သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ICJ မွာ ဂမ္ဘီယာေလွ်ာက္လဲခ်က္အေပၚ အေမရိကန္ပါေမာကၡတဦး၏ သံုးသပ္ခ်က္


(Zawgyi/Unicode)

ICJ ႏိုင္ငံတကာတရားရံုးမွာ အဂၤါေန႔က ဂမ္ဘီယာႏိုင္ငံရဲ႕ တင္ျပေလ်ွာက္လဲခ်က္ေတြထဲမွာ အဓိကအားျဖင့္ ျမန္မာႏိုင္ငံမွာ ေနထိုင္တဲ့ ႐ိုဟင္ဂ်ာအသိုင္းအ၀ိုင္းအေပၚ စစ္တပ္က ရက္ရက္စက္စက္ ဘယ္ေလာက္အထိ က်ဴးလြန္ခဲ့သလဲ၊ ႏိုင္ငံေတာ္အစိုးရ ဘက္က အကာအကြယ္ေပးဖို႔ ဘယ္ေလာက္အထိ ပ်က္ကြက္ခဲ့သလဲဆိုတာေတြကို အေထာက္အထားေတြနဲ႔ တင္ျပသြားခဲ့တာ ျဖစ္ပါတယ္။

ဒါေၾကာင့္ ႏိုင္ငံရဲ႕အက်ဴိးစီးပြားကိုကာကြယ္ဖို႔ ICJ တရား႐ံုးမွာ ဦးေဆာင္ ခုခံေခ်ပမယ္ဆိုတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ရဲ႕ ထုတ္ျပန္ေၾကညာခ်က္ဟာ စစ္တပ္ရဲ႕ ျပစ္မႈက်ဴးလြန္မႈေတြကို ကာကြယ္ဖို႔လားဆိုတဲ့ေမးခြန္းေတြ ထြက္ေပၚလာခဲ့ပါ တယ္။ အမႈကို ေလ့လာေစာင့္ၾကည့္ေနတဲ့ George Washington တကၠသိုလ္က ျမန္မာ့အေရးေလ့လာသူ ႏိုင္ငံတကာေရးရာ ပါေမာကၡ Christina Fink ကို မအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္းရာမွာ သူက အခုလို စေျပာပါတယ္။

Christina Fink ။ ။ ဂမ္ဘီယာႏိုင္ငံဘက္က ေလွ်ာက္လဲတင္ျပခ်က္ေတြဟာ ဥပေဒေၾကာင္းအရ အလြန္ကို အားေကာင္းပါတယ္။ ကုလသမဂၢအခ်က္အလက္ရွာေဖြေရးမစ္ရွင္ FFM ရဲ႕အစီရင္ခံစာပါ ေတြ႔ရွိခ်က္ေတြကို အေျခခံၿပီး စဲြခ်က္ေတြကို တည္ေဆာက္ထားတာျဖစ္ပါတယ္။ FFM မစ္ရွင္ကို ႏိုင္ငံတကာက ေလးစားရတဲ့ လူ႔အခြင့္အေရးဆိုင္ရာ ကြ်မ္းက်င္သူေတြက ဦးေဆာင္ခဲ့တာျဖစ္ပါတယ္။ သူတို႔ဦးေဆာင္လမ္းညႊန္မႈနဲ႔ လူေပါင္း ေထာင္နဲ႔ခ်ီကို ေမးျမန္းစံုစမ္းထားတာျဖစ္ပါတယ္။ ဒါအျပင္ မစ္ရွင္အေနနဲ႔ ၿဂိဳဟ္တုကေန ႐ိုက္ယူထားတဲ့ ဓာတ္ပံုေတြအပါအ၀င္ မ်က္ျမင္အေထာက္အထား က်ယ္က်ယ္ျပန္႔ျပန္႔ နဲ႔ အေသအခ်ာကို ေလ့လာသံုးသပ္ထားပါတယ္။ ဒါအျပင္ ICJ ႏိုင္ငံတကာတရား႐ံုးအေနနဲ႔ အမႈကို ဘာ့ေၾကာင့္ ကိုင္တြယ္စီရင္သင့္သလဲ ဆိုတဲ့ အခ်က္ကိုလည္း ဂမ္ဘီယာဘက္က အခိုင္အမာတင္ျပခဲ့ပါတယ္။ ႐ိုဟင္ဂ်ာ အရပ္သားေတြအေပၚ က်ဴးလြန္တဲ့ ဆိုးရြားလွတဲ့ ညႇဥ္းပန္းႏွိပ္စက္မႈေတြအတြက္ တာ၀န္ရွိသူ တဦးတေယာက္ကိုမွ ျမန္မာအစိုးရဘက္က အေရးယူအျပစ္ေပးျခင္းမရွိခဲ့ပါဘူး။ ဒါ့အျပင္ ေနာက္ထပ္ လူမ်ဳိးတုံးသတ္ျဖတ္မႈ က်ဴးလြန္မႈေတြ မျဖစ္ေပၚေအာင္ ကာကြယ္ဖို႔လည္း အစိုးရဘက္က ဘာမွမလုပ္ခဲ့ပါဘူး။ ႐ိုဟင္ဂ်ာအသိုင္းအ၀ိုင္းကိုလည္း ျပည္တြင္းက ဒုကၡသည္စခန္းေတြမွာ ပိတ္ေလွာင္ထားခဲ့တဲ့အျပင္ ရြာေတြမွာရွိေနတဲ့ ႐ိုဟင္ဂ်ာေတြကိုလည္း သြားလာခြင့္ေတြကို ကန္႔သတ္ပိတ္ပင္ထားခဲ့တာပါ။ ေနာက္တခ်က္ ရွိပါေသးတယ္။ ျမန္မာအစိုးရအဆက္ဆက္အေနနဲ႔ ၂၀၁၂ ခုႏွစ္ကတည္းက ကိုယ္ပိုင္ စံုစမ္းေရးေကာ္မရွင္ေပါင္း ၈ ခုကို ဖဲြ႕စည္းခဲ့ေပမယ့္ ဒီေကာ္မရွင္အားလံုးရဲ႕ အစီရင္ခံစာေတြထဲမွာ လူ႔အခြင့္အေရး ခ်ဳိးေဖာက္က်ဴးလြန္မႈေတြမရွိခဲ့ဘူးလို႔ဘဲ တင္ျပထားခဲ့တာျဖစ္ပါ တယ္။ ဒါေၾကာင့္ ဒီလိုဆိုးရြားလွတဲ့ ျပစ္မႈက်ဴးလြန္မႈေတြအတြက္ အေရးယူအျပစ္ေပးႏိုင္ေရး သူတို႔အေနနဲ႔ ICJ ႏိုင္ငံတကာ တရား႐ံုးကိုတင္ျပဖို႔ လိုအပ္ခဲ့တာျဖစ္တယ္လို႔ ဂမ္ဘီယာက ေလွ်ာက္လဲခဲ့တာျဖစ္ပါတယ္။

အင္ၾကင္းႏိုင္။ ။ အဲေတာ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ICJ တရားရံုးမွာ သူကိုယ္တိုင္ ဦးေဆာင္ၿပီး ခုခံေခ်ပတာဟာ ႏိုင္ငံေတာ္ရဲ႕ အက်ဴိးစီးပြားကို ကာကြယ္ဖို႔ အတြက္ျဖစ္တယ္လို႔ ထုတ္ျပန္ေၾကညာထားတာျဖစ္ပါတယ္။ ဒါေပမဲ့ ဂမ္ဘီယာဘက္က တင္ျပေလွ်ာက္လဲခ်က္ ထဲမွာ ျမန္မာစစ္တပ္က ႏိုင္ငံထဲမွာရွိေနတဲ့ လူအသိုင္းအ၀ိုင္း တစုအေပၚ ဘယ္ေလာက္ထိ ညႇဥ္းပန္းႏွိပ္စက္ခဲ့သလဲဆိုတာေတြကိုပဲ တင္ျပခဲ့တာျဖစ္ပါတယ္။ အဲေတာ့ ေဒၚေအာင္ဆန္းစုၾကည္ေျပာတဲ့ ႏိုင္ငံေတာ္အက်ဳိးစီးပြားဆိုတဲ့ အဓိပၸါယ္ကို ပါေမာကၡ Fink အေနနဲ႔ ဘယ္လိုနားလည္ပါလဲရွင့္။

Christina Fink ။ ။ ဟုတ္ပါတယ္။ အခုလို ICJ တရား႐ံုးမွာ အမႈရင္ဆိုင္ရတဲ့ကိစၥကို ႏိုင္ငံရဲ႕ အက်ဴိးစီးပြားအျဖစ္ ျမန္မာအစိုးရ ဘယ္လိုခံယူထားသလဲဆိုတဲ့အေပၚမွာ သိပ္ၿပီးရွင္းရွင္းလင္းလင္း မရွိပါဘူး။ ႏိုင္ငံတိုင္း ကိုယ့္ႏိုင္ငံရဲ႕ အခ်ဳပ္အခ်ာအာဏာကို ကာကြယ္လိုၾကတာပါ။ ဒါေပမယ့္ အခုအမႈကိစၥက ႏိုင္ငံျခား တိုင္းတပါးကေန က်ဴးေက်ာ္၀င္ေရာက္တာမ်ဳိး မဟုတ္ပါဘူး။ ျမန္မာႏိုင္ငံမွာ ေနထိုင္တဲ့ အရပ္သားေတြအေပၚ တပ္မေတာ္နဲ႔ အစိုးရရဲ႕ အျပဳအမူလုပ္ရပ္ပဲျဖစ္ပါတယ္။ တပ္မေတာ္အေနနဲ႔ ARSA ရဲ႕ တိုက္ခိုက္မႈကို တုံ႔ျပန္ႏွိမ္နင္းခြင့္ရွိပါတယ္။ ဒါေပမယ့္ ဒီလိုနွိမ္နင္းမႈမွာ ကေလးေတြ၊ ေမြးကင္းစအရြယ္ေတြကို သတ္ျဖတ္တဲ့အထိ၊ အမ်ဳိးသမီးနဲ႔ မိန္းကေလးေတြအေပၚ ရက္စက္တဲ့ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈအထိ က်ဴးလြန္ဖို႔ မပါ၀င္ပါဘူး။ ဒါ့အျပင္ ႏိုင္ငံေတာ္ဘက္ကလည္း လူအသိုင္းအ၀ိုင္းတစုအေပၚ အမုန္းစကားပြားမ်ားမႈေတြ ျပန္႔ပြားေအာင္ ခြင့္မျပဳသင့္သလို လူ႕အခြင့္အေရး စံုစမ္းစစ္ေဆးသူေတြကိုလည္း သြားေရာက္စစ္ေဆးခြင့္ ျပဳသင့္ၿပီး ႐ိုဟင္ဂ်ာ အသိုင္းအ၀ိုင္းကို ေထာက္ပံ့ေနတဲ့ စားနပ္ရိကၡာနဲ႔ အကူအညီေတြကို ျဖတ္ေတာက္တဲ့အေနနဲ႔ လူသားခ်င္းစာနာမႈကူညီေရးအဖဲြ႔ေတြကို တားဆီးပိတ္ပင္တာမ်ဳိး မလုပ္သင့္ပါဘူး။ ဗုဒၶဟူးေန႔မွာ ေလွ်ာက္လဲတင္ျပမယ့္ ျမန္မာဘက္ကကာကြယ္မယ့္ ဥပေဒပညာရွင္ေတြဘက္က ႏိုင္ငံေတာ္အက်ဴိးစီးပြားကို ဘယ္လို ပံုေဖာ္မလဲဆိုတာကို က်မတို႔ ေစာင့္ၾကည့္ရမွာပါ။

ICJ တရား႐ံုးမွာ အဂၤါေန႔က စတင္ၾကားနာတဲ့ပဲြကို တက္ေရာက္လာတဲ့ ေဒၚေအာင္ဆန္းစုၾကည္ဟာ တရားသူႀကီးေတြရဲ႕ ေရွ႕ေမွာက္ ျမန္မာႏိုင္ငံကိုယ္စားလွယ္ေတြအတြက္ ေပးထားတဲ့ေနရာ ထိပ္ဆံုးမွာထိုင္ၿပီး ဂမ္ဘီယာဘက္က တင္ျပခ်က္ေတြကို နားေထာင္ေနခဲ့တဲ့အေၾကာင္း ႏိုင္ငံတကာ သတင္းမီဒီယာေတြမွာ ေဖာ္ျပၾကပါတယ္။

ဒီကေန႔ ဗုဒၶဟူးေန႔မွာေတာ့ ျမန္မာဘက္က ခုခံေျခပမယ့္ ေလွ်ာက္လဲခ်က္ကို သူကိုယ္တိုင္ ဦးေဆာင္ၿပီး ႏႈတ္နဲ႔ တင္သြင္းမွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

ICJ မှာ ဂမ်ဘီယာလျှောက်လဲချက်အပေါ် အမေရိကန်ပါမောက္ခတဦး၏ သုံးသပ်ချက်

(Unicode)

ICJ နိုင်ငံတကာတရားရုံးမှာ အင်္ဂါနေ့က ဂမ်ဘီယာနိုင်ငံရဲ့ တင်ပြလျှောက်လဲချက်တွေထဲမှာ အဓိကအားဖြင့် မြန်မာနိုင်ငံမှာ နေထိုင်တဲ့ ရိုဟင်ဂျာအသိုင်းအဝိုင်းအပေါ် စစ်တပ်က ရက်ရက်စက်စက် ဘယ်လောက်အထိ ကျူးလွန်ခဲ့သလဲ၊ နိုင်ငံတော်အစိုးရ ဘက်က အကာအကွယ်ပေးဖို့ ဘယ်လောက်အထိ ပျက်ကွက်ခဲ့သလဲဆိုတာတွေကို အထောက်အထားတွေနဲ့ တင်ပြသွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံရဲ့အကျိူးစီးပွားကိုကာကွယ်ဖို့ ICJ တရားရုံးမှာ ဦးဆောင် ခုခံချေပမယ်ဆိုတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ ထုတ်ပြန်ကြေညာချက်ဟာ စစ်တပ်ရဲ့ ပြစ်မှုကျူးလွန်မှုတွေကို ကာကွယ်ဖို့လားဆိုတဲ့မေးခွန်းတွေ ထွက်ပေါ်လာခဲ့ပါ တယ်။ အမှုကို လေ့လာစောင့်ကြည့်နေတဲ့ George Washington တက္ကသိုလ်က မြန်မာ့အရေးလေ့လာသူ နိုင်ငံတကာရေးရာ ပါမောက္ခ Christina Fink ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းရာမှာ သူက အခုလို စပြောပါတယ်။

Christina Fink ။ ။ ဂမ်ဘီယာနိုင်ငံဘက်က လျှောက်လဲတင်ပြချက်တွေဟာ ဥပဒေကြောင်းအရ အလွန်ကို အားကောင်းပါတယ်။ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင် FFM ရဲ့အစီရင်ခံစာပါ တွေ့ရှိချက်တွေကို အခြေခံပြီး စွဲချက်တွေကို တည်ဆောက်ထားတာဖြစ်ပါတယ်။ FFM မစ်ရှင်ကို နိုင်ငံတကာက လေးစားရတဲ့ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ဦးဆောင်ခဲ့တာဖြစ်ပါတယ်။ သူတို့ဦးဆောင်လမ်းညွှန်မှုနဲ့ လူပေါင်း ထောင်နဲ့ချီကို မေးမြန်းစုံစမ်းထားတာဖြစ်ပါတယ်။ ဒါအပြင် မစ်ရှင်အနေနဲ့ ဂြိုဟ်တုကနေ ရိုက်ယူထားတဲ့ ဓာတ်ပုံတွေအပါအဝင် မျက်မြင်အထောက်အထား ကျယ်ကျယ်ပြန့်ပြန့် နဲ့ အသေအချာကို လေ့လာသုံးသပ်ထားပါတယ်။ ဒါအပြင် ICJ နိုင်ငံတကာတရားရုံးအနေနဲ့ အမှုကို ဘာ့ကြောင့် ကိုင်တွယ်စီရင်သင့်သလဲ ဆိုတဲ့ အချက်ကိုလည်း ဂမ်ဘီယာဘက်က အခိုင်အမာတင်ပြခဲ့ပါတယ်။ ရိုဟင်ဂျာ အရပ်သားတွေအပေါ် ကျူးလွန်တဲ့ ဆိုးရွားလှတဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေအတွက် တာဝန်ရှိသူ တဦးတယောက်ကိုမှ မြန်မာအစိုးရဘက်က အရေးယူအပြစ်ပေးခြင်းမရှိခဲ့ပါဘူး။ ဒါ့အပြင် နောက်ထပ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်မှုတွေ မဖြစ်ပေါ်အောင် ကာကွယ်ဖို့လည်း အစိုးရဘက်က ဘာမှမလုပ်ခဲ့ပါဘူး။ ရိုဟင်ဂျာအသိုင်းအဝိုင်းကိုလည်း ပြည်တွင်းက ဒုက္ခသည်စခန်းတွေမှာ ပိတ်လှောင်ထားခဲ့တဲ့အပြင် ရွာတွေမှာရှိနေတဲ့ ရိုဟင်ဂျာတွေကိုလည်း သွားလာခွင့်တွေကို ကန့်သတ်ပိတ်ပင်ထားခဲ့တာပါ။ နောက်တချက် ရှိပါသေးတယ်။ မြန်မာအစိုးရအဆက်ဆက်အနေနဲ့ ၂၀၁၂ ခုနှစ်ကတည်းက ကိုယ်ပိုင် စုံစမ်းရေးကော်မရှင်ပေါင်း ၈ ခုကို ဖွဲ့စည်းခဲ့ပေမယ့် ဒီကော်မရှင်အားလုံးရဲ့ အစီရင်ခံစာတွေထဲမှာ လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်မှုတွေမရှိခဲ့ဘူးလို့ဘဲ တင်ပြထားခဲ့တာဖြစ်ပါ တယ်။ ဒါကြောင့် ဒီလိုဆိုးရွားလှတဲ့ ပြစ်မှုကျူးလွန်မှုတွေအတွက် အရေးယူအပြစ်ပေးနိုင်ရေး သူတို့အနေနဲ့ ICJ နိုင်ငံတကာ တရားရုံးကိုတင်ပြဖို့ လိုအပ်ခဲ့တာဖြစ်တယ်လို့ ဂမ်ဘီယာက လျှောက်လဲခဲ့တာဖြစ်ပါတယ်။

အင်ကြင်းနိုင်။ ။ အဲတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ICJ တရားရုံးမှာ သူကိုယ်တိုင် ဦးဆောင်ပြီး ခုခံချေပတာဟာ နိုင်ငံတော်ရဲ့ အကျိူးစီးပွားကို ကာကွယ်ဖို့ အတွက်ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားတာဖြစ်ပါတယ်။ ဒါပေမဲ့ ဂမ်ဘီယာဘက်က တင်ပြလျှောက်လဲချက် ထဲမှာ မြန်မာစစ်တပ်က နိုင်ငံထဲမှာရှိနေတဲ့ လူအသိုင်းအဝိုင်း တစုအပေါ် ဘယ်လောက်ထိ ညှဉ်းပန်းနှိပ်စက်ခဲ့သလဲဆိုတာတွေကိုပဲ တင်ပြခဲ့တာဖြစ်ပါတယ်။ အဲတော့ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ နိုင်ငံတော်အကျိုးစီးပွားဆိုတဲ့ အဓိပ္ပါယ်ကို ပါမောက္ခ Fink အနေနဲ့ ဘယ်လိုနားလည်ပါလဲရှင့်။

