သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆူဒန္ သမၼတေဟာင္း Bashir ကို ICC လႊဲေပးေတာ့မလား


FILE - Sudan's ousted President Omar al-Bashir is seen inside the defendant's cage during his and some of his former allies' trial over the 1989 military coup that brought him to power in 1989, at a courthouse in Khartoum, Sudan, Sept. 15, 2020.

{{Zawgyi/Unicode}}

ဆူဒန္ သမၼတေဟာင္း Omar al-Bashir ကို ႏိုင္ငံတကာ ရာဇ၀တ္ျပစ္မႈဆိုင္ရာ တရားရံုး ICC ထံ အစိုးရက လႊဲေျပာင္းေပးႏိုင္တယ္ဆိုတဲ႔ သတင္းေတြ ထြက္လာတဲ႔ အေပၚ ႏိုင္ငံေရး သံုးသပ္သူေတြနဲ႔ အခြင့္အေရး လႈပ္ရွားမႈ အဖြဲ႔ေတြက ႀကိဳဆိုၾကပါတယ္။ ဒါေဖာ ေဒသတြင္းမွာ ျပစ္မႈက်ဴးလြန္ခဲ႔မႈ စြဲခ်က္နဲ႔ သမၼတေဟာင္း Bashir ကို ICC က အလိုရွိေနတာ ျဖစ္ပါတယ္။ ႏိုင္႐ိုဘီ ကေန Mohammed Yusuf သတင္းေပးပို႔ထားပါတယ္။ မသိဂၤ ီထိုက္ ေျပာျပေပးမွာပါ။

ဆူဒန္ သမၼတေဟာင္း Omar al-Bashir ကို ICC ကို လႊဲေျပာင္းေပးဖို႔ အစိုးရက အဆင္သင့္ ျဖစ္ေနၿပီ ဆိုတဲ႔ သေဘာမ်ိဳး ဆူဒန္ အစိုးရ တာ၀န္ရွိသူေတြက ဒီသီတင္းပတ္ အတြင္းမွာဘဲ ေျပာဆိုၾကပါတယ္။ ဒါေပမယ့္လည္း စစ္တပ္နဲ အရပ္ဘက္ ေခါင္းေဆာင္ေတြ ပါတဲ႔ အုပ္ခ်ဳပ္ေရး ေကာင္စီက ေနာက္ဆံုး ဆံုးျဖတ္ရမွာပါ။ Bashir ကို ICC ကို ပို႔လိုက္တာက ႏိုင္ငံေရွ႕ေရး အတြက္ အေထာက္အကူ ျဖစ္ေစမယ္လို႔ မဟာဗ်ဴဟာ ေလ႔လာေရး ဌာန Horn Institute ရဲ႕ အႀကီးအကဲ Hassan Khannenje က ေျပာပါတယ္။

ဒီကိစၥက အတိုင္းအတာ တခုအထိ အေရးႀကီးၿပီး ယံုၾကည္မႈလည္း ပိုတိုးလာေစမွာပါ။ အထူးသျဖင့္ေတာ့ ဒုကၡ ခံစားခဲ႔ရသူေတြနဲ႔ သူပုန္ေတြ အတြက္ ျဖစ္ပါတယ္။ ျပစ္မႈက်ဴးလြန္သူေတြ တာ၀န္ခံေစေရး ဆိုတာကလည္း သူပုန္ အဖြဲ႔ေတြနဲ႔ သေဘာတူညီခ်က္ထဲမွာ ပါ၀င္ၿပီး လာမယ္႔ႏွစ္ေတြ အတြင္း ေနာက္ထပ္ တင္းမာမႈေတြနဲ႔ ပဋိပကၡ ျဖစ္လာႏိုင္ေျခေတြကိုပါ ေလွ်ာ့ခ်ႏိုင္ၿပီး ယံုၾကည္မႈ တည္ေဆာက္ေရး အတြက္ အေထာက္အကူ ျဖစ္မယ္လို႔ က်ေနာ္ ထင္ပါတယ္။

