သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ပညာရေးစံနစ် တိုးတက်အောင် ဘယ်လို ပြုပြင်မလဲ


၁၀ တန်းအောင်စာရင်း လာကြည့်ကြသူများ။
၁၀ တန်းအောင်စာရင်း လာကြည့်ကြသူများ။

ဒီနှစ်အတွက် မြန်မာနိုင်ငံက တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အောင်စာရင်းတွေ ထွက်လာတာမှာ အရင်နှစ်ကထက် စာရင် အောင်ချက် ကျသွားတာကို တွေ့ရပါတယ်။ ကျတဲ့နှုန်းက မသိသာပေမယ့် တိုးတက် မလာတာက ပိုပြီး အရေးပါနေပါတယ်။ ဒါ့အပြင် အောက်ချက် ကလည်း နှစ်စဉ် ၃၀% ကျော်ကျော် ဝန်းကျင်မှာဘဲ ပုံမှန် ရှိလာတော့ ကျန်တဲ့ ၇၀% နီးပါးသော ကျောင်းသား လူငယ်တွေအတွက် ဘာဆက်လုပ်ပေးမလဲ ဆိုတာပါ။ လက်ရှိအစိုးရက ပညာရေးစနစ် တိုးတက်အောင် လုပ်ဆောင်မယ့်အကြောင်း ထားတဲ့ကြားက အခုလို အောင်ချက်ကျနေတာဟာ ဘာကြောင့်ပါလဲ၊ အောင်ချက်ကောင်းပြီး နိုင်ငံတကာ အဆင့်မှီတဲ့ ပညာရေးစနစ်ဖြစ်အောင် ဘာတွေလုပ်ဆောင်ဖို့ လိုမလဲဆိုတာကို မြန်မာနိုင်ငံ ပညာရေးစံနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် အဖွဲ့က အတွင်းရေးမှူး အဖွဲ့ဝင် ဒေါ်သူသူမာ၊ စာရေးဆရာ ဒေါက်တာ တင်မောင်သန်း၊ မြန်မာနိုင်ငံမှာ ပထမဆုံး ဓါတ်သင်ပုန်း တီထွင်သူ ကိုရန်မင်းအောင်၊ R.I.T. ကျောင်းသား သမဂ္ဂဥက္ကဋ္ဌ ကိုမြတ်မင်းသူတို့နဲ့ ကိုဇော်ဝင်းလှိုင်က ဆွေးနွေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG