သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဟာင္ေကာင္ Evergreen Marine ကုမၸဏီ စစ္ေကာင္စီႏွင္႔ အဆက္ျဖတ္မည္


Container transportation and shipping company Evergreen Marine Aug. 3, 2021.

[ ZAWGYI ]

ေဟာင္ေကာင္ Evergreen Marine ကုမၸဏီ စစ္ေကာင္စီႏွင္႔ အဆက္ျဖတ္မည္

ျမန္မာစစ္ေကာင္စီနဲ႔ ဆက္ႏြယ္ေနတဲ့ စီးပြါးေရးလုပ္ငန္းေတြကို ဆက္မလုပ္ဖို႔ ဆံုးျဖတ္တဲ့ ကုမၸဏီေတြ တိုးလာေနခ်ိန္မွာပဲ တိုင္ဝမ္ေရေၾကာင္းပို႔ေဆာင္ေရး ကုမၸဏီႀကီး Evergreen Marine က ျမန္မာစစ္တပ္ပိုင္ ဆိပ္ကမ္းေတြဆီ သူတုိ႔ သေဘၤာေတြေစလႊတ္ေတာ့မွာ မဟုတ္ေၾကာင္း ၾကာသပေတးေန႔မွာ ေျပာပါတယ္။

ျမန္္မာႏို္င္ငံမွာ မႏွစ္ကေဖေဖၚဝါရီ စစ္တပ္အာဏာသိမ္းခဲ့တဲ့ ေနာက္ အာဏာသိမ္းဆန္႔က်င္သူ ၁၅၀၀ ေက်ာ္ စစ္တပ္ရဲ့ၿဖိဳခြဲမႈေၾကာင့္ ေသဆံုးခဲ့ရတဲ့ ေနာက္ပိုင္း လူ႔အခြင့္ေရးအဖြဲ႔ေတြရဲ့ ဖိအားေပးမႈေၾကာင့္ မၾကာေသးခင္ကပဲ ျပင္သစ္က တိုတယ္စြမ္အင္ကုမၸဏီကစၿပီး ၿဗိတိန္- အေမရိကန္ေဆးလိပ္ကုမၸဏီနဲ႔ ေနာ္ေဝးက တယ္လီေနာ ကုမၸဏီေတြ ျမန္မာႏိုင္ငံနဲ႔ စီးပြါးေရး မလုပ္ေတာ့တာ ျဖစ္ပါတယ္။

စစ္တပ္ပိုင္ ထီးတန္းဆိပ္ကမ္းမွာ သူတုိ႔သေဘၤာေတြကို ရပ္နားေလ့ရွိတဲ့ Evergreen ကုမၸဏီက ဒီဆိပ္ကမ္းကို ဆက္သံုးေတာ့မွာ မဟုတ္ေၾကာင္းနဲ႔ လက္တြဲလုပ္ေဆာင္ေန တဲ့ ေဒသတြင္းကုမၸဏီေတြကို အေၾကာင္းၾကားထားၿပီးျဖစ္ေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္ေျပာဆိုခဲ့ေပမယ့္ တျခားဆိပ္ကမ္းေတြမွာ သူတုိ႔သေဘၤာေတြ ဆိုက္ကပ္ဖို႔ ရွိမရွိေတာ့ ေဖၚျပမထားပါဘူး။

Burma Campaign UK ရဲ့ ထုတ္ျပန္ခ်က္အရ ျမန္မာစစ္တပ္နဲ႔ ဆက္ႏြယ္ေနတဲ့ ကုမၸဏီေတြဟာ ရန္ကုန္က ဆိပ္ကမ္း ၃ ခုကို ကိုင္တြယ္ေနတာ ျဖစ္ၿပီး၂၀၂၀ တုန္းကေတာ့ သေဘၤာကုမၸဏီႀကီး တခုျဖစ္တဲ့ Maersk က သူတုိ႔ေတြနဲ႔လုပ္ေဆာင္ေနတဲ့ လုပ္ငန္းေတြကို ရပ္ဆိုင္းခဲ့တာ ျဖစ္ပါတယ္။

တခ်ိန္ထည္းမွာပဲ ၿဗိတိန္အစိုးရ ႏိုင္ငံတကာကုန္သြယ္ေရးနဲ႔ ဖြံၿဖိဳးေရးဌာနက ျမန္မာႏိုင္ငံမွာ စီးပြါးေရးလုပ္ေဆာင္မႈနဲ႔ပတ္သက္ၿပီး ေဖေဖၚဝါရီ ၉ ရက္မွာ အႀကံေပးခ်က္ အသစ္ ထုတ္ျပန္လိုက္ၿပီး ၿဗိတိန္ကုမၸဏီေတြ အေနနဲ႔ ျမန္မာစစ္တပ္ အတြက္ ေလယာဥ္ဆီ တင္သြင္းမႈ မလုပ္ဖို႔ထည့္သြင္းထားပါတ ယ္။ ျမန္မာစစ္တပ္ဟာ အရပ္သားေတြကို ပစ္မွတ္ထား ေလေၾကာင္း တုိက္ခိုက္မႈေတြ လုပ္ေနတာ ေတြ႔ရတာေၾကာင့္ ဂ်က္ ေလယာဥ္ဆီလို ေလယာဥ္ဆီေတြ ျမန္မာစစ္တပ္ ဆီ မေရာက္ေအာင္ စီးပြါးေရးလုပ္ငန္းရွင္ေတြကို ေၾကညာခ်က္မွာ သတိေပးထားတာျဖစ္ပါတယ္။

= = = = = = = = = = = = = =

တိုက္႐ိုက္ လင့္ခ္

{ UNICODE }

ဟောင်ကောင် Evergreen Marine ကုမ္ပဏီ စစ်ကောင်စီနှင့် အဆက်ဖြတ်မည်

မြန်မာစစ်ကောင်စီနဲ့ ဆက်နွယ်နေတဲ့ စီးပွါးရေးလုပ်ငန်းတွေကို ဆက်မလုပ်ဖို့ ဆုံးဖြတ်တဲ့ ကုမ္ပဏီတွေ တိုးလာနေချိန်မှာပဲ တိုင်ဝမ်ရေကြောင်းပို့ဆောင်ရေး ကုမ္ပဏီကြီး Evergreen Marine က မြန်မာစစ်တပ်ပိုင် ဆိပ်ကမ်းတွေဆီ သူတို့ သင်္ဘောတွေစေလွှတ်တော့မှာ မဟုတ်ကြောင်း ကြာသပတေးနေ့မှာ ပြောပါတယ်။

မြန်မာနိုင်ငံမှာ မနှစ်ကဖေဖေါ်ဝါရီ စစ်တပ်အာဏာသိမ်းခဲ့တဲ့ နောက် အာဏာသိမ်းဆန့်ကျင်သူ ၁၅၀၀ ကျော် စစ်တပ်ရဲ့ဖြိုခွဲမှုကြောင့် သေဆုံးခဲ့ရတဲ့ နောက်ပိုင်း လူ့အခွင့်ရေးအဖွဲ့တွေရဲ့ ဖိအားပေးမှုကြောင့် မကြာသေးခင်ကပဲ ပြင်သစ်က တိုတယ်စွမ်အင်ကုမ္ပဏီကစပြီး ဗြိတိန်- အမေရိကန်ဆေးလိပ်ကုမ္ပဏီနဲ့ နော်ဝေးက တယ်လီနော ကုမ္ပဏီတွေ မြန်မာနိုင်ငံနဲ့ စီးပွါးရေး မလုပ်တော့တာ ဖြစ်ပါတယ်။

စစ်တပ်ပိုင် ထီးတန်းဆိပ်ကမ်းမှာ သူတို့သင်္ဘောတွေကို ရပ်နားလေ့ရှိတဲ့ Evergreen ကုမ္ပဏီက ဒီဆိပ်ကမ်းကို ဆက်သုံးတော့မှာ မဟုတ်ကြောင်းနဲ့ လက်တွဲလုပ်ဆောင်နေ တဲ့ ဒေသတွင်းကုမ္ပဏီတွေကို အကြောင်းကြားထားပြီးဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့ပေမယ့် တခြားဆိပ်ကမ်းတွေမှာ သူတို့သင်္ဘောတွေ ဆိုက်ကပ်ဖို့ ရှိမရှိတော့ ဖေါ်ပြမထားပါဘူး။

Burma Campaign UK ရဲ့ ထုတ်ပြန်ချက်အရ မြန်မာစစ်တပ်နဲ့ ဆက်နွယ်နေတဲ့ ကုမ္ပဏီတွေဟာ ရန်ကုန်က ဆိပ်ကမ်း ၃ ခုကို ကိုင်တွယ်နေတာ ဖြစ်ပြီး၂၀၂၀ တုန်းကတော့ သင်္ဘောကုမ္ပဏီကြီး တခုဖြစ်တဲ့ Maersk က သူတို့တွေနဲ့လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

တချိန်ထည်းမှာပဲ ဗြိတိန်အစိုးရ နိုင်ငံတကာကုန်သွယ်ရေးနဲ့ ဖွံဖြိုးရေးဌာနက မြန်မာနိုင်ငံမှာ စီးပွါးရေးလုပ်ဆောင်မှုနဲ့ပတ်သက်ပြီး ဖေဖေါ်ဝါရီ ၉ ရက်မှာ အကြံပေးချက် အသစ် ထုတ်ပြန်လိုက်ပြီး ဗြိတိန်ကုမ္ပဏီတွေ အနေနဲ့ မြန်မာစစ်တပ် အတွက် လေယာဉ်ဆီ တင်သွင်းမှု မလုပ်ဖို့ထည့်သွင်းထားပါတ ယ်။ မြန်မာစစ်တပ်ဟာ အရပ်သားတွေကို ပစ်မှတ်ထား လေကြောင်း တိုက်ခိုက်မှုတွေ လုပ်နေတာ တွေ့ရတာကြောင့် ဂျက် လေယာဉ်ဆီလို လေယာဉ်ဆီတွေ မြန်မာစစ်တပ် ဆီ မရောက်အောင် စီးပွါးရေးလုပ်ငန်းရှင်တွေကို ကြေညာချက်မှာ သတိပေးထားတာဖြစ်ပါတယ်။

XS
SM
MD
LG