ဒါေဖာ ေဒသတြင္းမွာ ေနထိုင္ၾကသူေတြ အေပၚ လူမ်ိဳးတုန္း သတ္ျဖတ္မႈ၊ စစ္ရာဇ၀တ္မႈ၊ လူသားမ်ိဳးႏြယ္အေပၚ ဆန္႔က်င္က်ဴးလြန္မႈေတြနဲ႔ သမၼတေဟာင္း Bashir ကို ၂၀၀၉ ခုႏွစ္မွာ ICC က စြဲခ်က္တင္ခဲ႔တာပါ။ Bashir ကေတာ့ စြဲဆိုခ်က္ကို ျငင္းဆိုထားပါတယ္။

၂၀၀၃ ခုႏွစ္မွာ စခဲ႔တဲ႔ ဒါေဖာေဒသ သူပုန္ထမႈကို ဆူဒန္ အစိုးရက ၿဖိဳခြင္းတာမွာ ဒီျပစ္မႈေတြ က်ဴးလြန္ခဲ႔တာလို႔ စြပ္စြဲထားတာ ျဖစ္ပါတယ္။ ၂၀၁၉ အတြင္း ဆူဒန္မွာ လနဲ႔ခ်ီ ၾကာျမင့္တဲ႔ လူထု ဆႏၵျပပြဲေတြ ေပၚေပါက္ခဲ႔ၿပီးေနာက္မွာ ႏိုင္ငံကို ႏွစ္ေပါင္း ၃၀ အုပ္ခ်ဳပ္ခဲ႔တဲ႔ သမၼတ Bashir ကို စစ္တပ္က ရာထူးက ဖယ္ရွားခဲ႔ပါတယ္။ သမၼတေဟာင္း Bashir ဟာ အဂတိလိုက္စားမႈနဲ႔ ျပစ္ဒဏ္ခ်မွတ္ခံခဲ႔ရၿပီး ေနာက္ ၁၉၈၉ ခုႏွစ္မွာ စစ္အာဏာသိမ္းၿပီး အာဏာရယူခဲ႔မႈနဲ႔ ပတ္သက္တဲ႔ စြဲခ်က္ေတြနဲ႔လည္း ရင္ဆိုင္ေနရဆဲ ျဖစ္ပါတယ္။

ဆူဒန္ သမၼတေဟာင္း Bashir ကို ၿမိဳ႕ေတာ္ Kharotum က အက်ဥ္းေထာင္ တခုမွာ လက္ရွိ ထိန္းသိမ္းထားပါတယ္။ ဒီသီတင္းပတ္ အတြင္းမွာဘဲ ဆူဒန္ရဲ႕ ၿမိဳ႕ေတာ္ကို သြားေရာက္ခဲ႔တဲ႔ ICC ေရွ႕ေနခ်ဳပ္ Karim Khan က ဆူဒန္ အစိုးရဘက္က တရားရံုးနဲ႔ ပူးေပါင္းေဆာင္ရြက္ဖို႔ လိုအပ္ေၾကာင္း ၾကာသပေတးေန႔မွာ ေျပာပါတယ္။

သမၼတေဟာင္း Omar al-Bashir နဲ႔ ပတ္သက္လို႔ကေတာ့ က်ေနာ္႔ အေနနဲ႔ ရက္သတ္မွတ္ခ်က္ေတြကို မေဆြးေႏြးခဲ႔ပါဘူး။ တာ၀န္ယူ ေဆာင္ရြက္ရမယ့္ ကိစၥေတြကို သိရွိနားလည္ထားတဲ႔ အစိုးရ အဖြဲ႔အစည္းေတြနဲ႔ က်ေနာ္ ေဆြးေႏြးခဲ႔ပါတယ္။ သူတို႔ဘက္က ဆံုးျဖတ္ခ်က္ေတြ ခ်မွတ္ၿပီးရင္ေတာ့ ထုတ္ျပန္ေၾကညာခ်က္ေတြ ထြက္လာမွာပါ။

ေရာမ သေဘာတူ စာခ်ဳပ္ ျပဌာန္းခ်က္ေတြ အရ လာမယ့္ သီတင္းပတ္ အတြင္းမွာ ပူးတြဲ ေကာင္စီ ေဆြးေႏြးပြဲ ရွိတယ္ဆိုတာကို က်ေနာ္႔ကို အသိေပးခဲ႔ပါတယ္။ ဘာေတြ ထြက္ေပၚလာမလဲ ဆိုတာကို ေစာင့္ၾကည့္ရမွာပါ။ ပူးေပါင္းေဆာင္ရြက္ဖို႔ ဆံုးျဖတ္ခ်က္နဲ႔ ဘယ္လို ပူးေပါင္းေဆာင္ရြက္ မလဲဆိုတာက က်ေနာ္ ဆံုးျဖတ္ရမွာ မဟုတ္ဘဲ ဆူဒန္က ဆံုးျဖတ္ရမွာ ျဖစ္ပါတယ္။

