ကုလလူ႔အခြင့္အေရး ေကာ္မရွင္နာမင္းႀကီး တ႐ုတ္ခရီးစဥ္အေပၚ အေမရိကန္ေဝဖန္
{{Zawgyi/Unicode}}
ကုလသမဂၢ လူ႔အခြင့္အေရးမဟာမင္းႀကီး Michelle Bachelet တ႐ုတ္ျပည္သြားေရာက္မယ့္ အေၾကာင္း ေသာၾကာေန႔က ေၾကညာလိုက္ၿပီးေနာက္ ေ၀ဖန္မူေတြ ထြက္ေပၚလာပါတယ္။
လူ႔အခြင့္အေရး မဟာမင္းႀကီး Bachelet အေနနဲ႔ ရွင္က်န္းျပည္နယ္ထဲက ၀ီဂါမြတ္ဆလင္ေတြနဲ႔ ပတ္သက္ၿပီး အေရးဆုိဖုိ႔ ပ်က္ကြက္တယ္လုိ႔ အေမရိကန္အစိုးရက ေ၀ဖန္လုိက္ပါတယ္။
သူ႔အေနနဲ႔ ရွင္က်န္းျပည္နယ္သြားတဲ့အခါ ဘာေတြကုိေတြ႔ ျမင္ခြင့္ရမယ္ဆုိတဲ့ အာမခံခ်က္မရွိဘဲ သြားမွာျဖစ္တဲ့အတြက္ အလြန္စုိးရိမ္မိေၾကာင္းနဲ႔ တရုတ္အစိုးရ အေနနဲ႔ ရွင္က်န္းမွာ လူ႔အခြင့္ေရး အေျခအေနေတြကုိ လြတ္လြတ္လပ္ေလ့လာ စုံစမ္းခြင့္ေပးလိမ့္မယ္လုိ႔ မေမွ် ာ္လင့္ေၾကာင္း အေမရိကန္ႏုိင္ငံျခားေရး၀န္ႀကီးဌာန ေျပာေရးဆုိခြင့္ရွိသူ Ned Price က သတင္းေထာက္ေတြကုိ ေျပာဆုိခဲ့ပါတယ္။
တရုတ္အစိုးရက လူ႔အခြင့္အေရးခ်ိဳးေဖါက္မႈေတြ က်ဴးလြန္တာ ခံေနရတယ္လို႔ဆိုတဲ့ ဝီဂါမြတ္ဆလင္ေတြ အမ်ားစုရွိရာ ရွင္က်န္းျပည္နယ္ကုိ အဓိပၸါယ္ျပည့္၀ၿပီး၊ လြတ္လြတ္လပ္လပ္ သြားေရာက္ေလ့လာခြင့္ေပးဖုိ႔ ကုလသမဂၢက ႏွစ္နဲ႔ခ်ီ ေတာင္းဆိုခဲ့ၿပီးေနာက္ ေသာၾကာေန႔တုံးကမွ လူ႔အခြင့္အေရး မဟာမင္းႀကီး သြားေရာက္မယ့္ အေၾကာင္းထြက္ေပၚလာတာ ျဖစ္ပါတယ္။ တနလၤာေန့မွာ ၆ ရက္ၾကာခရီးစဥ္ကုိ စတင္မွာျဖစ္တယ္လုိ႔ UNHCR ရုံးကေနထုတ္ျပန္ခဲ့ပါတယ္။
ရွင္က်န္းက ၀ီဂါမြတ္ဆလင္ေတြအေပၚ တရုတ္အစုိးရက Genocide လူမ်ိဳးတုံးေအာင္ လုပ္ေဆာင္ေနတယ္လုိ႔ အေမရိကန္နဲ႔ အေနာက္တုိင္း ႏုိင္ငံေတြစြပ္စဲြထားၿပီး၊ ဒီ ၀ီဂါမြတ္ဆလင္ေတြနဲ့ ပတ္သက္တဲ့ အစီရင္ခံစာကုိ အခ်ိန္ၾကာျမင့္စြာေစာင့္ဆုိင္းေနေပမယ့္၊ လူ႔အခြင့္အေရးမဟာမင္းႀကီးက ထုတ္ျပန္ျခင္းမရွိေသးဘူးလုိ႔လည္း အေမရိကန္ ႏုိ္င္ငံျခားေရး၀န္ႀကီးဌာန ေျပာခြင့္ရပုဂၢိဳလ္ Ned Price ကေျပာဆုိခဲ့ပါတယ္။
...............................................
ကုလလူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး တရုတ်ခရီးစဉ်အပေါ် အမေရိကန်ဝေဖန်
{{Zawgyi/Unicode}}
ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီး Michelle Bachelet တရုတ်ပြည်သွားရောက်မယ့် အကြောင်း သောကြာနေ့က ကြေညာလိုက်ပြီးနောက် ဝေဖန်မူတွေ ထွက်ပေါ်လာပါတယ်။
လူ့အခွင့်အရေး မဟာမင်းကြီး Bachelet အနေနဲ့ ရှင်ကျန်းပြည်နယ်ထဲက ဝီဂါမွတ်ဆလင်တွေနဲ့ ပတ်သက်ပြီး အရေးဆိုဖို့ ပျက်ကွက်တယ်လို့ အမေရိကန်အစိုးရက ဝေဖန်လိုက်ပါတယ်။
သူ့အနေနဲ့ ရှင်ကျန်းပြည်နယ်သွားတဲ့အခါ ဘာတွေကိုတွေ့ မြင်ခွင့်ရမယ်ဆိုတဲ့ အာမခံချက်မရှိဘဲ သွားမှာဖြစ်တဲ့အတွက် အလွန်စိုးရိမ်မိကြောင်းနဲ့ တရုတ်အစိုးရ အနေနဲ့ ရှင်ကျန်းမှာ လူ့အခွင့်ရေး အခြေအနေတွေကို လွတ်လွတ်လပ်လေ့လာ စုံစမ်းခွင့်ပေးလိမ့်မယ်လို့ မမျှေ ာ်လင့်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Ned Price က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။
တရုတ်အစိုးရက လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ကျူးလွန်တာ ခံနေရတယ်လို့ဆိုတဲ့ ဝီဂါမွတ်ဆလင်တွေ အများစုရှိရာ ရှင်ကျန်းပြည်နယ်ကို အဓိပ္ပါယ်ပြည့်ဝပြီး၊ လွတ်လွတ်လပ်လပ် သွားရောက်လေ့လာခွင့်ပေးဖို့ ကုလသမဂ္ဂက နှစ်နဲ့ချီ တောင်းဆိုခဲ့ပြီးနောက် သောကြာနေ့တုံးကမှ လူ့အခွင့်အရေး မဟာမင်းကြီး သွားရောက်မယ့် အကြောင်းထွက်ပေါ်လာတာ ဖြစ်ပါတယ်။ တနင်္လာနေ့မှာ ၆ ရက်ကြာခရီးစဉ်ကို စတင်မှာဖြစ်တယ်လို့ UNHCR ရုံးကနေထုတ်ပြန်ခဲ့ပါတယ်။
ရှင်ကျန်းက ဝီဂါမွတ်ဆလင်တွေအပေါ် တရုတ်အစိုးရက Genocide လူမျိုးတုံးအောင် လုပ်ဆောင်နေတယ်လို့ အမေရိကန်နဲ့ အနောက်တိုင်း နိုင်ငံတွေစွပ်စွဲထားပြီး၊ ဒီ ဝီဂါမွတ်ဆလင်တွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို အချိန်ကြာမြင့်စွာစောင့်ဆိုင်းနေပေမယ့်၊ လူ့အခွင့်အရေးမဟာမင်းကြီးက ထုတ်ပြန်ခြင်းမရှိသေးဘူးလို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Ned Price ကပြောဆိုခဲ့ပါတယ်။