မြန်မာနိုင်ငံက ပြည်ပကို ဆန်တင်ပို့ရောင်းချမှု ပြီးခဲ့တဲ့နှစ်အတွင်း တိုးမြင့်လာခဲ့ပေမယ့် ဒေသတွင်းက ဆန်အဓိက တင်ပို့တဲ့ နိုင်ငံတွေကို ခြိမ်းချောက်မှု မဖြစ်စေဘူးလို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဗီယက်နမ်နိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့ စီးပွားရေး ညီလာခံမှာ ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံက ဆန်တွေ ဘယ်ကို အဓိက တင်ပို့ နေသလဲ၊ ဒေသတွင်း နိုင်ငံတွေနဲ့ အရည်အသွေး ဘယ်လို ကွာခြားသလဲ ဆိုတာကိုတော့ အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။