ဆူဒန္ သမၼတေဟာင္း Bashir ကို ICC တရားရံုးကို လႊဲေျပာင္းေပးအပ္ခဲ႔မယ္ဆိုရင္ေတာ့ ဒါေဖာ ေဒသက က်ဴးလြန္ခံခဲ႔ရသူေတြ အတြက္ တရားမွ်တမႈကို ေဆာင္က်ဥ္းေပးႏိုင္မွာ ျဖစ္တယ္လို႔ Amnesty International ရဲ႕ အေရွ႕ အာဖရိက ဆိုင္ရာ ဒုတိယ ၫႊန္ၾကားေရးမွဴး Sarah Jackson က ေျပာပါတယ္။

ဒါေဖာ ေဒသတြင္း ရက္စက္ၾကမ္းၾကဳတ္တဲ႔ ရာဇ၀တ္မႈ က်ဴးလြန္ခံရသူေတြနဲ႔ လြတ္ေျမာက္လာသူေတြ အေနနဲ႔ တရားစီရင္မႈကို ေတြ႕ရဖို႔ အခြင့္အလမ္း ရမလားဆိုတာကို က်မတို႔ ေစာင့္ၾကည့္ေနၾကပါတယ္။ ဒါေဖာေဒသက က်ဴးလြန္ခံခဲ႔ရသူေတြ၊ အသက္ရွင္ လြတ္ေျမာက္လာသူေတြနဲ႔ သူတို႔ မိသားစုေတြ အတြက္ သိပ္ၿပီး အေရးႀကီးတဲ႔ အခိုက္အတန္႔ ျဖစ္လာပါလိမ့္မယ္။

ၿမိဳ႕ေတာ္ ခါတြန္က အသြင္ကူးေျပာင္းေရး အစိုးရ အဖြဲ႔နဲ႔ ဒါေဖာ ေဒသတြင္းက သူပုန္ေတြၾကား ၿပီးခဲ႔တဲ႔ ေအာက္တိုဘာလအတြင္းက ၿငိမ္းခ်မ္းေရး သေဘာတူညီခ်က္ တရပ္ ရရွိခဲ႔ေပမယ့္လည္း ေဒသတြင္းမွာ အၾကမ္းဖက္မႈေတြ ဆက္ၿပီး ရွိေနပါတယ္။

ဆူဒန္ႏိုင္ငံကို အစိုးရက ေထာက္ပံ႔တဲ႔ အၾကမ္းဖက္ ဝါဒစြဲ ႏိုင္ငံမ်ား စာရင္းကေန ၿပီးခဲ႔တဲ႔ ဒီဇင္ဘာလ အတြင္းမွာဘဲ အေမရိကန္ အစိုးရက ပယ္ဖ်က္ေပးခဲ႔ၿပီးေနာက္ အသြင္ကူးေျပာင္းေရး အစိုးရကို စီးပြားေရး အရ အေထာက္အပံ႔ ေပးဖို႔လည္း ကတိျပဳထားပါတယ္။

................................

ဆူဒန္ သမၼတေဟာင္း Bashir ကို ICC လႊဲေပးေတာ့မလား
please wait

No media source currently available

0:00 0:04:48 0:00
တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ဆူဒန် သမ္မတဟောင်း Omar al-Bashir ကို နိုင်ငံတကာ ရာဇဝတ်ပြစ်မှုဆိုင်ရာ တရားရုံး ICC ထံ အစိုးရက လွှဲပြောင်းပေးနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်လာတဲ့ အပေါ် နိုင်ငံရေး သုံးသပ်သူတွေနဲ့ အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တွေက ကြိုဆိုကြပါတယ်။ ဒါဖော ဒေသတွင်းမှာ ပြစ်မှုကျူးလွန်ခဲ့မှု စွဲချက်နဲ့ သမ္မတဟောင်း Bashir ကို ICC က အလိုရှိနေတာ ဖြစ်ပါတယ်။ နိုင်ရိုဘီ ကနေ Mohammed Yusuf သတင်းပေးပို့ထားပါတယ်။ မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။

ဆူဒန် သမ္မတဟောင်း Omar al-Bashir ကို ICC ကို လွှဲပြောင်းပေးဖို့ အစိုးရက အဆင်သင့် ဖြစ်နေပြီ ဆိုတဲ့ သဘောမျိုး ဆူဒန် အစိုးရ တာဝန်ရှိသူတွေက ဒီသီတင်းပတ် အတွင်းမှာဘဲ ပြောဆိုကြပါတယ်။ ဒါပေမယ့်လည်း စစ်တပ်နဲ အရပ်ဘက် ခေါင်းဆောင်တွေ ပါတဲ့ အုပ်ချုပ်ရေး ကောင်စီက နောက်ဆုံး ဆုံးဖြတ်ရမှာပါ။ Bashir ကို ICC ကို ပို့လိုက်တာက နိုင်ငံရှေ့ရေး အတွက် အထောက်အကူ ဖြစ်စေမယ်လို့ မဟာဗျူဟာ လေ့လာရေး ဌာန Horn Institute ရဲ့ အကြီးအကဲ Hassan Khannenje က ပြောပါတယ်။

ဒီကိစ္စက အတိုင်းအတာ တခုအထိ အရေးကြီးပြီး ယုံကြည်မှုလည်း ပိုတိုးလာစေမှာပါ။ အထူးသဖြင့်တော့ ဒုက္ခ ခံစားခဲ့ရသူတွေနဲ့ သူပုန်တွေ အတွက် ဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်သူတွေ တာဝန်ခံစေရေး ဆိုတာကလည်း သူပုန် အဖွဲ့တွေနဲ့ သဘောတူညီချက်ထဲမှာ ပါဝင်ပြီး လာမယ့်နှစ်တွေ အတွင်း နောက်ထပ် တင်းမာမှုတွေနဲ့ ပဋိပက္ခ ဖြစ်လာနိုင်ခြေတွေကိုပါ လျှော့ချနိုင်ပြီး ယုံကြည်မှု တည်ဆောက်ရေး အတွက် အထောက်အကူ ဖြစ်မယ်လို့ ကျနော် ထင်ပါတယ်။

ဒါဖော ဒေသတွင်းမှာ နေထိုင်ကြသူတွေ အပေါ် လူမျိုးတုန်း သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်ကျူးလွန်မှုတွေနဲ့ သမ္မတဟောင်း Bashir ကို ၂၀၀၉ ခုနှစ်မှာ ICC က စွဲချက်တင်ခဲ့တာပါ။ Bashir ကတော့ စွဲဆိုချက်ကို ငြင်းဆိုထားပါတယ်။

၂၀၀၃ ခုနှစ်မှာ စခဲ့တဲ့ ဒါဖောဒေသ သူပုန်ထမှုကို ဆူဒန် အစိုးရက ဖြိုခွင်းတာမှာ ဒီပြစ်မှုတွေ ကျူးလွန်ခဲ့တာလို့ စွပ်စွဲထားတာ ဖြစ်ပါတယ်။ ၂၀၁၉ အတွင်း ဆူဒန်မှာ လနဲ့ချီ ကြာမြင့်တဲ့ လူထု ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီးနောက်မှာ နိုင်ငံကို နှစ်ပေါင်း ၃၀ အုပ်ချုပ်ခဲ့တဲ့ သမ္မတ Bashir ကို စစ်တပ်က ရာထူးက ဖယ်ရှားခဲ့ပါတယ်။ သမ္မတဟောင်း Bashir ဟာ အဂတိလိုက်စားမှုနဲ့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး နောက် ၁၉၈၉ ခုနှစ်မှာ စစ်အာဏာသိမ်းပြီး အာဏာရယူခဲ့မှုနဲ့ ပတ်သက်တဲ့ စွဲချက်တွေနဲ့လည်း ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

ဆူဒန် သမ္မတဟောင်း Bashir ကို မြို့တော် Kharotum က အကျဉ်းထောင် တခုမှာ လက်ရှိ ထိန်းသိမ်းထားပါတယ်။ ဒီသီတင်းပတ် အတွင်းမှာဘဲ ဆူဒန်ရဲ့ မြို့တော်ကို သွားရောက်ခဲ့တဲ့ ICC ရှေ့နေချုပ် Karim Khan က ဆူဒန် အစိုးရဘက်က တရားရုံးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်း ကြာသပတေးနေ့မှာ ပြောပါတယ်။

သမ္မတဟောင်း Omar al-Bashir နဲ့ ပတ်သက်လို့ကတော့ ကျနော့် အနေနဲ့ ရက်သတ်မှတ်ချက်တွေကို မဆွေးနွေးခဲ့ပါဘူး။ တာဝန်ယူ ဆောင်ရွက်ရမယ့် ကိစ္စတွေကို သိရှိနားလည်ထားတဲ့ အစိုးရ အဖွဲ့အစည်းတွေနဲ့ ကျနော် ဆွေးနွေးခဲ့ပါတယ်။ သူတို့ဘက်က ဆုံးဖြတ်ချက်တွေ ချမှတ်ပြီးရင်တော့ ထုတ်ပြန်ကြေညာချက်တွေ ထွက်လာမှာပါ။

ရောမ သဘောတူ စာချုပ် ပြဌာန်းချက်တွေ အရ လာမယ့် သီတင်းပတ် အတွင်းမှာ ပူးတွဲ ကောင်စီ ဆွေးနွေးပွဲ ရှိတယ်ဆိုတာကို ကျနော့်ကို အသိပေးခဲ့ပါတယ်။ ဘာတွေ ထွက်ပေါ်လာမလဲ ဆိုတာကို စောင့်ကြည့်ရမှာပါ။ ပူးပေါင်းဆောင်ရွက်ဖို့ ဆုံးဖြတ်ချက်နဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက် မလဲဆိုတာက ကျနော် ဆုံးဖြတ်ရမှာ မဟုတ်ဘဲ ဆူဒန်က ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

ဆူဒန် သမ္မတဟောင်း Bashir ကို ICC တရားရုံးကို လွှဲပြောင်းပေးအပ်ခဲ့မယ်ဆိုရင်တော့ ဒါဖော ဒေသက ကျူးလွန်ခံခဲ့ရသူတွေ အတွက် တရားမျှတမှုကို ဆောင်ကျဉ်းပေးနိုင်မှာ ဖြစ်တယ်လို့ Amnesty International ရဲ့ အရှေ့ အာဖရိက ဆိုင်ရာ ဒုတိယ ညွှန်ကြားရေးမှူး Sarah Jackson က ပြောပါတယ်။

ဒါဖော ဒေသတွင်း ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှု ကျူးလွန်ခံရသူတွေနဲ့ လွတ်မြောက်လာသူတွေ အနေနဲ့ တရားစီရင်မှုကို တွေ့ရဖို့ အခွင့်အလမ်း ရမလားဆိုတာကို ကျမတို့ စောင့်ကြည့်နေကြပါတယ်။ ဒါဖောဒေသက ကျူးလွန်ခံခဲ့ရသူတွေ၊ အသက်ရှင် လွတ်မြောက်လာသူတွေနဲ့ သူတို့ မိသားစုတွေ အတွက် သိပ်ပြီး အရေးကြီးတဲ့ အခိုက်အတန့် ဖြစ်လာပါလိမ့်မယ်။

မြို့တော် ခါတွန်က အသွင်ကူးပြောင်းရေး အစိုးရ အဖွဲ့နဲ့ ဒါဖော ဒေသတွင်းက သူပုန်တွေကြား ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက ငြိမ်းချမ်းရေး သဘောတူညီချက် တရပ် ရရှိခဲ့ပေမယ့်လည်း ဒေသတွင်းမှာ အကြမ်းဖက်မှုတွေ ဆက်ပြီး ရှိနေပါတယ်။

ဆူဒန်နိုင်ငံကို အစိုးရက ထောက်ပံ့တဲ့ အကြမ်းဖက် ဝါဒစွဲ နိုင်ငံများ စာရင်းကနေ ပြီးခဲ့တဲ့ ဒီဇင်ဘာလ အတွင်းမှာဘဲ အမေရိကန် အစိုးရက ပယ်ဖျက်ပေးခဲ့ပြီးနောက် အသွင်ကူးပြောင်းရေး အစိုးရကို စီးပွားရေး အရ အထောက်အပံ့ ပေးဖို့လည်း ကတိပြုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG