သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကာကြယ္ေရးဘတ္ဂ်က္ ေတာင္းခံတဲ့ထဲက က်ပ္ သန္း ၁ ေသာင္းေက်ာ္ ျဖတ္ေတာက္ ခြင့္ျပဳ


ဒုတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္ (၁၆)ႀကိမ္ေျမာက္ပုံမွန္အစည္းအေဝး ပၪၥမေန႔ က်င္းပ (ဓာတ္ပံု - Pyidaungsu Hluttaw - ေမ ၂၇၊ ၂၀၂၀)

[Zawgyi/Unicode]

လက္ရွိဘ႑ာႏွစ္ရဲ႕ ျဖည့္စြက္ ဘတ္ဂ်က္မွာ ကာကြယ္ေရးဝန္ႀကီးဌာနက ေတာင္းခံထားတဲ့ အသုံးစရိတ္ေတြထဲက က်ပ္သန္းေပါင္း ၂၀,၀၀၀ ေက်ာ္ ျဖတ္ေတာက္ဖို႔တင္ျပမႈနဲ႔ ပတ္သက္လို႔ ကာကြယ္ေရးဝန္ႀကီးဌာနဘက္က ျဖတ္ေတာက္ဖို႔မသင့္ေၾကာင္း ခုခံေခ်ပခဲ့ပါတယ္။ ဒါေပမဲ့ ဘတ္ဂ်က္စိစစ္ေရး လႊတ္ေတာ္ေကာ္မတီနဲ႔ ကာကြယ္ေရးဝန္ႀကီးဌာနတို႔ ညွိႏိႈင္းၿပီး က်ပ္ သန္းေပါင္း ၁,၀၀၀၀ ေက်ာ္ ျဖတ္ေတာက္ၿပီးေတာ့ ခြင့္ျပဳေပးလို္က္ပါတယ္။ ဒီအေၾကာင္း ဗီြအိုေအသတင္းေထာက္ မေမခက သတင္းေပးပို႔ထားပါတယ္။

လက္ရွိဘ႑ာႏွစ္ရဲ႕ ျဖည့္စြက္ ဘတ္ဂ်က္မွာ ကာကြယ္ေရးဝန္ႀကီးဌာနက ေတာင္းခံထားတဲ့ အသုံးစရိတ္ေတြထဲက က်ပ္သန္းေပါင္း ၂၀,၀၀၀ ေက်ာ္ ျဖတ္ေတာက္ဖို႔ အာဏာရပါတီ ရဲ႕ လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာေမဝင္းျမင့္က လႊတ္ေတာ္ကို တင္ျပထားတာပါ။ ဒီအေပၚမွာ ကာကြယ္ေရးဝန္ႀကီးဌာန ဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီးစိန္ဝင္း စစ္ဆင္ေရးစရိတ္အတြက္ လိုအပ္ခ်က္အရ ေတာင္းခံရတာျဖစ္တယ္လို႔ လႊတ္ေတာ္ကို ရွင္းလင္းပါတယ္။

"အမႈထမ္းေခါင္းစဥ္ေအာက္က ေတာင္းခံေငြ ဒီေတာင္းခံေငြေတြက စစ္ဆင္ေရးနဲ႔ လုံၿခဳံေရးတာဝန္ထမ္းေဆာင္ေနၾကတဲ့ တပ္မေတာ္သားေတြအတြက္ စစ္ဆင္ေရးေန႔တြက္စရိတ္ေျပာင္းလဲလို႔ ထပ္မံျဖည့္စြက္ ေတာင္းခံရတာ ျဖစ္ပါတယ္။ ေနာက္ စစ္ဆင္ေရးလုပ္တဲ့ တပ္မေတာ္သားေတြကို လိုအပ္တာေတြ ဝယ္ႏိုင္ဖို႔ ဝန္ထမ္းေန႔တြက္ စရိတ္ရဲ႕ ၂၅ ရာခိုင္ႏႈန္းကို စစ္ဆင္ေရးေန႔တြက္ စရိတ္အေနနဲ႔ သတ္မွတ္ထားလို႔ အရင္ ၇၅၀ မွ အခုေန႔တြက္ စရိတ္ ၄,၈၀၀ ရဲ႕ ၂၅ ရာခိုင္ႏႈန္း ျဖစ္တဲ့ က်ပ္ ၁,၂၀၀ ႏႈန္းေပးႏိုင္ဖို႔ အထက္ေဖာ္ျပတဲ့ေငြလိုအပ္တာျဖစ္ပါတယ္။ ခြင့္ျပဳခ်က္ ေတာင္းခံရတာမွာ ဩဂုတ္လျဖစ္ေနလို႔ မူလေတာင္းတာမွာ မမွီလို႔ ခုတခါေတာင္းတာျဖစ္ပါတယ္။"

စစ္ဆင္ေရး အထူးစရိတ္ေတာင္းခံခ်က္အျပင္ တပ္ၿမိဳ႕စည္ပင္သာယာေရးအဖြဲ႕လိုအပ္ေငြ၊ ဓါတ္ဆီ စက္ဆီ လိုအပ္ေငြ၊ ပစၥည္းရိကၡာပို႔ေဆာင္းေရးလိုအပ္ေငြေတြကို တပ္မေတာ္ဘက္က တိုးျမွင့္ေတာင္းခံခဲ့တာပါ။ တပ္မေတာ္ ရဟတ္ယာဥ္ေတြကို စစ္ဆင္ေရးအတြက္သာမက စစ္ဆင္ေရးေဒသ အရပ္ဘက္လိုအပ္ခ်က္ေတြအတြက္ပါ အေထာက္အကူေပးေနတာရွိတယ္လို႔လည္း ဒုတိယဗိုလိခ်ဳပ္ႀကီးစိန္ဝင္းက ျဖည့္စြတ္ဘတ္ဂ်တ္ေငြ လိုအပ္ခ်က္ေတြရွင္းျပရာမွာ ထည့္သြင္းေျပာသြားပါတယ္။ တပ္မေတာ္အေနနဲ႔ ႏိုင္ငံ့ဘ႑ာကို ျဖဳန္းတီးမႈမလုပ္သလို၊ အိမ္နီးခ်င္းႏိုင္ငံမ်ားနဲ႔ ယွဥ္ရင္ေတာင္မွ တပ္မေတာ္အသုံးစရိတ္ကြာျခားမႈ ရွိတယ္လို႔လည္း ေထာက္ျပသြားပါတယ္။

တပ္မေတာ္ရဲ႕ျဖည့္စြတ္ဘတ္ဂ်က္ကို ျဖတ္ေတာက္ဖို႔တင္ျပခဲ့သူ ေဒါက္တာေမဝင္းျမင့္ဟာ လႊတ္ေတာ္ရဲ႕ သီးသန႔္ဖြဲ႕ထားတဲ့ တပ္မေတာ္ဘတ္ဂ်က္စိစစ္ေရးပူးေပါင္းအဖြဲ႕ ဝင္တစ္ဦးျဖစ္ပါတယ္။

"သာမန္ အသုံးစရိတ္ စစ္ေထာက္ခ်ဳပ္႐ုံး ဓါတ္ဆီစက္ဆီေတာင္းခံလႊာသည္ အရမ္းမ်ားေန သည့္အတြက္ အခုအခါမွာ ဓါတ္ဆီေစ်းကလည္း က်ေနသည့္အတြက္ ဓါတ္ဆီေတာင္းခံေငြမွ သန္းေပါင္း ၁၀,၀၀၀ ေလ်ာ့ခ်ဖို႔ အဆိုတင္ပါတယ္။ အမႈထမ္းပို႔ေဆာင္ေရး က်န္ ၇ လအတြက္ေတာင္းခံထားသည္မွာ မူလလ်ာထားခ်က္ထက္ ၂၁,၀၀၀ ေက်ာ္ပို ေတာင္းခံထားတဲ့ အတြက္ အဲဒီထဲက က်ပ္သန္းေပါင္း ၁၀,၀၀၀ တိတိေလွ်ာ့ခ်ဖို႔ အဆိုတင္ပါတယ္။"

ျဖတ္ေတာက္ဖို႔ တင္ျပခဲ့သူ ေဒါက္တာေမဝင္းျမင့္က ဘယ္လိုေၾကာင့္ ျဖတ္ေတာက္သင့္သလဲဆိုတာနဲ႔ပတ္သတ္ လို႔ လႊတ္ေတာ္မွာ အခုလို တင္ျပခဲ့တာျဖစ္ပါတယ္။ အေဆာက္အဦးထိန္းသိမ္းေရး စရိတ္ေတြ၊ ပညာရွင္ငွားရမ္းတာ၊ ေျမယာသိမ္းဆည္းေရးနဲ႔ ပတ္သက္တဲ့ကိစၥရပ္ေတြ၊ ခရီးစရိတ္၊ ေန႔တြက္စရိတ္၊ တပ္ၿမိဳ႕စည္ပင္ သာယာေရးအဖြဲ႕အတြက္ဆိုၿပီး ေတာင္းခံထားတာေတြထဲကက်ပ္သန္း ၂၅,၀၀၀ ေလာက္ကို ေလွ်ာ့ခ်ဖို႔ကိုလည္း တင္ျပခဲ့ပါတယ္။

ေနာက္ဆုံးမွာေတာ့ လႊတ္ေတာ္ ဘတ္ဂ်က္စိစစ္ေရးေကာ္မတီနဲ႔ ကာကြယ္ေရးဝန္ႀကီးဌာနတို႔ ညႇိႏိႈင္းမႈ အရ ကာကြယ္ေရးဝန္ႀကီးဌာန ဘက္ကတင္ျပထားတဲ့ ဘတ္ဂ်က္ထဲကေန သာမန္နဲ႔ေငြလုံးေငြရင္း ၂ ခုေပါင္းေတာင္းခံမႈထဲက က်ပ္သန္းေပါင္း ၁၀,၀၀၀ ေက်ာ္ ျဖတ္ေတာက္တာ ခြင့္ျပဳေပးခဲ့ပါတယ္။

တပ္ပိုင္းဆိုင္ရာ ဘတ္ဂ်က္သုံးစြဲမႈနဲ႔ ပတ္သတ္လို႔ လႊတ္ေတာ္မွာ အေသးစိတ္စိစစ္ႏိုင္တာမရွိဘူးလို႔ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြဘက္က ေထာက္ျပမႈေတြ ရွိေနပါတယ္။ တပ္ပိုင္းဆိုင္ရာသုံးစြဲမႈနဲ႔ ပတ္သတ္လို႔ ေထာက္ျပမႈေတြ ထဲမွာ ႏွစ္စဥ္ တိုးေတာင္းလာတဲ့ အပိုင္းေပၚမွာလည္း ေထာက္ျပခ်က္ေတြလည္းရွိေနပါတယ္။ တပ္ပိုင္းဆိုင္ရာဘက္က ေတာ့ သူတို႔သုံးစြဲမႈဟာ ႏွစ္စဥ္ အတက္အက်ရွိေနတဲ့ ေဒၚလာေငြေၾကးေပၚမွာ မူတည္တြက္ခ်က္ရတာျဖစ္လို႔ မတူညီႏိုင္သလို ႏိုင္ငံကာကြယ္ေရးအတြက္က လိုအပ္ခ်က္ေတြ ရွိတာေၾကာင့္ဆိုၿပီး တုံ႔ျပန္ေခ်ပတာေတြလည္း ရွိေနပါတယ္။

ဒီလို ျဖတ္ေတာက္မႈအေပၚ ဝန္ႀကီးဌာနဘက္က ျပန္လည္ တုံ႔ျပန္တာက က်ိဳးေၾကာင္းဆီေလွ်ာ္မႈရွိရဲ႕လား၊ ဒီႏွစ္ အတြင္းမွာ တပ္သုံးစြဲမႈက သာမန္ထက္ပိုၿပီး ပိုတိုးလာတာရွိ မရွိဆိုတာနဲ႔ပတ္သတ္လို႔ မဂၤလာဒုံ ျပည္သူ႔ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္လႈိင္ဝင္းကေတာ့ အခုလို သုံးသပ္ေျပာဆိုပါတယ္။

