သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကမာၻတ၀န္း ခရစၥမတ္ပဲြေတြ စတင္ဆင္ႏႊဲ


Bethany ဘုရားေက်ာင္းမွာ ဖေယာင္းတိုင္ကိုင္ၿပီး ဆုေတာင္းပဲြ ဆင္ႏႊဲေနတဲ့ အင္ဒိုနီးရွား အမ်ိဳးသမီး တဦး

(Zawgyi/Unicode)

မနက္ျဖန္ ဒီဇင္ဘာလ ၂၅ ရက္ေန႔ဟာ ခရစၥမတ္ေန႔ျဖစ္တာနဲ႔အမွ် ခရစၥမတ္အၾကိဳည ပြဲေတာ္ေတြနဲ႔ ဆုေတာင္းပြဲေတြကို ကမၻာတ၀န္း ခရစ္ယာန္ဘာသာ၀င္ေတြ ဆင္ႏႊဲေနၾကပါျပီ။

ေယ႐ႈခရစ္ေတာ္ ေမြးဖြားရာဇာတိၿမိဳ႕အျဖစ္ ယံုၾကည္ၾကတဲ့ ေဂ်ာ္ဒန္ျမစ္ အေနာက္ဘက္ကမ္းက ဘက္သ္လဲဟမ္ၿမိဳ႕မွာ ခရစ္ယာန္ဘုရားဖူးေတြနဲ႔ ကမၻာလွည့္ ခရီးသြားေပါင္းမ်ားစြာ စုေ၀းေရာက္ရွိေနၾကျပီး ေယ႐ႈခရစ္ယာန္ေတာ္ရဲ႕ ေမြးေန႔ အထိမ္းအမွတ္ ခရစၥမတ္ပြဲေတြကို စတင္ဆင္ႏႊဲေနၾကပါျပီ။

ဧရာမ ခရစၥမတ္သစ္ပင္ၾကီး လုပ္ထားတဲ့ မန္ဂ်ာ ရင္ျပင္မွာ ဒီကေန႔ မနက္ပိုင္းကတည္းက ခရစၥမတ္ပြဲေတာ္အတြက္ စုေ၀းေနၾကတာပါ။

ခရစၥမတ္ကာလ ျငိမ္းျငိမ္းခ်မ္းခ်မ္း ပြဲေတာ္ဆင္ႏႊဲႏုိင္ဖုိ႔ တာ၀န္ရွိသူေတြကလည္း လံုျခံဳေရးေတြ တင္းက်ပ္ ေစာင့္ၾကပ္ေပးထားပါတယ္။ ကက္သလစ္ဘာသာ၀င္ေတြရဲ႕ အၾကီးအကဲ ပုပ္ရဟန္းမင္းၾကီး ကေတာ့ ဒီကေန႔ညပိုင္းကစလို႔ ဗာတီကန္မွာ ခရစၥမတ္အၾကိဳည ၀တ္ျပဳ ဆုေတာင္းပြဲ ဆင္ႏႊဲမွာျဖစ္သလို မနက္ျဖန္ ခရစ္စမတ္ေန႔ ေန႔လည္မွာလည္း St Peter ရင္ျပင္မွာ လာေရာက္ စုေ၀းၾကမယ့္သူေတြကို မိန္႔ခြန္းေျပာၾကားၿပီး ဆုေတာင္းေပးမွာ ျဖစ္ပါတယ္။

ေတာမီးဒဏ္ အၾကီးအက်ယ္ခံေနရတဲ့ ၾသစေၾတးလ်ႏုိင္ငံမွာေတာ့ မီးသတ္၀န္ထမ္းေတြအတြက္ ခရစၥမတ္က ေစာေရာက္ လာခဲ့ပါတယ္။ သူတို႔ မထင္မွတ္ထားခ်ိန္မွာ ေဒသခံေတြက ခရစၥမတ္လက္ေဆာင္ေတြ လာေပးၾကတာေၾကာင့္ ကုိယ့္မိသားစုေတြအတြက္ လက္ေဆာင္၀ယ္ဖို႔ေတာင္ အခ်ိန္မေပးႏုိင္ၾကတဲ့ မီးသတ္၀န္ထမ္းေတြ ၀မ္းသာ မ်က္ရည္လည္ရတဲ့အထိ ျဖစ္ခဲ့ပါတယ္။

