သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

HMPV ဗိုင်းရပ်စ်ကူးမှု တရုတ်နဲ့ WHO ဆက်သွယ်ဆောင်ရွက်


တရုတ်နိုင်ငံ ဇီကျန်းခရိုင်၊ Hangzhou ဆေးရုံတရုံရဲ့ ကလေးသူငယ်ဌာနရှေ့မှာ ကုသမှုခံဖို့စောင့်ဆိုင်းနေကြတဲ့ကလေးများ။ (ဇန်နဝါရီ ၆၊ ၂၀၂၅)
တရုတ်နိုင်ငံ ဇီကျန်းခရိုင်၊ Hangzhou ဆေးရုံတရုံရဲ့ ကလေးသူငယ်ဌာနရှေ့မှာ ကုသမှုခံဖို့စောင့်ဆိုင်းနေကြတဲ့ကလေးများ။ (ဇန်နဝါရီ ၆၊ ၂၀၂၅)

တရုတ်နိုင်ငံမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ Human Metapneumovirus (HMPV) ဗိုင်းရပ်စ် ကူးစက်ပျံ့ပွားနေတာနဲ့ ပတ်သက်ပြီး WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနဲ့ ဆက်သွယ်ဆောင်ရွက် နေတယ်လို့ တရုတ်အစိုးရက ပြောပါတယ်။

အေးတဲ့ရာသီတွေမှာ ဖြစ်လေ့ရှိတဲ့ရောဂါတွေလိုပဲ HMPV ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှု တရုတ်နိုင်ငံမှာ များနေတဲ့အပေါ် WHO ကစောင့်ကြည့်နေတယ်လို့ သတင်းထုတ်ပြန်ခဲ့ပြီး ရက်ပိုင်းအကြာမှာ WHO နဲ့ ဆက်သွယ်ဆောင်ရွက်နေတယ်လို့ တရုတ်အစိုးရပြောခွင့်ရက ဒီနေ့ သတင်းစာရှင်းပွဲမှာ ပြောသွားတာ ဖြစ်ပါတယ်။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုနဲ့ပတ်သက်လို့ တရုတ်နိုင်ငံအနေနဲ့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနဲ့ အနီးကပ်ဆက်သွယ်မှုရှိပြီး အချက်အလက်တွေကို အချိန်မီ မျှဝေနေ တယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Guo Jiakun က ပြောကြားခဲ့ပါတယ်။

ရောဂါကူးစက်ခံရသူ တရုတ်နိုင်ငံသားတွေနဲ့ နိုင်ငံခြားသားတွေကို တရုတ်အစိုးရက ကျန်းမာရေး စောင့်ရှောက်ကုသမှု ပေးနေတယ်လို့လည်းပြောပါတယ်။ HMPV ဗိုင်းရပ်စ်ဟာ ရောဂါပိုးအသစ် မဟုတ်ဘဲ လူတွေမှာ ကူးစက်ဖြစ်ပွားလာတာ အနှစ် ၆၀ ကျော် ရှိပြီလို့လည်း သူကဆိုခဲ့ပါတယ်။ နှစ်စဉ် ဆောင်းရာသီကာလ ကမ္ဘာ့မြောက်ပိုင်းနိုင်ငံတွေမှာ အခုလို အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါမျိုး ဖြစ်လေ့ရှိပြီး တရုတ်နိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေဟာ ရောဂါ ပျံ့နှံ့ဖြစ်နေတဲ့ပုံစံမျိုး မဟုတ်သေးဘူး လို့ WHO ကလည်း ဇန်နဝါရီ ၇ ရက်က ထုတ်ပြန်ထားပါတယ်။

တရုတ်ကျန်းမာရေးဌာနအနေနဲ့ ဒီရောဂါကို နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်သလို အရေးပေါ် အခြေအနေ ကြေညာတဲ့အခြေအနေလည်း မရှိသေးဘူးလို့ WHO ကပြောပါတယ်။ တရုတ်ကျန်းမာရေးတာဝန်ရှိသူ တွေနဲ့ WHO အဆက်အသွယ်ရှိပြီး အခြေအနေကို စောင့်ကြည့်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး ကလည်း ပြောပါတယ်။

 HMPV ဗိုင်းရပ်စ်ကူးမှု တရုတ်နဲ့ WHO ဆက်သွယ်ဆောင်ရွက်
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG