သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒၚစု ေခ်ပခ်က္ ႏိုင္ငံတကာေ၀ဖန္


(Zawgyi/Unicode)

ျမန္မာႏုိင္ငံမွာ ျဖစ္ပြားခဲ့တဲ့ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြဟာ လူမ်ဳိးတုန္း သတ္ျဖတ္မႈ မေျမာက္ေၾကာင္း ICJ ႏုိင္ငံတကာ တရား႐ုံးမွာ ႏုိင္ငံေတာ္ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာဆုိလုိက္တဲ့အေပၚ လူ႔အခြင့္အေရးလႈပ္ရွားမႈ အဖဲြ႔ေတြနဲ႔ အကူအညီေပးေရး အဖဲြ႔ေတြက ေ၀ဖန္လုိက္ၾကပါတယ္။

လူ႔အခြင့္အေရး လႈပ္ရွားမႈအဖဲြ႔တခုျဖစ္တဲ့ Amnesty International ရဲ႕ ဒါ႐ုိက္တာ တဦးျဖစ္တဲ့ Nicholas Bequelin ကေတာ့ ႐ုိဟင္ဂ်ာေတြအေပၚ က်ဳးလြန္တဲ့ ႀကီးေလးတဲ့ ရာဇ၀တ္မႈေတြရဲ႕ အတုိင္းအတာကုိ ေလွ်ာ့ေပါ့ေျပာဆုိတာဟာ အႏၱရာယ္ ႀကီးမားတဲ့ လုပ္ရပ္အျဖစ္ ဒီကေန႔ပဲ ေၾကညာခ်က္ ထုတ္ျပန္ေျပာဆုိခဲ့တာပါ။

အကူအညီေပးေရးအဖဲြ႔ Save the Children ရဲ႕ လူသားခ်င္းစာနာမႈဆုိင္ရာ ဒါ႐ုိက္တာ George Graham ကလည္း လြတ္ေျမာက္လာသူေတြကုိ သူတုိ႔အဖဲြ႔က ေမးျမန္းစုံစမ္းထားတာေတြ၊ ကုလသမဂၢရဲ႕ စုံစမ္းစုေဆာင္းထားတဲ့ အေထာက္အထားေတြကုိ ပစ္ပယ္ခဲ့တဲ့ လုပ္ရပ္အျဖစ္ ေၾကညာခ်က္ထုတ္ျပန္ ေျပာဆုိခဲ့ပါတယ္။

ၿဗိတိန္အေျခစုိက္ ႏုိင္ငံတကာ အကူအညီေပးေရးအဖဲြ႔ Oxfam ကလည္း ႐ုိဟင္ဂ်ာေတြနဲ႔ တျခားလူ႔အခြင့္အေရး ခ်ဳိးေဖာက္ခံခဲ့ရတဲ့ တုိင္းရင္းသားေတြအတြက္ တရားမွ်တမႈ ရရွိေရးနဲ႔ အကာအကြယ္ေပးႏုိင္ေရး အေရးႀကီးေၾကာင္း ေျပာဆုိခဲ့ပါတယ္။

႐ုိဟင္ဂ်ာဆုိတဲ့ အသုံးအႏႈန္းကုိ လက္မခံတဲ့ ျမန္မာအစုိးရကေတာ့ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈ စြပ္စဲြခ်က္ေတြနဲ႔ ပတ္သက္လုိ႔ စုံစမ္းေဖာ္ထုတ္ခဲ့တာေတြ၊ ေဖာ္ထုတ္ဖုိ႔ ႀကိဳးစားေနတာေတြ ရွိေနၿပီး အေရးယူခဲ့တာေတြ ရွိခဲ့ေၾကာင္းလည္း ေျပာဆုိထားတာပါ။

ေဒၚစု ေခ်ပခ်က္ ႏိုင္ငံတကာေ၀ဖန္
please wait

No media source currently available

0:00 0:01:29 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူမျိုးတုန်း သတ်ဖြတ်မှု မမြောက်ကြောင်း ICJ နိုင်ငံတကာ တရားရုံးမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်တဲ့အပေါ် လူ့အခွင့်အရေးလှုပ်ရှားမှု အဖွဲ့တွေနဲ့ အကူအညီပေးရေး အဖွဲ့တွေက ဝေဖန်လိုက်ကြပါတယ်။

လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့တခုဖြစ်တဲ့ Amnesty International ရဲ့ ဒါရိုက်တာ တဦးဖြစ်တဲ့ Nicholas Bequelin ကတော့ ရိုဟင်ဂျာတွေအပေါ် ကျုးလွန်တဲ့ ကြီးလေးတဲ့ ရာဇဝတ်မှုတွေရဲ့ အတိုင်းအတာကို လျှော့ပေါ့ပြောဆိုတာဟာ အန္တရာယ် ကြီးမားတဲ့ လုပ်ရပ်အဖြစ် ဒီကနေ့ပဲ ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့တာပါ။

အကူအညီပေးရေးအဖွဲ့ Save the Children ရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဒါရိုက်တာ George Graham ကလည်း လွတ်မြောက်လာသူတွေကို သူတို့အဖွဲ့က မေးမြန်းစုံစမ်းထားတာတွေ၊ ကုလသမဂ္ဂရဲ့ စုံစမ်းစုဆောင်းထားတဲ့ အထောက်အထားတွေကို ပစ်ပယ်ခဲ့တဲ့ လုပ်ရပ်အဖြစ် ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

ဗြိတိန်အခြေစိုက် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ Oxfam ကလည်း ရိုဟင်ဂျာတွေနဲ့ တခြားလူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရတဲ့ တိုင်းရင်းသားတွေအတွက် တရားမျှတမှု ရရှိရေးနဲ့ အကာအကွယ်ပေးနိုင်ရေး အရေးကြီးကြောင်း ပြောဆိုခဲ့ပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ စုံစမ်းဖော်ထုတ်ခဲ့တာတွေ၊ ဖော်ထုတ်ဖို့ ကြိုးစားနေတာတွေ ရှိနေပြီး အရေးယူခဲ့တာတွေ ရှိခဲ့ကြောင်းလည်း ပြောဆိုထားတာပါ။

XS
SM
MD
LG