သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားမဝင်လုပ်ငန်းကြား ပိတ်မိသူတွေ ကယ်ဖို့ ဟောင်ကောင်အထူးအဖွဲ့ ထိုင်းကိုရောက်

ထိုင်းနိုင်ငံကတဆင့် လုပ်ငန်းအကြောင်းပြလိမ်လည်ပြီး မြန်မာနိုင်ငံက အွန်လိုင်းလိမ်လည်ဂိုဏ်းမှာ ရောင်စားခံခဲ့ရတဲ့ တရုတ်ရုပ်ရှင်မင်းသား Wang Xing (ယခင်မှတ်တမ်းဓာတ်ပုံ)
ထိုင်းနိုင်ငံကတဆင့် လုပ်ငန်းအကြောင်းပြလိမ်လည်ပြီး မြန်မာနိုင်ငံက အွန်လိုင်းလိမ်လည်ဂိုဏ်းမှာ ရောင်စားခံခဲ့ရတဲ့ တရုတ်ရုပ်ရှင်မင်းသား Wang Xing (ယခင်မှတ်တမ်းဓာတ်ပုံ)

မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာ တရားမဝင် လုပ်ငန်းတွေလုပ်ကိုင်ရင်း နေရပ်ပြန်မရောက်တဲ့ ဟောင်ကောင်ဒေသခံတွေကို ရှာဖွေဖို့ ဟောင်ကောင် လုံခြုံရေးဗျူရိုက ထိုင်းနိုင်ငံကို အထူးအဖွဲ့တဖွဲ့ စေလွှတ်ထားကြောင်း ဘန်ကောက်ပို့စ်သတင်းစာမှာ ရေးပါတယ်။

မကြာသေးခင်က တရုတ် သရုပ်ဆောင် ရုပ်ရှင်မင်းသား Wang Xing မြန်မာနိုင်ငံဘက်က အွန်လိုင်း ငွေကြေးလိမ်ညာသူတွေ အဓမ္မခေါ်ဆောင်သွားတာကြောင့် ကယ်ဆယ်ခဲ့ရတဲ့ ဖြစ်ရပ်ပေါ်ပေါက်ခဲ့ ပြီးနောက်မှာ ဟောင်ကောင်‌ဒေသခံတွေကို ရှာဖွေကယ်တင်ဖို့ အထူးအဖွဲ့ ထိုင်းနိုင်ငံကို တနင်္ဂနွေနေ့က ရောက်တာလာပါ။ ဟောင်ကောင်ဒေသခံတွေ အရှေ့တောင်အာရှ နိုင်ငံတွေက တရားမဝင် လုပ်ငန်းတွေ မှာ အလုပ်လုပ်နေရပြီး ၂၀၂၄ ခုနှစ် ဒုတိယ သုံးလပတ်ကတည်းက ခရီးသွားခွင့်မရတော့တဲ့အကြောင်း အကူအညီတောင်းခံသူ ၂၈ ဦး ရှိခဲ့ပြီး ၁၆ ယောက်ပဲ ပြန်ရောက်လာကြောင်း ဟောင်ကောင်လုံခြုံရေး ဗျူရိုက ပြောပါတယ်။

ဒီအတောအတွင်း ဟောင်ကောင် နာမည်ကြီး Cantopop အဆိုတော် Eason Chan Yik-shun ဖေဖေါ်ဝါရီလအတွင်း ထိုင်းနိုင်ငံမှာ လာရောက်ဖျော်ဖြေဖို့ စီစဉ်ထားတဲ့ ဖျော်ဖြေပွဲကို လုံခြုံရေး အကြောင်းပြချက်နဲ့ ဖျက်သိမ်းလိုက်ပါတယ်။ တရုတ်နိုင်ငံသားတွေ နယ်စပ်က အွန်လိုင်း ငွေကြေးလိမ်လည်တဲ့ ကျားဖြန့်လုပ်ငန်းတွေမှာ လှည့်ဖျားအသုံးချခံနေရတဲ့အကြောင်း သတင်းတွေထွက်နေတဲ့အတွက် လုံခြုံရေးအရ စိုးရိမ်ပြီး ဖျော်ဖြေပွဲကို ဖျက်လိုက်တာလို့ ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးပါတယ်။

တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG