သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္႔သတ္ခ်က္ေတြေၾကာင့္ ရခိုင္ျပည္နယ္မွာ စာနာမႈအကူအညီေပးေရး လုပ္ငန္းေတြ အခက္ေတြ႕


(Zawgyi / Unicode)

ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ တိုက္ပြဲေတြ ျပင္းထန္ေနတဲ့ ရခိုင္က ၿမိဳ႕နယ္တခ်ိဳ႕မွာ ကုလသမဂၢ အဖြဲ႕အစည္းေတြနဲ႔ လူသားခ်င္းဆိုင္ရာ ကူညီေရးအဖြဲ႕ေတြ သြားလာခြင့္ ကန႔္သတ္ခံထားရတာေၾကာင့္ စားနပ္ရိကၡာ အကူအညီေပးေရး အခက္ႀကဳံေနရတယ္လို႔ စစ္ေဘးဒုကၡသည္ေတြက ေျပာပါတယ္။ ရခိုင္နဲ႔ခ်င္းျပည္နယ္ ေတာင္ပိုင္းမွာ တေၾကာ့ျပန္ တိုက္ပြဲေတြေၾကာင့္ အိမ္စြန႔္ခြာ ထြက္ေျပးေနရသူ ၉၀,၀၀၀ အထိ ရွိေနတယ္လို႔ ကုလသမဂၢ လူသားခ်င္းစာနာမႈဆိုင္ရာ ညႇိႏႈိင္းေရး႐ုံးက ထုတ္ျပန္ထားပါတယ္။ ရခိုင္ျပည္နယ္အတြင္းက ဒုကၡသည္ေတြရဲ႕ အေျခအေန သတင္းေပးပို႔ခ်က္ကို ကိုဉာဏ္ဝင္းေအာင္က တင္ျပထားပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ စစ္ေကာင္စီနဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တို႔ၾကား ျဖစ္ပြားေနတဲ့ တိုက္ပြဲေတြေၾကာင့္ ေနရပ္စြန္႔ခြာ ထြက္ေျပးေနရသူေတြ မ်ားလာသလို လူသားခ်င္းစာနာ ေထာက္ထားမႈ အကူညီေတြ ေပးဖို႔ လိုအပ္ခ်က္ေတြ ထပ္တိုးလာတဲ့အေၾကာင္း ကုလသမဂၢလူ သားခ်င္းစာ နာမႈဆိုင္ရာ ညႇိႏႈိင္းေရး႐ုံး ရဲ႕ ဗုဒၶဟူးေန႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
ရခိုင္ေျမာက္ပိုင္းက ဘူးသီးေတာင္၊ ေမာင္ေတာ၊ မင္းျပား၊ ေျမာက္ဦး၊ ေျမပုံနဲ႔ ရေသ့ေတာင္ၿမိဳ႕နယ္ေတြမွာ လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီေတြ ဝင္ေရာက္ဖို႔ ကန႔္ သတ္ခ်က္ေတြရွိေနတာကိုလည္း UNOCHA ႐ုံးက ေထာက္ျပပါတယ္။ အဲဒီေဒသေတြမွာ ကူညီေထာက္ပံ့ေရးလုပ္ငန္းေတြ မလုပ္ ႏိုင္ဘူးလို႔လည္း ကူညီေပးေရးလုပ္ငန္းေတြ ေဆာင္႐ြက္ေနတဲ့ အဖြဲ႕တခု ရဲ႕ တာဝန္ရွိသူတဦးကေျပာပါတယ္။

“ က်ေနာ္တို႔က လက္ရွိမွာ လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီေတြကို ေပးလို႔မရဘူး ျဖစ္ေနတယ္။ ေနာက္ၿပီးေတာ့ ပစၥည္းေတြ ဝယ္ယူရတဲ့ အပိုင္းမွာလည္း တအားအခက္ အခဲေတြရွိတယ္။ ေစ်းေတြကလည္း တရက္နဲ႔ တရက္မတူ ေစ်းတက္လာတာေတြရွိတယ္။ လက္ရွိမွာ စစ္ေကာင္စီက INGOေတြ၊ NGO ေတြ၊ UN အဖြဲ႕အစည္းေတြကို ၿမိဳ႕နယ္ ေျခာက္ခုမွ ကန႔္သတ္ထားတဲ့အျပင္ Local CSO ေတြကိုလည္း ပစ္မွတ္ထားၿပီး ဖမ္းဆီးလာတဲ့ အေျခ အေနမွာ ရွိတယ္ဆိုေတာ့ လုပ္ရကိုင္ရတာ အရမ္းခက္ခဲတဲ့ အေျခအေနမွာ ရွိေနပါတယ္။”

ျမန္မာစစ္တပ္ဘက္က ရခိုင္ျပည္နယ္မွာ လူသားခ်င္းဆိုင္ရာ ကူညီေရး လုပ္ငန္းေတြကို ကန႔္သတ္ထားတဲ့အျပင္ တိုက္ပြဲျဖစ္ပြားေနတဲ့ ၿမိဳ႕နယ္တခ်ိဳ႕ကိုလည္း ခရီးသြားလာခြင့္၊ ကုန္စည္သယ္ယူခြင့္ေတြ ပိတ္ပင္ထားတာလည္း ျဖစ္ပါတယ္။
ဒါ့အျပင္ စစ္ေကာင္စီ ဘက္ကလည္း စစ္ေဘးဒုကၡသည္ စခန္းေတြကို ကူညီေထာက္ပ့ံ့ေပးတာ မရွိသလို တျခား လူမႈကယ္ဆယ္ေရး အဖြဲ႕ေတြလည္း လာေရာက္ေထာက္ပံ့ေပးတာ မရွိတာေၾကာင့္ စားဝတ္ေနေရး အခက္ႀကဳံေနၾကရတယ္လို႔ ေက်ာက္ေတာ္ၿမိဳ႕နယ္ ေညာင္ေခ်ာင္း စစ္ေရွာင္စခန္းတာဝန္ခံ ဦးသန္းေအးကေျပာပါတယ္။

“ တေၾကာ့ျပန္တိုက္ပြဲေၾကာင့္ စစ္ေရွာင္ေတြက ထပ္ၿပီးေတာ့ တိုးလာတာဆိုေတာ့ တေၾကာ့ျပန္ တိုက္ပြဲ မျဖစ္ခင္ကတည္းက စားနပ္ရိကၡာက လုံေလာက္မႈမရွိဘူး။ လူကယ္ျပန္က ဆိုရင္လည္း ဒီႏွစ္မွာ ၇ လေလာက္ရွိေနၿပီ ဆန္ရိကၡာမေထာက္ပံ့တာ။ WFP ရဲ႕ ေထာက္ပံ့မႈနဲ႔ သြားေနရတာ။ အခုက တိုက္ပြဲျပန္ျဖစ္လာတယ္။ လူဦးေရလည္း တိုးလာတယ္ဆိုေတာ့ WFP ေထာက္ပံ့မႈ တခုတည္းနဲ႔ စစ္ေဘးဒုကၡသည္ေတြက ရပ္တည္လို႔မရဘူး။ အခုက ေျပာျပဖို႔ မတတ္ေလာက္ေအာင္ အခက္အခဲျဖစ္ေနတယ္။”

လက္ရွိမွေတာ့ အဲဒီစစ္ေဘးဒုကၡသည္ စခန္းမွာ လူဦးေရ ၃,၀၀၀ ေက်ာ္အထိ ရွိေနၿပီး ၁လစာအတြက္ လူတဦးကို က်ပ္ ၁၈,၀၀၀ စီ ကမာၻ႔စားနပ္ရိကၡာအဖြဲ႕ WFP ကေထာက္ပံ့ေပး ထားပါတယ္။ ဒါေပမဲ့ ကုန္းေစ်းႏႈန္းေတြ ျမင့္တက္ေနတာေၾကာင့္ ေလာက္ငမႈ မရွိဘူးလို႔လည္း စစ္ေဘး ဒုကၡသည္ေတြကေျပာပါတယ္။

ျမန္မာစစ္တပ္ဘက္က အခုလို လူသားခ်င္းဆိုင္ရာ ကူညီေရး လုပ္ငန္းေတြကို ကန႔္သတ္ ထားတာဟာ ရခိုင္ျပည္နယ္အတြင္း အေျခအေနကို ပိုၿပီး ဆိုးဝါးေအာင္ တြန္းပို႔သလို ျဖစ္ေနတယ္လို႔ ကူညီေရးလုပ္ေနသူတဦး ကေျပာပါတယ္။

“ လူသားခ်င္ဆိုင္ရာ အကူအညီေတြနဲ႔ ပတ္သတ္ၿပီးေတာ့ ကန႔္သတ္တာကေတာ့ စစ္ေကာင္ စီအေနနဲ႔ ဘယ္လိုမွ မလုပ္သင့္တဲ့ အလုပ္တခုျဖစ္တယ္။ ဒီလိုမ်ိဳး ဆက္လုပ္ေနမယ္ ဆိုရင္ေတာ့ ရခိုင္ျပည္နယ္မွာ ဒီထက္ဆိုး႐ြားတဲ့ အေျခအေနေတြျဖစ္လာမယ္။ ငတ္မြတ္ ေခါင္းပါးမႈေတြ ျဖစ္လာႏိုင္တာေၾကာင့္ ဘယ္လိုမွ မလုပ္သင့္ဘူးလို႔ ေျပာခ်င္ပါတယ္။”

ကုလသမဂၢရဲ႕ ေအာက္တိုဘာလ (၁၀) ရက္ေန႔အထိ ေနာက္ဆုံး စာရင္းေတြအရ ျမန္မာႏိုင္ငံတဝွမ္းမွာ အိုးအိမ္စြန႔္ခြာ ထြက္ေျပးရသူ ဦးေရဟာ ၁ ဒသမ ၄သန္းေက်ာ္ ရွိေနၿပီး ဒီအထဲက လူဦးေရ ၁ သန္းေက်ာ္ဟာ အာဏာသိမ္းၿပီးေနာက္ပိုင္း ျဖစ္ေပၚလာတဲ့ ပဋိပကၡနဲ႔ မလုံၿခဳံမႈေတြေၾကာင့္ ေနရပ္စြန႔္ခြာထြက္ ေျပးၾကရသူေတြ ျဖစ္တယ္လို႔လည္း ကုလသမဂၢလူ သားခ်င္းစာ နာမႈဆိုင္ရာ ညႇိႏႈိင္းေရး႐ုံးရဲ႕ ဗုဒၶဟူးေန႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ရခိုင္နဲ႔ခ်င္းျပည္နယ္ ေတာင္ပိုင္းမွာ တေၾကာ့ျပန္တိုက္ပြဲေတြေၾကာင့္ အိမ္စြန႔္ခြာ ထြက္ေျပးေနရ သူ ၉၀,၀၀၀ အထိရွိေနတယ္လို႔လည္း ကုလသမဂၢရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖၚျပပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ကန့်သတ်ချက်တွေကြောင့် ရခိုင်ပြည်နယ်မှာ စာနာမှုအကူအညီပေးရေး လုပ်ငန်းတွေ အခက်တွေ့

မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်က မြို့နယ်တချို့မှာ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ လူသားချင်းဆိုင်ရာ ကူညီရေးအဖွဲ့တွေ သွားလာခွင့် ကန့်သတ်ခံထားရတာကြောင့် စားနပ်ရိက္ခာ အကူအညီပေးရေး အခက်ကြုံနေရတယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။ ရခိုင်နဲ့ချင်းပြည်နယ် တောင်ပိုင်းမှာ တကြော့ပြန် တိုက်ပွဲတွေကြောင့် အိမ်စွန့်ခွာ ထွက်ပြေးနေရသူ ၉၀,၀၀၀ အထိ ရှိနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက ထုတ်ပြန်ထားပါတယ်။ ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်တွေရဲ့ အခြေအနေ သတင်းပေးပို့ချက်ကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူတွေ များလာသလို လူသားချင်းစာနာ ထောက်ထားမှု အကူညီတွေ ပေးဖို့ လိုအပ်ချက်တွေ ထပ်တိုးလာတဲ့အကြောင်း ကုလသမဂ္ဂလူ သားချင်းစာ နာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး ရဲ့ ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရခိုင်မြောက်ပိုင်းက ဘူးသီးတောင်၊ မောင်တော၊ မင်းပြား၊ မြောက်ဦး၊ မြေပုံနဲ့ ရသေ့တောင်မြို့နယ်တွေမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ဝင်ရောက်ဖို့ ကန့် သတ်ချက်တွေရှိနေတာကိုလည်း UNOCHA ရုံးက ထောက်ပြပါတယ်။ အဲဒီဒေသတွေမှာ ကူညီထောက်ပံ့ရေးလုပ်ငန်းတွေ မလုပ် နိုင်ဘူးလို့လည်း ကူညီပေးရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အဖွဲ့တခု ရဲ့ တာဝန်ရှိသူတဦးကပြောပါတယ်။

“ ကျနော်တို့က လက်ရှိမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ပေးလို့မရဘူး ဖြစ်နေတယ်။ နောက်ပြီးတော့ ပစ္စည်းတွေ ဝယ်ယူရတဲ့ အပိုင်းမှာလည်း တအားအခက် အခဲတွေရှိတယ်။ ဈေးတွေကလည်း တရက်နဲ့ တရက်မတူ ဈေးတက်လာတာတွေရှိတယ်။ လက်ရှိမှာ စစ်ကောင်စီက INGOတွေ၊ NGO တွေ၊ UN အဖွဲ့အစည်းတွေကို မြို့နယ် ခြောက်ခုမှ ကန့်သတ်ထားတဲ့အပြင် Local CSO တွေကိုလည်း ပစ်မှတ်ထားပြီး ဖမ်းဆီးလာတဲ့ အခြေ အနေမှာ ရှိတယ်ဆိုတော့ လုပ်ရကိုင်ရတာ အရမ်းခက်ခဲတဲ့ အခြေအနေမှာ ရှိနေပါတယ်။”

မြန်မာစစ်တပ်ဘက်က ရခိုင်ပြည်နယ်မှာ လူသားချင်းဆိုင်ရာ ကူညီရေး လုပ်ငန်းတွေကို ကန့်သတ်ထားတဲ့အပြင် တိုက်ပွဲဖြစ်ပွားနေတဲ့ မြို့နယ်တချို့ကိုလည်း ခရီးသွားလာခွင့်၊ ကုန်စည်သယ်ယူခွင့်တွေ ပိတ်ပင်ထားတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီ ဘက်ကလည်း စစ်ဘေးဒုက္ခသည် စခန်းတွေကို ကူညီထောက်ပံ့ပေးတာ မရှိသလို တခြား လူမှုကယ်ဆယ်ရေး အဖွဲ့တွေလည်း လာရောက်ထောက်ပံ့ပေးတာ မရှိတာကြောင့် စားဝတ်နေရေး အခက်ကြုံနေကြရတယ်လို့ ကျောက်တော်မြို့နယ် ညောင်ချောင်း စစ်ရှောင်စခန်းတာဝန်ခံ ဦးသန်းအေးကပြောပါတယ်။

“ တကြော့ပြန်တိုက်ပွဲကြောင့် စစ်ရှောင်တွေက ထပ်ပြီးတော့ တိုးလာတာဆိုတော့ တကြော့ပြန် တိုက်ပွဲ မဖြစ်ခင်ကတည်းက စားနပ်ရိက္ခာက လုံလောက်မှုမရှိဘူး။ လူကယ်ပြန်က ဆိုရင်လည်း ဒီနှစ်မှာ ၇ လလောက်ရှိနေပြီ ဆန်ရိက္ခာမထောက်ပံ့တာ။ WFP ရဲ့ ထောက်ပံ့မှုနဲ့ သွားနေရတာ။ အခုက တိုက်ပွဲပြန်ဖြစ်လာတယ်။ လူဦးရေလည်း တိုးလာတယ်ဆိုတော့ WFP ထောက်ပံ့မှု တခုတည်းနဲ့ စစ်ဘေးဒုက္ခသည်တွေက ရပ်တည်လို့မရဘူး။ အခုက ပြောပြဖို့ မတတ်လောက်အောင် အခက်အခဲဖြစ်နေတယ်။”

လက်ရှိမှတော့ အဲဒီစစ်ဘေးဒုက္ခသည် စခန်းမှာ လူဦးရေ ၃,၀၀၀ ကျော်အထိ ရှိနေပြီး ၁လစာအတွက် လူတဦးကို ကျပ် ၁၈,၀၀၀ စီ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ကထောက်ပံ့ပေး ထားပါတယ်။ ဒါပေမဲ့ ကုန်းဈေးနှုန်းတွေ မြင့်တက်နေတာကြောင့် လောက်ငမှု မရှိဘူးလို့လည်း စစ်ဘေး ဒုက္ခသည်တွေကပြောပါတယ်။

မြန်မာစစ်တပ်ဘက်က အခုလို လူသားချင်းဆိုင်ရာ ကူညီရေး လုပ်ငန်းတွေကို ကန့်သတ် ထားတာဟာ ရခိုင်ပြည်နယ်အတွင်း အခြေအနေကို ပိုပြီး ဆိုးဝါးအောင် တွန်းပို့သလို ဖြစ်နေတယ်လို့ ကူညီရေးလုပ်နေသူတဦး ကပြောပါတယ်။

“ လူသားချင်ဆိုင်ရာ အကူအညီတွေနဲ့ ပတ်သတ်ပြီးတော့ ကန့်သတ်တာကတော့ စစ်ကောင် စီအနေနဲ့ ဘယ်လိုမှ မလုပ်သင့်တဲ့ အလုပ်တခုဖြစ်တယ်။ ဒီလိုမျိုး ဆက်လုပ်နေမယ် ဆိုရင်တော့ ရခိုင်ပြည်နယ်မှာ ဒီထက်ဆိုးရွားတဲ့ အခြေအနေတွေဖြစ်လာမယ်။ ငတ်မွတ် ခေါင်းပါးမှုတွေ ဖြစ်လာနိုင်တာကြောင့် ဘယ်လိုမှ မလုပ်သင့်ဘူးလို့ ပြောချင်ပါတယ်။”

ကုလသမဂ္ဂရဲ့ အောက်တိုဘာလ (၁၀) ရက်နေ့အထိ နောက်ဆုံး စာရင်းတွေအရ မြန်မာနိုင်ငံတဝှမ်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ဦးရေဟာ ၁ ဒသမ ၄သန်းကျော် ရှိနေပြီး ဒီအထဲက လူဦးရေ ၁ သန်းကျော်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက် ပြေးကြရသူတွေ ဖြစ်တယ်လို့လည်း ကုလသမဂ္ဂလူ သားချင်းစာ နာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးရဲ့ ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ရခိုင်နဲ့ချင်းပြည်နယ် တောင်ပိုင်းမှာ တကြော့ပြန်တိုက်ပွဲတွေကြောင့် အိမ်စွန့်ခွာ ထွက်ပြေးနေရ သူ ၉၀,၀၀၀ အထိရှိနေတယ်လို့လည်း ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြပါတယ်။

XS
SM
MD
LG