ။ အဲ့ဒါနဲ႔ ေတာ္ေတာ္ေလး သက္ႀကီးရြယ္အိုေတြက ဖ်ားနာတဲ့အဆင့္ကို မဟုတ္ေတာ့ဘူး။ ေတာ္ေတာ္အရြယ္ႀကီးတဲ့သူက ေနရတာေကာ ေနပူဒဏ္ခံရတာေကာ အဲ့ဒါက ေသတဲ့အဆင့္ေတြထိကိုရွိတယ္။ အဲ့ဒါက တံုးကန္ဘက္ ျခမ္းမွာ။”

တံုးကန္ေက်းရြာဟာ ပုလဲၿမိဳ႕နယ္ ေႏွာရိုးေက်းရြာအုပ္စုထဲမွာ ပါ၀င္ၿပီး တံုးကန္ ေႏွာရိုး စတဲ့ ေက်းရြာေတြကို မတ္လ ၁၀ ရက္က စစ္ေကာင္စီတပ္ေတြက ၀င္ေရာက္လာၿပီး မီးရိႈ႕သြားတဲ့အတြက္ ေနအိမ္ ၃၀၀ နီးပါး မီးေလာင္ကြ်မ္းခဲ့ပါတယ္။ စစ္ေကာင္စီနဲ႔ ေဒသခံကာကြယ္ေရးအဖဲြ႔ေတြ မၾကာမၾကာ တုိက္ပြဲေတြျဖစ္တဲ့ ပုလဲၿမိ႕နယ္ထဲမွာ စစ္တပ္နယ္ေျမ႐ွင္းလင္းမႈအတြင္း ေက်းရြာ ၁၀ ရြာထက္မနည္း မီးရိႈ႕ခံရလို႔ ေနအိမ္ေတြ ဆံုး႐ႈံးခဲ့တဲ့ ေဒသခံေထာင္နဲ႔ခ်ီဟာ ေဘးလြတ္ရာကို တိမ္းေရွာင္ေနရတာ လခ်ီၾကာျမင့္ေနပါၿပီ။

အခုလို ပူျပင္းတဲ့ ေနရာေတြမွာ ေမလ ပထမအပတ္ ေနာက္ပိုင္း မိုးရြာသြန္းနိုင္တဲ့အတြက္ အပူခ်ိန္ေလ်ာ့က်သြားဖို႔ရွိတယ္လို႔ မိုးေလ၀သနဲ႔ ဇလေဗဒညႊန္ၾကားမႈ ဦးစီးဌာနက ေျပာပါတယ္။

“စံခ်ိန္တင္ေအာင္ အပူျဖတ္တဲ့အေနအထားမ်ိဳးေတာ့မရွိပါဘူး။ ပံုမွန္ပူတဲ့အေနအထားမ်ိဳးပဲ။ မိုးေတြရြာဖို႔ရွိတယ္ဆိုေတာ့ ေမလထဲမွာေတာ့ မုတ္သုန္၀င္ဖို႔လည္းရွိေတာ့ ေမလဆန္းေလာက္ထိေတာ့ ပူေနအံုးမွာေပါ့။ ေမလ ၂ ရက္ ၃ ရက္ေနာက္ိုင္း ရြာဖို႔ရွိေတာ့ အပူေတာ့ ေလ်ာ့သြားမွာေပါ့။ မိုးရြာရင္ေတာ့ ေလ်ာ့သြားမွာေပါ့။”

ျမန္မာႏိုင္ငံထဲက ခ်င္းျပည္နယ္ စစ္ကိုင္းတိုင္း မေကြးတိုင္းတို႔မွာ တိုက္ပြဲေတြေၾကာင့္ အိုးအိမ္စြန္႔ပစ္ ထြက္ေျပးေနၾကရတဲ့ ဒုကၡသည္အမ်ားအျပား႐ွိပါတယ္။ မေကြးတိုင္းထဲက ေပါက္ၿမိဳ႕ေတာင္ပိုင္းမွာဆိုလည္း စစ္ေဘးေရွာင္ရင္း မသန္႔ရွင္းတဲ့ေရေသာက္သံုးမိတာေတြေၾကာင့္ ၀မ္းပ်က္ ၀မ္းေလ်ာေရာဂါ ျဖစ္ပြားမႈေတြ ရွိတယ္လို႔ ကူညီေပးေနသူေတြက ေျပာပါတယ္။

ျမန္မာႏိုင္ငံ အထက္ပိုင္း အပူခ်ိန္ျမင့္တက္
please wait

No media source currently available

0:00 0:02:18 0:00
တိုက္႐ိုက္ လင့္ခ္

.................................................................
မြန်မာနိုင်ငံ အထက်ပိုင်း အပူချိန်မြင့်တက်

{{Unicode}}

မုံရွာ၊ မင်းကင်း၊ မြင်းမူစတဲ့ မြို့တွေအပါအဝင်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းထဲက မြို့တချို့မှာ အခုရက်ပိုင်း နေ့အပူချိန် ၄၃ ဒီဂရီ စင်တီဂရိတ်အထိ ပူတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ရာသီဥတုပူပြင်းတာကြောင့် စစ်ကိုင်းတိုင်းထဲက စစ်ဘေးရှောင် သက်ကြီးရွယ်အိုတချို့ သေဆုံးတဲ့အထိရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရှေ့မေလထဲရောက်ရင်တော့ မိုးရွာသွန်းနိုင်တယ်လို့ မိုးဇလတာဝန်ရှိသူက ဗီအိုအေကို ပြောပါတယ်။ စစ်ကိုင်းတိုင်းဘက်က ပူပြင်းနေတဲ့ အခြေအနေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုရဲနမွနတ် ကတင်ပြပါမယ်။

မိုးဇလက ထူးခြားတဲ့ နေ့အပူချိန်တွေအဖြစ် သတင်းထုတ်ပြန်ထားတာမှာ မြင်းခြံ၊ ချောက်၊ ဂန့်ဂေါ စတဲ့မြို့တွေမှာ နေ့ဘက်အပူချိန် ၄၄ ဒီဂရီစင်တီဂရိတ်၊ မင်းကင်း၊ မုံရွာ၊ မြင်းမူစတဲ့ စစ်ကိုင်းတိုင်းက မြို့တွေနဲ့ မကွေးမြို့၊ ဘော်လခဲမြို့တွေမှာ ၄၃ ဒီဂရီစင်တီဂရိတ်အထိ ပူပြင်းတယ်လို့ ပြောထားပါတယ်။

မုံရွာမြို့ အနောက်တောင်ဘက်မှာတည်ရှိတဲ့ မြို့နယ်ထဲမှာဆိုရင်လည်း ရာသီဥတု ပူပြင်းလွန်းတဲ့အတွက် မြစ်ချောင်းတွေမှာ ရေနည်းပါးလာလို့ သောက်သုံးရေ ခက်ခဲပြီး စစ်ဘေးရှောင်နေတဲ့ သက်ကြီးရွယ်အိုတွေထဲ သေဆုံးတာတွေရှိတယ်လို့ ပုလဲဒေသခံတဦးက အခုလိုပြောပါတယ်။

“ဝေးဝေးလံလံသွားခပ်ရတာရှိတာ ဟိုလိုလုံးလုံးတော့ လောလောဆယ်မပြတ်သေးဘူး။ နည်းနည်းဝေးတဲ့ဆီ ချောင်းတွေဘက် သွားခပ်ရတာ။ နည်းနည်းရေက ရာသီဥတုက တော်တော်ပြင်းတဲ့အတွက်ကြောင့် ရေက တော်တော်လေး ခမ်းခြောက်နေတယ်။ အဲ့ဒါဆိုတော့ ချောင်းတွေကလည်း ရေက တော်တော်နည်းနေပြီ။ အဲ့ဒါနဲ့ တော်တော်လေး သက်ကြီးရွယ်အိုတွေက ဖျားနာတဲ့အဆင့်ကို မဟုတ်တော့ဘူး။ တော်တော်အရွယ်ကြီးတဲ့သူက နေရတာကော နေပူဒဏ်ခံရတာကော အဲ့ဒါက သေတဲ့အဆင့်တွေထိကိုရှိတယ်။ အဲ့ဒါက တုံးကန်ဘက် ခြမ်းမှာ။”

တုံးကန်ကျေးရွာဟာ ပုလဲမြို့နယ် နှောရိုးကျေးရွာအုပ်စုထဲမှာ ပါဝင်ပြီး တုံးကန် နှောရိုး စတဲ့ ကျေးရွာတွေကို မတ်လ ၁၀ ရက်က စစ်ကောင်စီတပ်တွေက ဝင်ရောက်လာပြီး မီးရှို့သွားတဲ့အတွက် နေအိမ် ၃၀၀ နီးပါး မီးလောင်ကျွမ်းခဲ့ပါတယ်။ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေ မကြာမကြာ တိုက်ပွဲတွေဖြစ်တဲ့ ပုလဲမြိ့နယ်ထဲမှာ စစ်တပ်နယ်မြေရှင်းလင်းမှုအတွင်း ကျေးရွာ ၁၀ ရွာထက်မနည်း မီးရှို့ခံရလို့ နေအိမ်တွေ ဆုံးရှုံးခဲ့တဲ့ ဒေသခံထောင်နဲ့ချီဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေရတာ လချီကြာမြင့်နေပါပြီ။

အခုလို ပူပြင်းတဲ့ နေရာတွေမှာ မေလ ပထမအပတ် နောက်ပိုင်း မိုးရွာသွန်းနိုင်တဲ့အတွက် အပူချိန်လျော့ကျသွားဖို့ရှိတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ပြောပါတယ်။

“စံချိန်တင်အောင် အပူဖြတ်တဲ့အနေအထားမျိုးတော့မရှိပါဘူး။ ပုံမှန်ပူတဲ့အနေအထားမျိုးပဲ။ မိုးတွေရွာဖို့ရှိတယ်ဆိုတော့ မေလထဲမှာတော့ မုတ်သုန်ဝင်ဖို့လည်းရှိတော့ မေလဆန်းလောက်ထိတော့ ပူနေအုံးမှာပေါ့။ မေလ ၂ ရက် ၃ ရက်နောကိုင်း ရွာဖို့ရှိတော့ အပူတော့ လျော့သွားမှာပေါ့။ မိုးရွာရင်တော့ လျော့သွားမှာပေါ့။”

မြန်မာနိုင်ငံထဲက ချင်းပြည်နယ် စစ်ကိုင်းတိုင်း မကွေးတိုင်းတို့မှာ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ပစ် ထွက်ပြေးနေကြရတဲ့ ဒုက္ခသည်အများအပြားရှိပါတယ်။ မကွေးတိုင်းထဲက ပေါက်မြို့တောင်ပိုင်းမှာဆိုလည်း စစ်ဘေးရှောင်ရင်း မသန့်ရှင်းတဲ့ရေသောက်သုံးမိတာတွေကြောင့် ဝမ်းပျက် ဝမ်းလျောရောဂါ ဖြစ်ပွားမှုတွေ ရှိတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

XS
SM
MD
LG