"က်ေနာ္တို႔ လႊတ္ေတာ္စတဲ့ သက္တမ္းကေနဆိုရင္တပ္နဲ႔ ပတ္သတ္ၿပီးစစ္ေဆးခြင့္ မရွိဘူး။ စာရင္းစစ္ကလည္း တပ္မေတာ္ဘက္ကပဲ စစ္တယ္။ အရပ္ဘက္ကေန ဝင္စစ္လို႔မရဘူး။ စစ္တာမွာလည္း တပ္နဲ႔ ပတ္သတ္လို႔ လႊတ္ေတာ္ဘက္က သီးသန႔္ဖြဲ႕တဲ့ေကာ္မတီ ၁၅ ဦးပါတဲ့ ေကာ္မတီကပဲ သူတို႔ပဲ ၾကည့္ခြင့္ရတယ္။ ေနာက္အဲဒါေတြကိုလည္း အျပင္ကိုထုတ္ေျပာလို႔မရဘူး။ အဲဒါကႏိုင္ငံေတာ္လွ်ိဳ႕ဝွက္အက္နဲ႔ ညႇိလို႔ထုတ္ေျပာလို႔ မရဘူးဆိုၿပီးပိတ္ထားတယ္ေပါ့။ အဲေတာ့ လႊတ္ေတာ္တရပ္လုံးက မသိရဘူး။ ၁၅ ေယာက္ကပဲ သိခြင့္ရတယ္။ အဲလိုနဲ႔တပ္ပိုင္းဘတ္ဂ်က္ကို ႏွစ္စဥ္ထုတ္ေပးေနရတာပါ။ ဘယ္လိုသုံးေနလဲ ထိေရာက္လား၊ သုံးစြဲေနရလားဆိုတာကေတာ့ ဘယ္လိုမွ မသိႏိုင္ဘူး စစ္လို႔မွမရတာ ဘယ္လိုသိမလဲ။ တပ္မေတာ္ဘက္က ႏွစ္စဥ္တိုးေတာင္းလာတယ္။ လခတိုးတာေရာ ကုန္က်စရိတ္ တိုးတာေကာေၾကာင့္ေပါ့။ က်ေနာ္တို႔ျမင္တာေတာ့ ျပည္တြင္းစစ္ေၾကာင့္ပိုတိုးေတာင္းလာတယ္လို႔ ယူဆပါတယ္။"

ဒီႏွစ္အတြက္ ျဖည့္စြက္ဘတ္ဂ်က္ကို အစိုးရက ေတာင္းခံတာဟာ စုစုေပါင္း က်ပ္ဘီလီယံ ၃,၀၀၀ နီးပါး ျဖစ္ၿပီး လႊတ္ေတာ္ရဲ႕ ေငြစာရင္း ပူးေပါင္းေကာ္မတီကေတာ့ ဒီလို ေတာင္းခံထားတဲ့ ပမာဏထဲက က်ပ္ ဘီလီယံ ၈၀ ေလာက္ကို ျဖတ္ေတာက္ဖို႔လႊတ္ေတာ္ကို တင္ျပခဲ့ပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကာကွယ်ရေးဘတ်ဂျက် တောင်းခံတဲ့ထဲက ကျပ် သန်း ၁ သောင်းကျော် ဖြတ်တောက် ခွင့်ပြု

လက်ရှိဘဏ္ဍာနှစ်ရဲ့ ဖြည့်စွက် ဘတ်ဂျက်မှာ ကာကွယ်ရေးဝန်ကြီးဌာနက တောင်းခံထားတဲ့ အသုံးစရိတ်တွေထဲက ကျပ်သန်းပေါင်း ၂၀,၀၀၀ ကျော် ဖြတ်တောက်ဖို့တင်ပြမှုနဲ့ ပတ်သက်လို့ ကာကွယ်ရေးဝန်ကြီးဌာနဘက်က ဖြတ်တောက်ဖို့မသင့်ကြောင်း ခုခံချေပခဲ့ပါတယ်။ ဒါပေမဲ့ ဘတ်ဂျက်စိစစ်ရေး လွှတ်တော်ကော်မတီနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့ ညှိနှိုင်းပြီး ကျပ် သန်းပေါင်း ၁,၀၀၀၀ ကျော် ဖြတ်တောက်ပြီးတော့ ခွင့်ပြုပေးလိုက်ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

လက်ရှိဘဏ္ဍာနှစ်ရဲ့ ဖြည့်စွက် ဘတ်ဂျက်မှာ ကာကွယ်ရေးဝန်ကြီးဌာနက တောင်းခံထားတဲ့ အသုံးစရိတ်တွေထဲက ကျပ်သန်းပေါင်း ၂၀,၀၀၀ ကျော် ဖြတ်တောက်ဖို့ အာဏာရပါတီ ရဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမေဝင်းမြင့်က လွှတ်တော်ကို တင်ပြထားတာပါ။ ဒီအပေါ်မှာ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း စစ်ဆင်ရေးစရိတ်အတွက် လိုအပ်ချက်အရ တောင်းခံရတာဖြစ်တယ်လို့ လွှတ်တော်ကို ရှင်းလင်းပါတယ်။

"အမှုထမ်းခေါင်းစဉ်အောက်က တောင်းခံငွေ ဒီတောင်းခံငွေတွေက စစ်ဆင်ရေးနဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်နေကြတဲ့ တပ်မတော်သားတွေအတွက် စစ်ဆင်ရေးနေ့တွက်စရိတ်ပြောင်းလဲလို့ ထပ်မံဖြည့်စွက် တောင်းခံရတာ ဖြစ်ပါတယ်။ နောက် စစ်ဆင်ရေးလုပ်တဲ့ တပ်မတော်သားတွေကို လိုအပ်တာတွေ ဝယ်နိုင်ဖို့ ဝန်ထမ်းနေ့တွက် စရိတ်ရဲ့ ၂၅ ရာခိုင်နှုန်းကို စစ်ဆင်ရေးနေ့တွက် စရိတ်အနေနဲ့ သတ်မှတ်ထားလို့ အရင် ၇၅၀ မှ အခုနေ့တွက် စရိတ် ၄,၈၀၀ ရဲ့ ၂၅ ရာခိုင်နှုန်း ဖြစ်တဲ့ ကျပ် ၁,၂၀၀ နှုန်းပေးနိုင်ဖို့ အထက်ဖော်ပြတဲ့ငွေလိုအပ်တာဖြစ်ပါတယ်။ ခွင့်ပြုချက် တောင်းခံရတာမှာ ဩဂုတ်လဖြစ်နေလို့ မူလတောင်းတာမှာ မမှီလို့ ခုတခါတောင်းတာဖြစ်ပါတယ်။"

စစ်ဆင်ရေး အထူးစရိတ်တောင်းခံချက်အပြင် တပ်မြို့စည်ပင်သာယာရေးအဖွဲ့လိုအပ်ငွေ၊ ဓါတ်ဆီ စက်ဆီ လိုအပ်ငွေ၊ ပစ္စည်းရိက္ခာပို့ဆောင်းရေးလိုအပ်ငွေတွေကို တပ်မတော်ဘက်က တိုးမြှင့်တောင်းခံခဲ့တာပါ။ တပ်မတော် ရဟတ်ယာဉ်တွေကို စစ်ဆင်ရေးအတွက်သာမက စစ်ဆင်ရေးဒေသ အရပ်ဘက်လိုအပ်ချက်တွေအတွက်ပါ အထောက်အကူပေးနေတာရှိတယ်လို့လည်း ဒုတိယဗိုလိချုပ်ကြီးစိန်ဝင်းက ဖြည့်စွတ်ဘတ်ဂျတ်ငွေ လိုအပ်ချက်တွေရှင်းပြရာမှာ ထည့်သွင်းပြောသွားပါတယ်။ တပ်မတော်အနေနဲ့ နိုင်ငံ့ဘဏ္ဍာကို ဖြုန်းတီးမှုမလုပ်သလို၊ အိမ်နီးချင်းနိုင်ငံများနဲ့ ယှဉ်ရင်တောင်မှ တပ်မတော်အသုံးစရိတ်ကွာခြားမှု ရှိတယ်လို့လည်း ထောက်ပြသွားပါတယ်။

တပ်မတော်ရဲ့ဖြည့်စွတ်ဘတ်ဂျက်ကို ဖြတ်တောက်ဖို့တင်ပြခဲ့သူ ဒေါက်တာမေဝင်းမြင့်ဟာ လွှတ်တော်ရဲ့ သီးသန့်ဖွဲ့ထားတဲ့ တပ်မတော်ဘတ်ဂျက်စိစစ်ရေးပူးပေါင်းအဖွဲ့ ဝင်တစ်ဦးဖြစ်ပါတယ်။

"သာမန် အသုံးစရိတ် စစ်ထောက်ချုပ်ရုံး ဓါတ်ဆီစက်ဆီတောင်းခံလွှာသည် အရမ်းများနေ သည့်အတွက် အခုအခါမှာ ဓါတ်ဆီဈေးကလည်း ကျနေသည့်အတွက် ဓါတ်ဆီတောင်းခံငွေမှ သန်းပေါင်း ၁၀,၀၀၀ လျော့ချဖို့ အဆိုတင်ပါတယ်။ အမှုထမ်းပို့ဆောင်ရေး ကျန် ၇ လအတွက်တောင်းခံထားသည်မှာ မူလလျာထားချက်ထက် ၂၁,၀၀၀ ကျော်ပို တောင်းခံထားတဲ့ အတွက် အဲဒီထဲက ကျပ်သန်းပေါင်း ၁၀,၀၀၀ တိတိလျှော့ချဖို့ အဆိုတင်ပါတယ်။"

ဖြတ်တောက်ဖို့ တင်ပြခဲ့သူ ဒေါက်တာမေဝင်းမြင့်က ဘယ်လိုကြောင့် ဖြတ်တောက်သင့်သလဲဆိုတာနဲ့ပတ်သတ် လို့ လွှတ်တော်မှာ အခုလို တင်ပြခဲ့တာဖြစ်ပါတယ်။ အဆောက်အဦးထိန်းသိမ်းရေး စရိတ်တွေ၊ ပညာရှင်ငှားရမ်းတာ၊ မြေယာသိမ်းဆည်းရေးနဲ့ ပတ်သက်တဲ့ကိစ္စရပ်တွေ၊ ခရီးစရိတ်၊ နေ့တွက်စရိတ်၊ တပ်မြို့စည်ပင် သာယာရေးအဖွဲ့အတွက်ဆိုပြီး တောင်းခံထားတာတွေထဲကကျပ်သန်း ၂၅,၀၀၀ လောက်ကို လျှော့ချဖို့ကိုလည်း တင်ပြခဲ့ပါတယ်။

နောက်ဆုံးမှာတော့ လွှတ်တော် ဘတ်ဂျက်စိစစ်ရေးကော်မတီနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့ ညှိနှိုင်းမှု အရ ကာကွယ်ရေးဝန်ကြီးဌာန ဘက်ကတင်ပြထားတဲ့ ဘတ်ဂျက်ထဲကနေ သာမန်နဲ့ငွေလုံးငွေရင်း ၂ ခုပေါင်းတောင်းခံမှုထဲက ကျပ်သန်းပေါင်း ၁၀,၀၀၀ ကျော် ဖြတ်တောက်တာ ခွင့်ပြုပေးခဲ့ပါတယ်။

တပ်ပိုင်းဆိုင်ရာ ဘတ်ဂျက်သုံးစွဲမှုနဲ့ ပတ်သတ်လို့ လွှတ်တော်မှာ အသေးစိတ်စိစစ်နိုင်တာမရှိဘူးလို့ လွှတ်တော် ကိုယ်စားလှယ်တွေဘက်က ထောက်ပြမှုတွေ ရှိနေပါတယ်။ တပ်ပိုင်းဆိုင်ရာသုံးစွဲမှုနဲ့ ပတ်သတ်လို့ ထောက်ပြမှုတွေ ထဲမှာ နှစ်စဉ် တိုးတောင်းလာတဲ့ အပိုင်းပေါ်မှာလည်း ထောက်ပြချက်တွေလည်းရှိနေပါတယ်။ တပ်ပိုင်းဆိုင်ရာဘက်က တော့ သူတို့သုံးစွဲမှုဟာ နှစ်စဉ် အတက်အကျရှိနေတဲ့ ဒေါ်လာငွေကြေးပေါ်မှာ မူတည်တွက်ချက်ရတာဖြစ်လို့ မတူညီနိုင်သလို နိုင်ငံကာကွယ်ရေးအတွက်က လိုအပ်ချက်တွေ ရှိတာကြောင့်ဆိုပြီး တုံ့ပြန်ချေပတာတွေလည်း ရှိနေပါတယ်။

ဒီလို ဖြတ်တောက်မှုအပေါ် ဝန်ကြီးဌာနဘက်က ပြန်လည် တုံ့ပြန်တာက ကျိုးကြောင်းဆီလျှော်မှုရှိရဲ့လား၊ ဒီနှစ် အတွင်းမှာ တပ်သုံးစွဲမှုက သာမန်ထက်ပိုပြီး ပိုတိုးလာတာရှိ မရှိဆိုတာနဲ့ပတ်သတ်လို့ မင်္ဂလာဒုံ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းကတော့ အခုလို သုံးသပ်ပြောဆိုပါတယ်။

"ကျနော်တို့ လွှတ်တော်စတဲ့ သက်တမ်းကနေဆိုရင်တပ်နဲ့ ပတ်သတ်ပြီးစစ်ဆေးခွင့် မရှိဘူး။ စာရင်းစစ်ကလည်း တပ်မတော်ဘက်ကပဲ စစ်တယ်။ အရပ်ဘက်ကနေ ဝင်စစ်လို့မရဘူး။ စစ်တာမှာလည်း တပ်နဲ့ ပတ်သတ်လို့ လွှတ်တော်ဘက်က သီးသန့်ဖွဲ့တဲ့ကော်မတီ ၁၅ ဦးပါတဲ့ ကော်မတီကပဲ သူတို့ပဲ ကြည့်ခွင့်ရတယ်။ နောက်အဲဒါတွေကိုလည်း အပြင်ကိုထုတ်ပြောလို့မရဘူး။ အဲဒါကနိုင်ငံတော်လျှို့ဝှက်အက်နဲ့ ညှိလို့ထုတ်ပြောလို့ မရဘူးဆိုပြီးပိတ်ထားတယ်ပေါ့။ အဲတော့ လွှတ်တော်တရပ်လုံးက မသိရဘူး။ ၁၅ ယောက်ကပဲ သိခွင့်ရတယ်။ အဲလိုနဲ့တပ်ပိုင်းဘတ်ဂျက်ကို နှစ်စဉ်ထုတ်ပေးနေရတာပါ။ ဘယ်လိုသုံးနေလဲ ထိရောက်လား၊ သုံးစွဲနေရလားဆိုတာကတော့ ဘယ်လိုမှ မသိနိုင်ဘူး စစ်လို့မှမရတာ ဘယ်လိုသိမလဲ။ တပ်မတော်ဘက်က နှစ်စဉ်တိုးတောင်းလာတယ်။ လခတိုးတာရော ကုန်ကျစရိတ် တိုးတာကောကြောင့်ပေါ့။ ကျနော်တို့မြင်တာတော့ ပြည်တွင်းစစ်ကြောင့်ပိုတိုးတောင်းလာတယ်လို့ ယူဆပါတယ်။"

ဒီနှစ်အတွက် ဖြည့်စွက်ဘတ်ဂျက်ကို အစိုးရက တောင်းခံတာဟာ စုစုပေါင်း ကျပ်ဘီလီယံ ၃,၀၀၀ နီးပါး ဖြစ်ပြီး လွှတ်တော်ရဲ့ ငွေစာရင်း ပူးပေါင်းကော်မတီကတော့ ဒီလို တောင်းခံထားတဲ့ ပမာဏထဲက ကျပ် ဘီလီယံ ၈၀ လောက်ကို ဖြတ်တောက်ဖို့လွှတ်တော်ကို တင်ပြခဲ့ပါတယ်ရှင်။

XS
SM
MD
LG