သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခရစ္စမတ်စ်ပွဲတော် နွှဲပျော်ဖို့ အကောင်းဆုံး Williamsburg ရှေးဟောင်းမြို့လေး


Williamsburg ရှေးဟောင်းမြို့လေးမှာ ခရစ္စမတ်စ်ပွဲတော်အတွက် မီးထွန်းအလှဆင်
(ဓါတ်ပုံ-www.visitwilliamsburg.com)
Williamsburg ရှေးဟောင်းမြို့လေးမှာ ခရစ္စမတ်စ်ပွဲတော်အတွက် မီးထွန်းအလှဆင် (ဓါတ်ပုံ-www.visitwilliamsburg.com)

(Zawgyi/Unicode)

ရိုးရာ ဓလေ့ အသစ်ရော အဟောင်းပါ ရောယှက်နေတဲ့ ခရစ်စမတ်အငွေ့အသက်လေးတွေဟာ အမေရိကန် ပြည်ထောင်စု ဗာဂျီးနီးယား ပြည်နယ်က သမိုင်းဝင် ရှေးဟောင်းမြို့လေးဖြစ်တဲ့ Williamsburg မြို့ကလေးကို လွှမ်းခြုံလို့ နေပါတယ်။

၁၇ ရာစုနှစ်က စလို့ ထူထောင်ခဲ့တဲ့ ဒီ ကိုလိုနီခေတ်က မြို့ငယ်လေး အနားမှာ Busch Gardens လို့ခေါ်တဲ့ အပန်းဖြေ ကစားကွင်းကြီး တစ်ခုလည်း ရှိပါတယ်။ မြို့ငယ်လေးရော ကစား ကွင်းပါ အလည်လာသူတွေအတွက် ခရစ်စမတ် မီးရောင်စုံတွေနဲ့အတူ တေးသံစုံတွေနဲ့ပါ စက္ခုနဲ့ သောတ ပသာဒ နှစ်ဖြာ ဖျော်ဖြေမှုတွေပေးနေ တာ ကြောင့် Williamsburg မြို့ကလေးဟာ အမေရိကားမှာ ခရစ်စမတ်ကာလလည်ပတ်ဖို့ အကောင်းဆုံး နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။VOA သတင်းထောက် Deborah Block သတင်းပေးပို့ထားတာကို ကိုရဲမင်းထွန်းက တင်ပြပေးမှာပါ။

ကိုလိုနီခေတ်မြို့လေးဖြစ်တဲ့ Williamsburg မြို့မှာ အမြောက်သံတစ်ချက် ပစ်ဖောက်လို့ ခရစ်စမတ်ကာလ အားလပ်ရက်ကို စတင်လိုက် ပါတယ်။ တေးသံစုံ စကော့တလန် ဘင်သံတွေကလည်း အနားယူအားလပ်ရက် အပန်းဖြေစိတ်ကို အားဖြည့်ပေးနေပါတော့တယ်။

Williamsburg မြို့နားက Busch Gardens အပန်းဖြေ ကစားကွင်းကြီးမှာတော့ ခရစ်စမတ်မြို့ငယ်လေးတစ်ခု ရှိပါတယ်။ မြို့ငယ်ထဲက ဂျာမန် ရှေးဟောင်းရွာလေးကို မျက်စိ ပသာဒကျစရာ မီးရောင်စုံတွေ လင်းလင်းလက်လက် ထွန်းညှိထားပါတယ်။ ဒီ အပန်းဖြေ ကစားကွင်းကြီးကို မီးလုံးပေါင်း ၁၁ သန်းကျော်နဲ့ အလှဆင် ထွန်းညှိထားတာကြောင့် ဆောင်းရာသီ အားလပ်ရက်မှာ မြောက်အမေရိက တစ်ခွင်မှာ အကြီးကျယ် ဆုံး ခရစ်စမတ် မီးထွန်းပွဲ တစ်ခု ဖြစ်လာခဲ့ပါတယ်။

ဒီ ခရစ်စမတ်မြို့ငယ်လေးဟာ ပဉ္စလက် ဆန်တယ်လို့ ခရီးသွား ဧည့်သည် သားအမိ ၂ ယောက်က ပြောပါတယ်။

“ရှိ ရှိသမျှတွေကို မီးရောင်စုံထွန်းထားတယ်။ ရောင်စုံတောက်ပနေတဲ့ ပွဲတော်ပါ။ အားလုံး ပျော်ရွှင် မြူးထူးသွားရမယ်။”

သမီးဖြစ်သူကတော့

“တကယ်ပျော်စရာကောင်းတယ်။ ပျော်စရာတွေ အများကြီးပဲ။ ရထားစီးပြီး ရထားပေါ်ကနေ မီးရောင်စုံတွေကို ကြည့်ရတာ သိပ် လှတာပဲ။”

ဟောဒီ နေရာမှာတော့ အိုင်းရချ် ဘီယာဆိုင်ရှိပြီး stout လို့ခေါ်တဲ့ မဟူရာအရောင် ဘီယာ ရနိုင်တယ်။ ဒီ ဂျာမန် ရှေးဟောင်းမြို့မှာ ဂျင်ဂျာဘရက်လို့ ခေါ်တဲ့ ဂျင်ဂျာ ကွတ်ကီး ရနံံ့လေးတွေ အစဉ် သင်းပြန့်လို့ နေပါတယ်။

Williamsburg မြို့လေးကို ရောက်ရင် တခြား တစ်နေရာရောက်သွားသလို ခံစားရပါတယ်။ ဒီမြို့ဟာ ၁၆၉၉ ခုနှစ်မှာ ဗာဂျီးနီးယားပြည်နယ်ရဲ့ မြို့တော်ဖြစ်ခဲ့တယ်။ အဲဒီအချိန်နဲ့ ၁၈ ရာစုနှစ် အဆောက်အဦးတွေကို အသစ် ပြန်လည် တည်ဆောက်ထားသလို တခြား အဆောက်အဦး တွေကိုလည်း အရင် အုတ်မြစ်အတိုင်း ပြန်လည် မွမ်းမံခဲ့ပါတယ်။ ဒါကြောင့် ဒီမြို့ဟာ အခုအခါ အသက်ဝင်နေတဲ့ သမိုင်းပြတိုက်တစ်ခု ဖြစ်နေ တာပါ။

ဒါပေမဲ့ ခရစ်စမတ်ကာလထဲမှာတော့ ဒီမြို့ကလေးက သိပ်ကို ရိုးရှင်းတဲ့ နေရာတစ်ခုသာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“ခရစ်စမတ်ကတော့ ဘုရားကျောင်းသွားဖို့၊ အစားအသောက်မျိုးစုံ အလျှံပယ် အတူစားကြဖို့၊ ပါတီသွားပြီး ကဖို့ လုပ်နေတာ ပိုများတယ်လို့ ပြောလို့ရပါတယ်။ ပြီးတော့ အိမ်အတွင်းနဲ့ ပြတင်းပေါက်တွေမှာ ခရစ်စမတ် အဆောင်အယောင်တွေကို အလှဆင် ချိတ်ဆွဲကြတယ်။”

၁၈၄၂ ခုနှစ် အမေရိကန်သမိုင်းမှာ အလှဆင် ခရစ်စမတ်သစ်ပင် ပထမဆုံး လက်ခံရရှိတဲ့ Williamsburg မြို့ထဲက အနုပညာ ပြတိုက်ထဲမှာ ရှိတဲ့ ဒီနှစ် ခရစ်စမတ်သစ်ပင်ကိုတော့ ရောင်စုံ အလှတန်ဆာပေါင်း ၂၀၀၀ ကျော်နဲ့ အလှဆင်ထားပါတယ်။

Williamsburg မြို့ထဲ ထွန်းညှိထားတဲ့ ကညင်ဆီ မီးရှူးတိုင်တွေ လောင်ကျွမ်းနေချိန်မှာပဲ စကော့တလန် ဘင်သံတွေကလည်း လမ်းတွေ ပေါ်မှာ တစ်ညံညံ ရှိနေပါတယ်။ ဒီ ဝန်းကျင်နဲ့ အသံဗလံတွေက အလည်လာသူ ခရီးသွားဧည့်သည်တွေကို အမေရိကန်တို့ရဲ့ ရိုးရာ ခရစ် စမတ်ပွဲတော်နဲ့ အဲဒီပွဲရဲ့ မူလဇစ်မြစ်ကို တွေးတောကြည့်မိစေဖို့ တွန်းအားပေးနေသလိုဖြစ်နေကြောင်းပါ။

တိုက်ရိုက် လင့်ခ်


.....................


(Unicode)















XS
SM
MD
LG