သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားမွာ အရန္တပ္စုေဆာင္းမႈ ဆန္႔က်င္ေရး ဆႏၵျပပဲြအတြင္း ဖမ္းဆီးခံရသူ ၈၀၀ နီးပါးရွိ


(Zawgyi/ Unicode)

႐ုရွားမွာ ယူကရိန္းစစ္ပဲြအတြက္ အရန္ စစ္အင္အား စုေဆာင္းမႈကို ဆန္႔က်င္တဲ့ ဆႏၵျပပဲြေတြ ဆက္လက္ျဖစ္ပြားခဲ့ၿပီး ၿမိဳ႔ႀကီး ေပါင္း ၃၃ ၿမိဳ႔မွာ လူေပါင္း ၈၀၀ နီးပါးဖမ္းဆီးခံထားရတယ္လို႔ လူ႔အခြင့္အေရး အဖဲြ႕တခုကေျပာပါတယ္။

ဖမ္းဆီးခံရသူ အေရအတြက္ဟာ ၇၉၆ ေယာက္ရွိၿပီး အဲဒီ အထဲက တ၀က္ေလာက္ဟာ ၿမိဳ႔ေတာ္ ေမာ္စကိုက ျဖစ္တယ္လို႔လည္း ႏိုင္ငံေရးလႈပ္ရွားသူေတြ ဖမ္းဆီးခံရမႈ အေျခအေနကို ေစာင့္ၾကည့္ေနတဲ့ OVD-Info အဖဲြ႕က ေျပာပါတယ္။

စက္တင္ဘာလ ၂၁ ရက္ေန႔မွာ သမၼတ Vladimir Putin က အရန္ စစ္အင္အားေတြကို တစိတ္တပိုင္း စတင္စုဖဲြ႕သြား ဖို႔ အမိန္႔ ထုတ္ျပန္ခဲ့ၿပီးေနာက္ ဆႏၵျပပဲြေတြ ျဖစ္ေပၚခဲ့ၿပီး အဲဒီ ကတည္းက စတင္ဖမ္းဆီးခံခဲ့ရတာလို႔ လူ႔အခြင့္အေရး အဖဲြ႕ေတြက ေျပာဆိုပါတယ္။

အတိုက္အခံ အင္အားစုေတြျဖစ္တဲ့ Vesna နဲ႔ အတိုက္အခံေခါင္းေဆာင္ Alexey Navalny ကို ေထာက္ခံသူေတြက ဦးေဆာင္တဲ့ ဆႏၵျပပဲြေတြ ျဖစ္ေပၚတဲ့ ၿမိဳ႔ႀကီးေတြမွာ ရဲတပ္ဖဲြ႔ အင္အားေတြ ခ်ထားပါတယ္။

ဆႏၵျပပဲြမွာ ဖမ္းဆီးခံရသူ လူငယ္အမ်ားစုဟာ စစ္မႈထမ္းဖို႔ ဆင့္ေခၚခံရသူေတြ ျဖစ္ပါတယ္။ ယူကရိန္းရဲ႕ တန္ျပန္ထိုး စစ္ေၾကာင့္ ႐ုရွားသိမ္းပိုက္ထားတဲ့ ယူကရိန္း အေရွ႕ဖက္ျခမ္းမွာ ႐ုရွားတပ္ေတြ သိသိသာသာ အထိနာခဲ့ၿပီးေနာက္ အခုလို အရန္တပ္ဖဲြ႕ အင္အားေတြကို စုဖဲြ႕ဖို႔ လုပ္ေဆာင္လာတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ စက္တင္ဘာလ ၂၄ ရက္ေန႔တုန္းက လက္နက္ခ်သူေတြနဲ႔ စစ္မႈထမ္းဖို႔ ျငင္းဆန္သူေတြကို ျပင္းထန္တဲ့ အျပစ္ေပး အေရးယူမႈေတြ လုပ္ဖို႔ သမၼတ Putin က ထပ္မံ အမိန္႔ထုတ္ျပန္ခဲ့ပါတယ္။ စစ္မႈထမ္းဖို႔ အရန္ အင္အား ၃ သိန္းကို စုေဆာင္းသြားမယ္လို႔ ႐ုရွားကာကြယ္ေရး ၀န္ႀကီးဌာနက ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ရုရှားမှာ အရန်တပ်စုဆောင်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲအတွင်း ဖမ်းဆီးခံရသူ ၈၀၀ နီးပါးရှိ

ရုရှားမှာ ယူကရိန်းစစ်ပွဲအတွက် အရန် စစ်အင်အား စုဆောင်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ပြီး မြို့ကြီး ပေါင်း ၃၃ မြို့မှာ လူပေါင်း ၈၀၀ နီးပါးဖမ်းဆီးခံထားရတယ်လို့ လူ့အခွင့်အရေး အဖွဲ့တခုကပြောပါတယ်။

ဖမ်းဆီးခံရသူ အရေအတွက်ဟာ ၇၉၆ ယောက်ရှိပြီး အဲဒီ အထဲက တဝက်လောက်ဟာ မြို့တော် မော်စကိုက ဖြစ်တယ်လို့လည်း နိုင်ငံရေးလှုပ်ရှားသူတွေ ဖမ်းဆီးခံရမှု အခြေအနေကို စောင့်ကြည့်နေတဲ့ OVD-Info အဖွဲ့က ပြောပါတယ်။

စက်တင်ဘာလ ၂၁ ရက်နေ့မှာ သမ္မတ Vladimir Putin က အရန် စစ်အင်အားတွေကို တစိတ်တပိုင်း စတင်စုဖွဲ့သွား ဖို့ အမိန့် ထုတ်ပြန်ခဲ့ပြီးနောက် ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့ပြီး အဲဒီ ကတည်းက စတင်ဖမ်းဆီးခံခဲ့ရတာလို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောဆိုပါတယ်။
အတိုက်အခံ အင်အားစုတွေဖြစ်တဲ့ Vesna နဲ့ အတိုက်အခံခေါင်းဆောင် Alexey Navalny ကို ထောက်ခံသူတွေက ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်တဲ့ မြို့ကြီးတွေမှာ ရဲတပ်ဖွဲ့ အင်အားတွေ ချထားပါတယ်။

ဆန္ဒပြပွဲမှာ ဖမ်းဆီးခံရသူ လူငယ်အများစုဟာ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရသူတွေ ဖြစ်ပါတယ်။ ယူကရိန်းရဲ့ တန်ပြန်ထိုး စစ်ကြောင့် ရုရှားသိမ်းပိုက်ထားတဲ့ ယူကရိန်း အရှေ့ဖက်ခြမ်းမှာ ရုရှားတပ်တွေ သိသိသာသာ အထိနာခဲ့ပြီးနောက် အခုလို အရန်တပ်ဖွဲ့ အင်အားတွေကို စုဖွဲ့ဖို့ လုပ်ဆောင်လာတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်နေ့တုန်းက လက်နက်ချသူတွေနဲ့ စစ်မှုထမ်းဖို့ ငြင်းဆန်သူတွေကို ပြင်းထန်တဲ့ အပြစ်ပေး အရေးယူမှုတွေ လုပ်ဖို့ သမ္မတ Putin က ထပ်မံ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ စစ်မှုထမ်းဖို့ အရန် အင်အား ၃ သိန်းကို စုဆောင်းသွားမယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ပြောဆိုထားပါတယ်။

XS
SM
MD
LG