ၿဗိတိန္၀န္ႀကီးခ်ဳပ္ Boris Johnson ကေတာ့ ျပည္သူေတြအတြက္ ခရစၥမတ္ဆုမြန္ေကာင္း ေပးပို႔ခဲ့သလို ကမၻာတ၀ွမ္း ခရစ္ယာန္ဘာသာ၀င္ေတြနဲ႔အတူ ခရစၥမတ္ေန႔ကို ဆင္ႏႊဲသြားၾကဖို႔ ေျပာၾကားခဲ့ပါတယ္။

ကမာၻတ၀န္း ခရစၥမတ္ပဲြေတြ စတင္ဆင္ႏႊဲ
please wait

No media source currently available

0:00 0:01:22 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကမ္ဘာတဝှမ်း ခရစ္စမတ်ပွဲတွေ စတင်ဆင်နွှဲ

မနက်ဖြန် ဒီဇင်ဘာလ ၂၅ ရက်နေ့ဟာ ခရစ္စမတ်နေ့ဖြစ်တာနဲ့အမျှ ခရစ္စမတ်အကြိုည ပွဲတော်တွေနဲ့ ဆုတောင်းပွဲတွေကို ကမ္ဘာတဝန်း ခရစ်ယာန်ဘာသာဝင်တွေ ဆင်နွှဲနေကြပါပြီ။

ယေရှုခရစ်တော် မွေးဖွားရာဇာတိမြို့အဖြစ် ယုံကြည်ကြတဲ့ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းက ဘက်သ်လဲဟမ်မြို့မှာ ခရစ်ယာန်ဘုရားဖူးတွေနဲ့ ကမ္ဘာလှည့် ခရီးသွားပေါင်းများစွာ စုဝေးရောက်ရှိနေကြပြီး ယေရှုခရစ်ယာန်တော်ရဲ့ မွေးနေ့ အထိမ်းအမှတ် ခရစ္စမတ်ပွဲတွေကို စတင်ဆင်နွှဲနေကြပါပြီ။

ဧရာမ ခရစ္စမတ်သစ်ပင်ကြီး လုပ်ထားတဲ့ မန်ဂျာ ရင်ပြင်မှာ ဒီကနေ့ မနက်ပိုင်းကတည်းက ခရစ္စမတ်ပွဲတော်အတွက် စုဝေးနေကြတာပါ။

ခရစ္စမတ်ကာလ ငြိမ်းငြိမ်းချမ်းချမ်း ပွဲတော်ဆင်နွှဲနိုင်ဖို့ တာဝန်ရှိသူတွေကလည်း လုံခြုံရေးတွေ တင်းကျပ် စောင့်ကြပ်ပေးထားပါတယ်။ ကက်သလစ်ဘာသာဝင်တွေရဲ့ အကြီးအကဲ ပုပ်ရဟန်းမင်းကြီး ကတော့ ဒီကနေ့ညပိုင်းကစလို့ ဗာတီကန်မှာ ခရစ္စမတ်အကြိုည ဝတ်ပြု ဆုတောင်းပွဲ ဆင်နွှဲမှာဖြစ်သလို မနက်ဖြန် ခရစ်စမတ်နေ့ နေ့လည်မှာလည်း St Peter ရင်ပြင်မှာ လာရောက် စုဝေးကြမယ့်သူတွေကို မိန့်ခွန်းပြောကြားပြီး ဆုတောင်းပေးမှာ ဖြစ်ပါတယ်။

တောမီးဒဏ် အကြီးအကျယ်ခံနေရတဲ့ သြစတြေးလျနိုင်ငံမှာတော့ မီးသတ်ဝန်ထမ်းတွေအတွက် ခရစ္စမတ်က စောရောက် လာခဲ့ပါတယ်။ သူတို့ မထင်မှတ်ထားချိန်မှာ ဒေသခံတွေက ခရစ္စမတ်လက်ဆောင်တွေ လာပေးကြတာကြောင့် ကိုယ့်မိသားစုတွေအတွက် လက်ဆောင်ဝယ်ဖို့တောင် အချိန်မပေးနိုင်ကြတဲ့ မီးသတ်ဝန်ထမ်းတွေ ဝမ်းသာ မျက်ရည်လည်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် Boris Johnson ကတော့ ပြည်သူတွေအတွက် ခရစ္စမတ်ဆုမွန်ကောင်း ပေးပို့ခဲ့သလို ကမ္ဘာတဝှမ်း ခရစ်ယာန်ဘာသာဝင်တွေနဲ့အတူ ခရစ္စမတ်နေ့ကို ဆင်နွှဲသွားကြဖို့ ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG