သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 တောင် နဲ့ မြောက် ကာရိုလိုင်းနား ဟာရီကိန်းမုန်တိုင်းဖြတ်သန်းမှု အခြေအနေ


STORM-IAN/FLORIDA
STORM-IAN/FLORIDA

IAN ဟာရီကိန်း မုန်တိုင်းဟာ ရေကြီးတာ၊ သစ်ပင်တွေပြိုလဲတာနဲ့ လျှပ်စစ်မီး ပြတ်တောက်တာတွေ တွေ့ကြုံခံစားရတယ်လို့ အဲဒီဖက်မှာ နေထိုင်တဲ့ မြန်မာနွယ်ဖွား အမေရိကန်တွေက ပြောဆိုကြပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

တောင် နဲ့ မြောက် ကာရိုလိုင်းနား ဟာရီကိန်းမုန်တိုင်းဖြတ်သန်းမှု အခြေအနေ

{{Zawgyi/Unicode}}


IAN ဟာရီကိန်း မုန်တိုင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းထဲ ဖလော်ရီဒါပြည်နယ်ကို မွှေနှောက်ခဲ့ပြီးနောက်၊ အနီးအနားက တောင်ကယ်ရိုလိုင်းနားနဲ့ မြောက်ကယ်ရိုလိုင်းနား ပြည်နယ်တွေထဲက ဒေသတချို့ကို ဖြတ်သန်းသွားတာကြောင့် အဲဒီဒေသတွေမှာ ရေကြီးတာ၊ သစ်ပင်တွေပြိုလဲတာနဲ့ လျှပ်စစ်မီး ပြတ်တောက်တာတွေ တွေ့ကြုံခံစားရတယ်လို့ အဲဒီဖက်မှာ နေထိုင်တဲ့ မြန်မာနွယ်ဖွား အမေရိကန်တွေက ပြောဆိုကြပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ဗုဒ္ဓဟူးနေ့က အရှေ့တောင်ဖက် အစွန်ဆုံး ဖလော်ရီဒါပြည်နယ်ကို ဝင်ရောက်ခြေမွှသွားတဲ့ IAN ဟာရီကိန်း မုန်တိုင်းဟာ မြောက်ဖက်ပိုင်းကို ဦးတည်ပြီး တိုက်ခိုက်နေတဲ့အတွက် အခုဆိုရင် ဖလော်ရီဒါနဲ့ကပ်လျှက် တောင်ကယ်ရိုလိုင်းနားနဲ့ မြောက်ကယ်ရိုလိုင်းနားပြည်နယ်တွေကို ဖြတ်သန်း တိုက်ခတ်နေတာ ဖြစ်ပါတယ်။

ကုန်းတွင်းပိုင်းကို ဝင်လာတာနဲ့အမျှ လေတိုက်အားနဲ့ မိုးရွာသွန်းမှုက ဖလော်ရီဒါပြည်နယ်မှာလောက် မပြင်းထန်ပေမဲ့ ထိခိုက်မှုနဲ့ အခက်အခဲတွေ ကြုံနေရတယ်လို့ တောင်ကယ်ရိုလိုင်းနားပြည်နယ်မှာနေတဲ့ ကိုညိုက VOA ကို ရှင်းပြပါတယ်။

ကိုညို ။. ။ " South Carolina မှာ အထိအခိုက်အများဆုံးကတော့ Charleston ပဲ ။ အဲဒီဖက်တွေမှာ ရေက ၃ ပေ ၄ ပေအထိတက်လာပြီး ပင်လယ်နဲ့ နီးတဲ့ဖက်တွေမှာ ၉ ပေအထိတက်တယ်ပြောတယ်။ အပျက်အစီးကတော့ အခုထိမသိရသေးဘူး။ များတာတော့ များတယ်။

ကိုဉာဏ်ဝင်းအောင် ။ ။ တောင် ကယ်ရိုလိုင်းနားပြည်နယ် အုပ်ချုပ်ရေးမှူးအနေနဲ့ သူတို့ ဘယ်လိုလုပ်ပေးမယ်ပြောလဲ။

ကိုညို ။. ။ သူတို့မုန်တိုင်းမလာခင်ကတည်းက ခိုလှုံရေးစခန်းတွေ ပြင်ဆင်ပေးထားတယ်။ နောက်ပြီးတော့ ကိုလံဘီယာ ကလူတွေလာပြီးတော့ နေထိုင်ခိုလှုံဖို့လုပ်ပေးထားတယ်။

မုန်တိုင်းဟာ အမေရိကန် မြောက်ဖက်ပိုင်းကို ရွေ့လျားနေတာမို့ မြောက်ကယ်ရိုလိုင်းနားပြည်နယ်ကိုလည်း ဖြတ်ပြီး တိုက်ခတ်နေတာပါ။ မြောက်ကယ်ရိုလိုင်းနားရဲ့ Graham မြို့မှာနေထိုင်တဲ့ မြန်မာ့အရေးလှုပ်ရှားသူ ကိုအောင်သန်းကတော့ သူတို့ လက်ရှိ ကြုံတွေ့နေရတဲ့ အခြေအနေကို ပြောပြပါတယ်။

ကိုအောင်သန်း ။. ။ ကျနော်နေတဲ့မြို့မှာဆိုရင် မိုးတွေကတော့ ရွာနေတယ်။ မီးတွေပျက် ရေလည်းမလာဘူး။ အခက်အခဲတွေကတော့ရှိပါတယ်။ လမ်းတွေမှာလည်း မီးတိုင်တွေ ပြိုလဲနေပါတယ်။

ကိုဉာဏ်ဝင်းအောင် ။ ။ အာဏာပိုင်တွေကရော ဘာတွေလုပ်ပေးနေပါလဲ။

ကိုအောင်သန်း ။. ။ လျှပ်စစ်မီးရဖို့၊ လမ်းတွေပေါ်မှာ ရှင်းလင်းရေးလုပ်နေတာကို သက်ဆိုင်ရာက လုပ်ပေးနေပါတယ်။ သတင်းဌာနတွေကလည်း လှုပ်ဆော်ပေးနေပါတယ်။

IAN ဟာရီကိန်းကြောင့် မုန်တိုင်းဖြတ်သန်းခဲ့ရာ ဖလော်ရီဒါ၊ တောင်ကယ်ရိုလိုင်းနားနဲ့ မြောက်ကယ်ရိုလိုင်းနား ပြည်နယ်တွေမှာ လက်ရှိအချိန်ထိ သေဆုံးသူစုစုပေါင်း အနည်းဆုံး(၇၃)ဦးရှိတယ်လို့ အမေရိကန်သတင်းဌာနတွေမှာ ဖေါ်ပြပါတယ်။

အောက်တိုဘာ ၁ ရက် စနေနေ့မှာ မုန်တိုင်းကြောင့် မြောက်ကယ်ရိုလိုင်းနားနဲ့ အနောက် ဗာဂျီးနီးယားပြည်နယ်တွေမှာ မိုးရေချိန် ၃ လက်မကနေ ၆ လက်မထိ ရွာသွန်းနိုင်တယ်လို့ အမျိုးသားဟာရီကိန်းစင်တာက သတိပေးထားပါတယ်။

မုန်းတိုင်းကျရောက်ခဲ့တဲ့ ဖလော်ရီဒါပြည်နယ်မှာဆိုရင် စနေနေ့အထိ ဒေသခံ(၁.၃)သန်းလောက် လျှပ်စစ်မီး မရသေးသလို ၊ တောင်ကယ်ရိုလိုင်းနား ပြည်နယ်မှာဆိုရင်လည်း နေအိမ်နဲ့ စီးပွားရေးလုပ်ငန်း (၆၃,၀၀၀) ကျော် လျှပ်စစ်မီး ပြတ်တောက်နေပါတယ်။

တိုက်ရိုက် လင့်ခ်

............................................


{{Zawgyi/Unicode}}














XS
SM
MD
LG