Christina Fink ။ ။ ဟုတ်ပါတယ်။ အခုလို ICJ တရားရုံးမှာ အမှုရင်ဆိုင်ရတဲ့ကိစ္စကို နိုင်ငံရဲ့ အကျိူးစီးပွားအဖြစ် မြန်မာအစိုးရ ဘယ်လိုခံယူထားသလဲဆိုတဲ့အပေါ်မှာ သိပ်ပြီးရှင်းရှင်းလင်းလင်း မရှိပါဘူး။ နိုင်ငံတိုင်း ကိုယ့်နိုင်ငံရဲ့ အချုပ်အချာအာဏာကို ကာကွယ်လိုကြတာပါ။ ဒါပေမယ့် အခုအမှုကိစ္စက နိုင်ငံခြား တိုင်းတပါးကနေ ကျူးကျော်ဝင်ရောက်တာမျိုး မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ နေထိုင်တဲ့ အရပ်သားတွေအပေါ် တပ်မတော်နဲ့ အစိုးရရဲ့ အပြုအမူလုပ်ရပ်ပဲဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ ARSA ရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်နှိမ်နင်းခွင့်ရှိပါတယ်။ ဒါပေမယ့် ဒီလိုနှိမ်နင်းမှုမှာ ကလေးတွေ၊ မွေးကင်းစအရွယ်တွေကို သတ်ဖြတ်တဲ့အထိ၊ အမျိုးသမီးနဲ့ မိန်းကလေးတွေအပေါ် ရက်စက်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအထိ ကျူးလွန်ဖို့ မပါဝင်ပါဘူး။ ဒါ့အပြင် နိုင်ငံတော်ဘက်ကလည်း လူအသိုင်းအဝိုင်းတစုအပေါ် အမုန်းစကားပွားများမှုတွေ ပြန့်ပွားအောင် ခွင့်မပြုသင့်သလို လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူတွေကိုလည်း သွားရောက်စစ်ဆေးခွင့် ပြုသင့်ပြီး ရိုဟင်ဂျာ အသိုင်းအဝိုင်းကို ထောက်ပံ့နေတဲ့ စားနပ်ရိက္ခာနဲ့ အကူအညီတွေကို ဖြတ်တောက်တဲ့အနေနဲ့ လူသားချင်းစာနာမှုကူညီရေးအဖွဲ့တွေကို တားဆီးပိတ်ပင်တာမျိုး မလုပ်သင့်ပါဘူး။ ဗုဒ္ဓဟူးနေ့မှာ လျှောက်လဲတင်ပြမယ့် မြန်မာဘက်ကကာကွယ်မယ့် ဥပဒေပညာရှင်တွေဘက်က နိုင်ငံတော်အကျိူးစီးပွားကို ဘယ်လို ပုံဖော်မလဲဆိုတာကို ကျမတို့ စောင့်ကြည့်ရမှာပါ။

ICJ တရားရုံးမှာ အင်္ဂါနေ့က စတင်ကြားနာတဲ့ပွဲကို တက်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တရားသူကြီးတွေရဲ့ ရှေ့မှောက် မြန်မာနိုင်ငံကိုယ်စားလှယ်တွေအတွက် ပေးထားတဲ့နေရာ ထိပ်ဆုံးမှာထိုင်ပြီး ဂမ်ဘီယာဘက်က တင်ပြချက်တွေကို နားထောင်နေခဲ့တဲ့အကြောင်း နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။

ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာတော့ မြန်မာဘက်က ခုခံခြေပမယ့် လျှောက်လဲချက်ကို သူကိုယ်တိုင် ဦးဆောင်ပြီး နှုတ်နဲ့ တင်သွင်းမှာ ဖြစ်ပါတယ်။

XS
SM
MD
LG