သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင် တက္ကသိုလ်က တီယန်နန်မင်လှုပ်ရှားမှု အထိမ်းအမှတ်ရုပ်တု ဖယ်ရှားခံရ


APTOPIX Hong Kong Tiananmen Sculpture
APTOPIX Hong Kong Tiananmen Sculpture

{{Zawgyi/Unicode}}

တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်က တီယန်နန်မင်ရင်ပြင်မှာ ၁၉၈၉ ခုနှစ်၊ ဒီမိုကရေစီရေး လှုပ်ရှားမှုကို ဖြိုခွင်းခံခဲ့ရတဲ့ အထိမ်းအမှတ်အဖြစ် ဟောင်ကောင် တက္ကသိုလ်ဝန်းမှာ ထားရှိတဲ့ အထိမ်းအမှတ်ရုပ်တုကို ကြာသပတေးနေ့မှာပဲ ဖယ်ရှားလိုက်ပါတယ်။

နှစ်ပေါင်း ၂ဝ ကျော် တက္ကသိုလ်ဝန်းထဲမှာ ထားရှိခဲ့တဲ့ အထိမ်းအမှတ်ရုပ်တုကို ကြာသပတေးနေ့ အစောပိုင်းက ဖယ်ရှားချိန်မှာတော့ ကျောင်းသားတွေနဲ့ ပတ်ဝန်းကျင်ကလူတွေ လာကြည့်ကြပါတယ်။ တက္ကသိုလ်အာဏာပိုင်တွေကတော့ ရုပ်တုကို စတိုခန်းမှာသိမ်းထားတယ်လို့ ဆိုပါတယ်။ ပြင်ပက ဥပဒေပညာရှင်တွေရဲ့ အကြံပြုချက်တွေနဲ့ တက္ကသိုလ်ရဲ့ ကောင်းကျိုးအတါက် ရည်ရွယ်ပြီး အခုလို ဖယ်ရှားဖို့ ဆုံးဖြတ်ခဲ့တာလို့လည်း ဟောင်ကောင် တက္ကသိုလ်ကောင်စီရဲ့ ကြာသပတေးနေ့ အစောပိုင်း ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာပါ။

၁၉၈၉ တီယန်နန်မင်ရင်ပြင်က ဒီမိုကရေစီရေး လှုပ်ရှားမှုကို နှိမ်နင်းခဲ့တာနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံက ပြည့်ပြည့်စုံစုံ ဖော်ပြလေ့ မရှိသလို၊ တရားဝင် အထိမ်းအမှတ်တွေကိုလည်း ခွင့်မပြုပါဘူး။ တီယန်နန်မင်ရင်ပြင် လှုပ်ရှားမှုကို နှိမ်နင်းရာမှာ သေဆုံးသူ ၃၀၀ လောက်ကို အာဏာပိုင်တွေက တရားဝင် စာရင်းပြထားပေမဲ့ ကိုယ်တွေ့မျက်မြင် ကြုံခဲ့ရသူတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ သေဆုံးသူ ထောင်ဂဏန်းအထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ ဟောင်ကောင် တက္ကသိုလ်က ဖယ်ရှားလိုက်တဲ့ ရုပ်တုကို ဖန်တီးသူ Jens Galschiot ကတော့ ဇာတိနိုင်ငံ ဒိန်းမတ်ကို ယူခွင့်ပြုဖို့ ကျောင်းအာဏာပိုင်တွေကို တောင်းခံခဲ့ပေမဲ့ မရခဲ့ဘူးလို့လည်း ဗွီအိုအေကို ပြောပါတယ်။ ရုပ်တုကို ဖယ်ရှားတဲ့ လုပ်ရပ်ဟာ ရက်စက်လွန်းရာကျပြီး ဟောင်ကောင်ဟာ တဖြည်းဖြည်း တရုတ်ပြည်မကြီးနဲ့ တူလာနေပြီလို့လည်း ပြောဆိုခဲ့ပါတယ်။

........................................

တိုက်ရိုက် လင့်ခ်


{{Unicode}}




XS
SM
MD
LG