သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆူဒန္မွာ ခရစၥမတ္စ္ေန႔ အားလပ္ရက္အျဖစ္ ျပန္သတ္မွတ္


ဆူဒန္ကေလးငယ္မ်ား ခရစၥမတ္စ္သီခ်င္းဆို (၂၀၁၁ ဒီဇင္ဘာ ၂၂ ရက္)

(Zawgyi/Unicode)

ဆူဒန္ႏုိင္ငံမွာ ႏွစ္ေပါင္းမ်ားစြာအတြင္း ပထမဆံုးအႀကိမ္အျဖစ္ ခရစၥမတ္စ္ေန႔ကို အမ်ားျပည္သူအားလပ္ရက္အျဖစ္ အသြင္ ကူးေျပာင္းေရးအစိုးရက သတ္မွတ္ ေၾကညာလိုက္ပါတယ္။ ဒါဟာ ႏုိင္ငံအေျခခံဥပေဒမွာ ျပဌာန္းထားတဲ့ လြတ္လပ္ခြင့္ေတြနဲ႔ ကိုက္ညီေအာင္ လုပ္ေဆာင္တာျဖစ္တယ္လုိ႔ ဝန္ႀကီးတဦးက ေျပာပါတယ္။

ဒီဆံုးျဖတ္ခ်က္ဟာ ဆူဒန္ႏုိင္္ငံမွာ ဒီႏွစ္အတြင္း သမိုင္းဝင္ ႏုိင္ငံေရးအေျပာင္းအလဲေတြရဲ႕ ရလဒ္ျဖစ္တယ္လုိ႔ ဘာသာေရးဆုိင္ရာ ဝန္ႀကီး Nasraddeen Mufreh က ေျပာပါတယ္။ ႏုိင္ငံတဝန္း ဆႏၵျပပြဲေတြျဖစ္ၿပီးတဲ့ေနာက္ သမၼတ Omar al Bashir ကို စစ္ဘက္ေခါင္းေဆာင္ေတြက ျဖဳတ္ခ်လိုက္တာပါ။ အဲဒီေနာက္ ခါတြမ္ၿမိဳ႕ေတာ္မွာ ဆႏၵျပသူေတြကို စစ္ဘက္က ႏွိမ္နင္းၿဖိဳခြဲတာ ေၾကာင့္ လူေသဆံုးဒဏ္ရာရတာေတြ ျဖစ္ၿပီးတဲ့ေနာက္ အတိုက္အခံအဖြဲ႔ေတြနဲ႔ စစ္ဘက္ ေခါင္းေဆာင္ေတြၾကား အသြင္ကူးေျပာင္း ေရး ပူးတြဲအစိုးရတရပ္ဖြဲ႔ဖို႔ သေဘာတူခဲ့ၾကပါတယ္။

ၾသဂုတ္လမွာ သေဘာတူထားတဲ့ အေျခခံဥပေဒဆိုင္ရာ ေၾကညာခ်က္ထဲမွာ ပါရွိတဲ့အတိုင္း လြတ္လပ္ခြင့္အားလံုးကုိ အာမခံခ်က္ ေပးဖို႔ အသြင္ကူးေျပာင္းေရး အစိုးရအေနနဲ႔ အခိုင္အမာ ဆံုးျဖတ္ထားတယ္လုိ႔ ဝန္ႀကီး Mofreh ကေျပာပါတယ္။

ဘာသာေရးလြတ္လပ္ခြင့္ ခ်ဳိးေဖာက္တဲ့ ႏုိုင္ငံေတြစာရင္းထဲကေန အေမရိကန္ျပည္ေထာင္စုက ဆူဒန္ႏုိင္ငံကို မၾကာေသးခင္ကပဲ ဖယ္ရွားလိုက္ၿပီး ဆူဒန္ အသြင္ကူးေျပာင္းေရးအစိုးရအေပၚ ေထာက္ခံမႈ တိုးျမႇင့္သြားမယ့္ အရိပ္လကၡဏာ ျပလိုက္ပါတယ္။အေမရိကန္ရဲ႕ အဲဒီဆံုးျဖတ္ခ်က္ကို ဝန္ႀကီး Mofreh က ႀကိဳဆိုပါတယ္။

၂၀၁၁ ခုုႏွစ္မွာ ေတာင္ဆူဒန္ႏုိ္င္ငံ သီးျခားလြတ္လပ္တဲ့ႏုိင္ငံတခု မျဖစ္ခင္တုန္းက ခရစ္ယာန္ဘာသာဝင္ အစိုးရဝန္ထမ္းေတြနဲ႔ ေက်ာင္းသားေတြဟာ ခရစၥမတ္စ္ကာလမွာ အလုပ္ကေန လစာျပည့္ အားလပ္ရက္ သံုးရက္ရခဲ့ပါတယ္။

ဒါေပမယ့္ ခရစ္ယာန္ လူဦးေရအမ်ားစုရွိတဲ့ ေတာင္ဆူဒန္က သီးျခားႏုိင္ငံတခုအျဖစ္ ခြဲထြက္သြားၿပီးတဲ့ေနာက္ ဆူဒန္အာဏာပိုင္ေတြက တိုင္းျပည္မွာ အခုဆိုရင္ မြတ္ဆလင္လူဦးေရက ၉၇% ျဖစ္သြားၿပီဆိုၿပီး ခရစၥမတ္စ္ပြဲေတာ္ေတြ ဆင္ႏႊဲတာအပါအဝင္ ဘာသာေရး လြတ္လပ္ခြင့္ေတြအေပၚ ပိတ္ပင္ ကန္႔သတ္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

ဆူဒန်မှာ ခရစ္စမတ်စ်နေ့ အားလပ်ရက်အဖြစ် ပြန်သတ်မှတ်

(Unicode)

ဆူဒန်နိုင်ငံမှာ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် ခရစ္စမတ်စ်နေ့ကို အများပြည်သူအားလပ်ရက်အဖြစ် အသွင် ကူးပြောင်းရေးအစိုးရက သတ်မှတ် ကြေညာလိုက်ပါတယ်။ ဒါဟာ နိုင်ငံအခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ လွတ်လပ်ခွင့်တွေနဲ့ ကိုက်ညီအောင် လုပ်ဆောင်တာဖြစ်တယ်လို့ ဝန်ကြီးတဦးက ပြောပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ ဆူဒန်နိုင်ငံမှာ ဒီနှစ်အတွင်း သမိုင်းဝင် နိုင်ငံရေးအပြောင်းအလဲတွေရဲ့ ရလဒ်ဖြစ်တယ်လို့ ဘာသာရေးဆိုင်ရာ ဝန်ကြီး Nasraddeen Mufreh က ပြောပါတယ်။ နိုင်ငံတဝန်း ဆန္ဒပြပွဲတွေဖြစ်ပြီးတဲ့နောက် သမ္မတ Omar al Bashir ကို စစ်ဘက်ခေါင်းဆောင်တွေက ဖြုတ်ချလိုက်တာပါ။ အဲဒီနောက် ခါတွမ်မြို့တော်မှာ ဆန္ဒပြသူတွေကို စစ်ဘက်က နှိမ်နင်းဖြိုခွဲတာ ကြောင့် လူသေဆုံးဒဏ်ရာရတာတွေ ဖြစ်ပြီးတဲ့နောက် အတိုက်အခံအဖွဲ့တွေနဲ့ စစ်ဘက် ခေါင်းဆောင်တွေကြား အသွင်ကူးပြောင်း ရေး ပူးတွဲအစိုးရတရပ်ဖွဲ့ဖို့ သဘောတူခဲ့ကြပါတယ်။

သြဂုတ်လမှာ သဘောတူထားတဲ့ အခြေခံဥပဒေဆိုင်ရာ ကြေညာချက်ထဲမှာ ပါရှိတဲ့အတိုင်း လွတ်လပ်ခွင့်အားလုံးကို အာမခံချက် ပေးဖို့ အသွင်ကူးပြောင်းရေး အစိုးရအနေနဲ့ အခိုင်အမာ ဆုံးဖြတ်ထားတယ်လို့ ဝန်ကြီး Mofreh ကပြောပါတယ်။

ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်တဲ့ နိုင်ငံတွေစာရင်းထဲကနေ အမေရိကန်ပြည်ထောင်စုက ဆူဒန်နိုင်ငံကို မကြာသေးခင်ကပဲ ဖယ်ရှားလိုက်ပြီး ဆူဒန် အသွင်ကူးပြောင်းရေးအစိုးရအပေါ် ထောက်ခံမှု တိုးမြှင့်သွားမယ့် အရိပ်လက္ခဏာ ပြလိုက်ပါတယ်။အမေရိကန်ရဲ့ အဲဒီဆုံးဖြတ်ချက်ကို ဝန်ကြီး Mofreh က ကြိုဆိုပါတယ်။

၂၀၁၁ ခုနှစ်မှာ တောင်ဆူဒန်နိုင်ငံ သီးခြားလွတ်လပ်တဲ့နိုင်ငံတခု မဖြစ်ခင်တုန်းက ခရစ်ယာန်ဘာသာဝင် အစိုးရဝန်ထမ်းတွေနဲ့ ကျောင်းသားတွေဟာ ခရစ္စမတ်စ်ကာလမှာ အလုပ်ကနေ လစာပြည့် အားလပ်ရက် သုံးရက်ရခဲ့ပါတယ်။

ဒါပေမယ့် ခရစ်ယာန် လူဦးရေအများစုရှိတဲ့ တောင်ဆူဒန်က သီးခြားနိုင်ငံတခုအဖြစ် ခွဲထွက်သွားပြီးတဲ့နောက် ဆူဒန်အာဏာပိုင်တွေက တိုင်းပြည်မှာ အခုဆိုရင် မွတ်ဆလင်လူဦးရေက ၉၇% ဖြစ်သွားပြီဆိုပြီး ခရစ္စမတ်စ်ပွဲတော်တွေ ဆင်နွှဲတာအပါအဝင် ဘာသာရေး လွတ်လပ်ခွင့်တွေအပေါ် ပိတ်ပင် ကန့်သတ်ခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG