သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Hollywood သရုပ်ဆောင်၊ စာရေးဆရာ၊ ဇာတ်ညွှန်းဆရာတွေ ဆန္ဒပြ 


အမေရိကန်ပြည်ထောင်စု Los Angeles မြို့က အင်တာနက်ရုပ်သံထုတ်လွှင့်တဲ့ Netflix ကုမ္ပဏီရှေ့ ဆန္ဒပြနေကြတဲ့ ရုပ်ရှင်နယ်ပယ်အသီးသီးက အနုပညာရှင်များ (ဇူလိုင် ၁၂၊ ၂၀၂၃)
အမေရိကန်ပြည်ထောင်စု Los Angeles မြို့က အင်တာနက်ရုပ်သံထုတ်လွှင့်တဲ့ Netflix ကုမ္ပဏီရှေ့ ဆန္ဒပြနေကြတဲ့ ရုပ်ရှင်နယ်ပယ်အသီးသီးက အနုပညာရှင်များ (ဇူလိုင် ၁၂၊ ၂၀၂၃)

အမေရိကန်ပြည်ထောင်စုက Hollywood ရုပ်ရှင်နဲ့ ရုပ်သံစာရေးဆရာတွေ၊ ဇာတ်ညွှန်းဆရာတွေအပါအဝင် သရုပ်ဆောင်များသမဂ္ဂအဖွဲ့ဝင်တွေ ဒီနေ့ ဆန္ဒပြနေကြတာကြောင့် ရိုက်ကူးရေးတွေ ထိခိုက်နေပါတယ်၊ နာမည်ကျော် သရုပ်ဆောင်တွေ မင်းသမီးတွေပါ ပါဝင်နေကြတဲ့ သပိတ်မှောက် ဆန္ဒပြမှုတွေဟာ ဆယ်စုနှစ်တွေအတွင်း Hollywood ရဲ့ အကြီးဆုံးဆန္ဒပြပွဲတွေဖြစ်လာပါတယ်။ စာရေးဆရာ၊ ဇာတ်ညွှန်းဆရာတွေအလုပ်တွေကို အစားထိုးဖို့ AI ဉာဏ်ရည်တု အသုံးပြုလာတာ၊ လုပ်ခလစာနည်းပါးတာစတဲ့ ကိစ္စတွေအတွက် ဆန္ဒပြဖို့ ကြာသပတေးနေ့က သမဂ္ဂခေါင်းဆောင်တွေ တညီတညွတ်ထဲ မဲခွဲဆုံးဖြတ်ခဲ့ကြတာပါ။

အမေရိကန်ပြည်ထောင်စု Los Angeles မြို့က အင်တာနက်ရုပ်သံထုတ်လွှင့်တဲ့ Netflix ကုမ္ပဏီရှေ့ သပိတ်မှောက်နေကြတဲ့ ရုပ်ရှင်နယ်ပယ်အသီးသီးက အနုပညာရှင်များ (ဇူလိုင် ၁၃၊ ၂၀၂၃)
အမေရိကန်ပြည်ထောင်စု Los Angeles မြို့က အင်တာနက်ရုပ်သံထုတ်လွှင့်တဲ့ Netflix ကုမ္ပဏီရှေ့ သပိတ်မှောက်နေကြတဲ့ ရုပ်ရှင်နယ်ပယ်အသီးသီးက အနုပညာရှင်များ (ဇူလိုင် ၁၃၊ ၂၀၂၃)

ပြီးခဲ့တဲ့ မေလအစောပိုင်းကတည်းက Hollywood ရုပ်ရှင်နဲ့ ရုပ်သံ စာရေးဆရာ ထောင်ပေါင်းများစွာဟာ လစာတိုးမြင့်ပေးဖို့ တောင်းဆိုဆန္ဒပြမှုတွေကြောင့် ရုပ်သံလုပ်ငန်းကြီးတွေ၊ ရုပ်ရှင်စတူဒီယိုတွေမှာ ရုပ်သံရိုက်ကူးထုတ်လုပ်ရေးလုပ်ငန်းတွေ ထိခိုက်နေပါတယ်။ ကမ္ဘာတဝန်း အွန်လိုင်းရုပ်သံထုတ်လွှင့်တာတွေ တွင်ကျယ်လာတာနဲ့အညီ ဖြစ်လာတဲ့ အပြောင်းအလဲတွေကို အမှီလိုက်နေတဲ့ Hollywood ရုပ်ရှင်လုပ်ငန်းမှာ လွန်ခဲ့တဲ့ ၁၅ နှစ်လုံး အခုလို အလုပ်သမားအရေးနဲ့ ပတ်သက်လို့ ဆန္ဒပြတောင်းဆိုတာမျိုး မကြုံခဲ့ရပါဘူး။

၂၀၀၇ နဲ့ ၂၀၀၈ ခုနှစ်အတွင်းကတော့ အမေရိကန် စာရေးဆရာများအသင်းရဲ့ နောက်ဆုံးသပိတ်ဟာ ရက်ပေါင်း ၁၀၀ ကြာမြင့်ခဲ့ပါတယ်။ သပိတ်ကြောင့် ရှိုးအစီအစဉ်ထုတ်လုပ်မှုတွေရပ်တန့်ခဲ့ရပြီး အလုပ်လက်မဲ့ စာရေးဆရာတွေ၊ သရုပ်ဆောင်တွေနဲ့ ထုတ်လုပ်သူတွေရဲ့ အသုံးစရိတ်တွေကို လျှော့ချခဲ့တာကြောင့် ကယ်လီဖိုးနီးယားပြည်နယ် စီးပွားရေး ဒေါ်လာ ၂.၁ ဘီလီယံ ထိခိုက်ခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG