သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ICJ ႏိုင္ငံတကာခုံ႐ုံးေရာက္ အမႈအေပၚ ျမန္မာအဖြဲ႕အစည္းမ်ားအျမင္


(Zawgyi/Unicode)

ရုိဟင္ဂ်ာ မြတ္စလင္ေတြအေပၚ ျမန္မာႏုိင္ငံဘက္က လူမ်ိဳးတုန္းသတ္ျဖတ္မႈေတြ က်ဴးလြန္တဲ့ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ကုလသမဂၢရဲ႕ အျမင့္ဆံုးတရားရံုးျဖစ္တဲ့ ICJ မွာ ဂမ္ဘီယာႏုိင္ငံက အခုလ ၁၁ ရက္ေန႔မွာ အမႈတင္သြင္းလိုက္ပါတယ္။ အဲဒီလုိ စြဲခ်က္တင္လိုက္တဲ့အေပၚ လူ႔အခြင့္အေရး လႈပ္ရွားေနတဲ့ အဖြဲ႕အစည္းေတြက ႀကိဳဆုိထားပါတယ္။ ဒါေပမဲ့ ရခုိင္ျပည္နယ္ေျမာက္ပုိင္း အျဖစ္အပ်က္ေတြအေပၚ ရခိုင္ျပည္နယ္ဆိုင္ရာ အၾကံေပးေကာ္မရွင္အဖြဲ႔၀င္ေတြနဲ႔ ျမန္မာႏုိင္ငံ လူ႔အခြင့္အေရး ေကာ္မရွင္အဖြဲ႔၀င္ေတြအၾကား မတူညီတဲ့အျမင္ေတြ ရွိေနပါတယ္။ ဒီအေၾကာင္းအျပည့္အစံုကို ဗီီြအုိေအသတင္းေထာက္ စုစုကေမးျမန္း ေပးပို႔ထားပါတယ္။

ျမန္မာႏုိင္ငံက ရခိုင္ျပည္ေျမာက္ပုိင္းမွာရွိတဲ့ ရုိဟင္ဂ်ာမြတ္ဆလင္ေတြကို ႏွိပ္စက္ညွဥ္းပန္းၿပီး လူမ်ိဳးတုန္းသတ္ျဖတ္မႈ က်ဴးလြန္ခဲ့တယ္ဆုိတဲ့ စြပ္စြဲခ်က္ေတြနဲ႔ ပတ္သက္လုိ႔ အဲဒီလုိ ျဖစ္ရပ္ေတြကုိ တားဆီးေရး ႏုိင္ငံတကာ သေဘာတူညီခ်က္ကို ခ်ိဳးေဖာက္တယ္ဆုိတဲ့ စြဲခ်က္နဲ႔ ဂမ္ဘီယာႏုိင္ငံက ကမကထျပဳၿပီး ICJ ႏုိင္ငံတကာ တရားရုံးမွာ အမႈစြဲတင္လုိက္တာပါ။ ဂမ္ဘီယာကတင္တဲ့ အမႈတြဲထဲမွာ ရုိဟင္ဂ်ာေတြအေပၚ က်ဴးလြန္တဲ့ လူမ်ိဳးတုန္းသတ္ျဖတ္မႈေတြကို ျမန္မာဘက္က ခ်က္ခ်င္းရပ္တန္႔ေစဖို႔အတြက္ ယာယီအေရးယူေပးဖို႔ ေတာင္းဆုိခ်က္လည္း ပါ၀င္ပါတယ္။

ရခိုင္ျပည္ေျမာက္ပုိင္းမွာ ၂၀၁၇ခုႏွစ္က ျဖစ္ပြားခဲ့တဲ့ အၾကမ္းဖက္ တုိက္ခိုက္မႈေတြေနာက္ပုိင္း ျမန္မာလံုျခံဳေရးတပ္ဖြဲ႔ေတြရဲ႕ နယ္ေျမရွင္းလင္းမႈအတြင္း ရုိဟင္ဂ်ာ ၇ သိန္းေက်ာ္ ဘဂၤလားေဒ့ရွ္ႏုိ္င္ငံဘက္ကို ထြက္ေျပးခဲ့ရတယ္လို႔ ကုလသမဂၢအပါအ၀င္ ႏုိင္ငံတကာ လူ႔အခြင့္အေရး အဖြဲ႔အစည္းေတြက ခန္႔မွန္း ေျပာဆုိထားၾကတာပါ။

ျပစ္မႈက်ဴးလြန္သူေတြကုိ အေရးယူလိုက္မယ္ဆိုရင္ ျပႆနာေတြ ေျပလည္သြားမယ္လုိ႔ ရခိုင္ျပည္နယ္ဆိုင္ရာ အၾကံေပးေကာ္မရွင္ အဖြဲ႕ဝင္ေဟာင္း ဦးေအးလြင္က ဗီြအိုေအကိုေျပာပါတယ္။

“ႏုိင္ငံေတာ္အစုိးရကလည္း စံုစမ္းစစ္ေဆးမႈေတြ လုပ္တယ္။ တပ္မေတာ္ဘက္ကလည္း စံုစမ္းစစ္ေဆးမႈေတြလုပ္တယ္။ အျပည္ျပည္ဆုိင္ရာကလည္း စံုစမ္းစစ္ေဆးေရးေတြလုပ္တယ္။ စံုစမ္းစစ္ေဆးေလာက္ေအာင္ အနိဌာရံုမ်ားသည္ ျဖစ္ခဲ့သည္။ အဲေတာ့ အဲဒါကိုက်ဴးလြန္တဲ့ သူေတြဟာလည္းပဲ ဥပေဒအရ သူတုိ႔ရဲ႕ျပစ္ဒဏ္ေတြကို ခံရမယ္။ အဲလို ျပည္ပနဲ႔ ျပည္တြင္းနဲ႔ စံုစည္းၿပီးေတာ့ကာ က်ေတာ္တုိ႔အခ်က္အလက္ေတြ ဖလွယ္ၿပီးေတာ့ကာ တကယ္ဒုကၡေရာက္ေနတဲ့သူေတြရဲ႕ ဒုကၡကုိအသိအမွတ္ျပဳမယ္။ ေနာက္ၿပီးေတာ့ကာ ျပစ္မႈက်ဴးလြန္တဲ့ သူေတြကိုလည္းပဲ အေရးယူမယ္ဆုိရင္ က်ေတာ့္စိတ္ထင္ ျပႆနာေျပလည္သြားပါလိမ့္မယ္။”

အဖြဲ႕ဝင္ႏိုင္ငံေပါင္း ၅၀ ေက်ာ္ပါဝင္တဲ့ OIC အစၥလာမ္မစ္ ပူးေပါင္းေဆာင္ရြက္ေရးအဖြဲ႕ ကိုယ္စား ဂမ္ဘီယာႏုိင္ငံက ICJ မွာ အမႈတင္သြင္းလိုက္တဲ့အေပၚ ျမန္မာအစုိးရဘက္က တံု႔ျပန္မႈတစံုတရာ မျပဳေသးေပမယ့္ ကုလသမဂၢဆုိင္ရာ ျမန္မာသံအမတ္ႀကီး ဦးေဟာက္ဒုိဆြမ္းကေတာ့ ဥပေဒေၾကာင္းအရ တုံ႔ျပန္သြားမယ္လို႔ ဆုိပါတယ္။

ျမန္မာႏုိင္ငံအမ်ိဳးသား လူ႔အခြင့္အေရးေကာ္မရွင္ကေတာ့ သူတို႔အေနနဲ႔ ရခိုင္ေဒသကိုသြားေရာက္ၿပီး စစ္ေဆးမႈေတြအႀကိမ္ႀကိမ္လုပ္ခဲ့ၿပီး လူမ်ိဳးတုန္းသတ္ျဖတ္တယ္ဆုိတဲ့ အေထာက္အထားမေတြ႕ခဲ့တာေၾကာင့္ ဒါဟာ တဖတ္သက္ စြပ္စြဲခ်က္ေတြျဖစ္တယ္လို႔ အဖြဲ႕ဝင္ ဦးယုလြင္ေအာင္က ေျပာပါတယ္။

“က်ေနာ္တို႔လည္း ရခိုင္ကို ႏွစ္ႀကိမ္၊ သံုးႀကိမ္ေလာက္ ေရာက္ခဲ့ၿပီးၿပီ။ ဘဂၤါလီေတြကို လူမ်ိဳးတုန္းသတ္ျဖတ္တယ္ ဆိုတဲ့ အေထာက္အထား က်ေနာ္တုိ႔က မေတြ႕ဘူးဗ်။ မေတြ႕ေတာ့ က်ေနာ္တို႔လည္း ဒါနဲ႔ပတ္သက္လုိ႔ ဘာမွမေျပာခဲ့ဘူးေပါ့ေလ။ သူတုိ႔က ဘယ္ဟာကိုၾကည့္ၿပီးေတာ့ လူမ်ိဳးတုန္းသတ္ျဖတ္တယ္လို႔ စြပ္စြဲလည္း က်ေနာ္တို႔လည္း နားေတာ့မလည္ဘူး။ တကယ္တမ္းက်ေတာ့ တဘတ္သက္စြပ္စြဲခ်က္လို႔ေတာ့ က်ေတာ္တို႔ကျမင္တာေပါ့။ သုိ႔ေသာ္ က်ေနာ္တုိ႔ကိုယ္တိုင္လည္း ကြင္းဆင္းၾကည့္တယ္။ အဲဒီမွာရွိတဲ့ ဘဂၤါလီရြာေတြကိုလည္း က်ေတာ္တို႔သြားၿပီးေတာ့ ေမးျမန္းတယ္။ ေနာက္တခါ တဘက္ႏိုင္ငံကိုကူးသြားမယ့္သူေတြကုိလည္း ႏွစ္သုတ္ေလာက္ရွိတယ္။ က်ေနာ္ ပင္လယ္ကမ္းေျခမွာ သူတုိ႔သြားေဆြးေႏြးတယ္။ က်ေနာ္တုိ႔ကေတာ့ ဒီေဒသမွာ ဘဂၤါလီေတြအေပၚကုိ လူမ်ိဳးတုန္းသတ္ျဖတ္တာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္တာကို က်ေနာ္တုိ႔က မေတြ႕ခဲ့ဘူးဆိုၿပီးေတာ့ပဲ က်ေနာ္တုိ႔အစီရင္ခံစာေတြမွာ ထုတ္ျပန္ထားပါတယ္ခင္ဗ်။”

ရခိုင္ျပည္ေျမာက္ပိုင္းက ရိုဟင္ဂ်ာအေရးနဲ႔ပတ္သက္ၿပီး ႏုိင္ငံတကာက ျမန္မာႏုိင္ငံအေပၚ အေရးယူပိတ္ဆုိ႔မႈေတြ ရွိေနၿပီး အခုခ်ိိန္ထိ ဒုကၡသည္ေတြ ေနရပ္ျပန္ေရးကိစၥနဲ႔ပတ္သက္လုိ႔ ေဝဖန္ခံေနရတာပါ။ ျမန္မာအစုိးရက ရိုဟင္ဂ်ာဆုိတဲ့အသံုးအႏႈန္းကို လက္မခံေပမယ့္ ဒုကၡသည္ေတြ ေနရပ္ျပန္ႏုိင္ေရးအတြက္ကိုေတာ့ ႏုိင္ငံတကာနဲ႔ ပူးေပါင္း ေဆာင္ရြက္ေနပါတယ္။

ျမန္မာႏုိင္ငံအေနနဲ႔ အခုလို တျခားႏုိင္ငံတခုက ကုလသမဂၢရဲ႕ အျမင့္ဆံုးတရားရံုးျဖစ္တဲ့ ICJ မွာ အမႈစြဲတင္လိုက္တာဟာ တႏုိင္ငံလံုးနဲ႔ဆိုင္တဲ့ ကိစၥျဖစ္ၿပီး ဒီအေပၚကုိ အားလံုးပူးေပါင္းေဆာင္ရြက္ၿပီး တံု႔ျပန္ဖို႔လိုတယ္လို႔ ဥပေဒပညာရွင္ ေဒါက္တာ ဆလိုင္း ငုံက်ံဳးလ်န္က ေျပာပါတယ္။

“ဒီကိစၥက တပ္မေတာ္ကိစၥတခုတည္း မဟုတ္ဘူး။ အစုိးရကိစၥတခုတည္း မဟုတ္ဘူး။ လႊတ္ေတာ္တခုတည္း ကိစၥလည္းမဟုတ္ဘူး။ အစုိးရလို႔ ေျပာတဲ့အခ်ိန္မွာ ဒီအုပ္ခ်ဳပ္ေရးပိုင္းကို တာဝန္ယူတဲ့ အစုိးရအဖြဲ႕တခုတည္းကို ေျပာတာမဟုတ္ဘူး။ တႏုိင္ငံလံုးနဲ႔ဆုိင္တဲ့ ကိစၥျဖစ္တယ္။ ဒီလုိမ်ိဳး ႏုိင္ငံတကာမ်က္ႏွာမွာ ျမန္မာႏုိင္ငံသိကၡာက်စရာေတြ ျဖစ္လာတဲ့အခ်ိန္မွာ ကုိယ့္အက်ိဳးစီးပြား၊ ကိုယ့္ပါတီ၊ ကုိယ့္လူမ်ိဳး အဲဒါမ်ိဳးေတြမထားဘဲနဲ႔ က်ေတာ္တုိ႔အားလံုးက ျမန္မာျဖစ္တယ္ဆုိတဲ့ စိတ္ထားနဲ႔ ျပန္ၿပီးေတာ့တံု႔ျပန္ဖုိ႔ လိုတယ္လို႔ ထင္ပါတယ္။ ေနာက္ၿပီးေတာ့ ျပႆနာတခုနဲ႔ တခုကို က်ေနာ္တို႔ မေရာဖို႔လိုပါတယ္။ ျပည္တြင္းမွာျဖစ္တဲ့ ျပႆနာက ျပည္တြင္းျပႆနာပါ။ အခုကျပည္တြင္းျပႆနာ မဟုတ္ပါဘူး။ ျပည္တြင္းမွာျဖစ္တဲ့ ျပႆနာအတြက္ ႏုိင္ငံတကာျပႆနာ ျဖစ္လာတာကို ခြဲၿပီးေတာ့ ျမင္တတ္ဖို႔ လုိပါတယ္လို႔ က်ေတာ္ကေတာ့ ယူဆပါတယ္။”

အခုျမန္မာႏုိင္ငံကို ICJ တရားရံုးမွာ အမႈစြဲတင္ထားတဲ့ ဂမ္ဘီယာႏုိ္င္ငံဟာ သူတုိ႔ရဲ႕အစုိးရသစ္လက္ထက္မွာ ဆုိးရြားလြန္းတဲ့ အာဏာရွင္စနစ္နဲ႔ လူ႔အခြင့္အေရးျပႆနာေတြကုိ ရင္ဆိုင္ခဲ့ရတဲ့ အေတြ႕အၾကံဳရွိတာေၾကာင့္ ဒီကိစၥမွာ အခုလိုဦးေဆာင္လုပ္ကုိင္တဲ့အေပၚ ႏို္င္ငံတကာအသိုင္းအဝန္းက ၾကိဳဆိုေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ICJ နိုင်ငံတကာခုံရုံးရောက် အမှုအပေါ် မြန်မာအဖွဲ့အစည်းများအမြင်

ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် မြန်မာနိုင်ငံဘက်က လူမျိုးတုန်းသတ်ဖြတ်မှုတွေ ကျူးလွန်တဲ့ဆိုတဲ့ စွပ်စွဲချက်နဲ့ ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံးဖြစ်တဲ့ ICJ မှာ ဂမ်ဘီယာနိုင်ငံက အခုလ ၁၁ ရက်နေ့မှာ အမှုတင်သွင်းလိုက်ပါတယ်။ အဲဒီလို စွဲချက်တင်လိုက်တဲ့အပေါ် လူ့အခွင့်အရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေက ကြိုဆိုထားပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း အဖြစ်အပျက်တွေအပေါ် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဝင်တွေနဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်တွေအကြား မတူညီတဲ့အမြင်တွေ ရှိနေပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ဗွီအိုအေသတင်းထောက် စုစုကမေးမြန်း ပေးပို့ထားပါတယ်။

မြန်မာနိုင်ငံက ရခိုင်ပြည်မြောက်ပိုင်းမှာရှိတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေကို နှိပ်စက်ညှဉ်းပန်းပြီး လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ အဲဒီလို ဖြစ်ရပ်တွေကို တားဆီးရေး နိုင်ငံတကာ သဘောတူညီချက်ကို ချိုးဖောက်တယ်ဆိုတဲ့ စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက ကမကထပြုပြီး ICJ နိုင်ငံတကာ တရားရုံးမှာ အမှုစွဲတင်လိုက်တာပါ။ ဂမ်ဘီယာကတင်တဲ့ အမှုတွဲထဲမှာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေကို မြန်မာဘက်က ချက်ချင်းရပ်တန့်စေဖို့အတွက် ယာယီအရေးယူပေးဖို့ တောင်းဆိုချက်လည်း ပါဝင်ပါတယ်။

ရခိုင်ပြည်မြောက်ပိုင်းမှာ ၂၀၁၇ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနောက်ပိုင်း မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းမှုအတွင်း ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ခန့်မှန်း ပြောဆိုထားကြတာပါ။

ပြစ်မှုကျူးလွန်သူတွေကို အရေးယူလိုက်မယ်ဆိုရင် ပြဿနာတွေ ပြေလည်သွားမယ်လို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် အဖွဲ့ဝင်ဟောင်း ဦးအေးလွင်က ဗွီအိုအေကိုပြောပါတယ်။

“နိုင်ငံတော်အစိုးရကလည်း စုံစမ်းစစ်ဆေးမှုတွေ လုပ်တယ်။ တပ်မတော်ဘက်ကလည်း စုံစမ်းစစ်ဆေးမှုတွေလုပ်တယ်။ အပြည်ပြည်ဆိုင်ရာကလည်း စုံစမ်းစစ်ဆေးရေးတွေလုပ်တယ်။ စုံစမ်းစစ်ဆေးလောက်အောင် အနိဌာရုံများသည် ဖြစ်ခဲ့သည်။ အဲတော့ အဲဒါကိုကျူးလွန်တဲ့ သူတွေဟာလည်းပဲ ဥပဒေအရ သူတို့ရဲ့ပြစ်ဒဏ်တွေကို ခံရမယ်။ အဲလို ပြည်ပနဲ့ ပြည်တွင်းနဲ့ စုံစည်းပြီးတော့ကာ ကျတော်တို့အချက်အလက်တွေ ဖလှယ်ပြီးတော့ကာ တကယ်ဒုက္ခရောက်နေတဲ့သူတွေရဲ့ ဒုက္ခကိုအသိအမှတ်ပြုမယ်။ နောက်ပြီးတော့ကာ ပြစ်မှုကျူးလွန်တဲ့ သူတွေကိုလည်းပဲ အရေးယူမယ်ဆိုရင် ကျတော့်စိတ်ထင် ပြဿနာပြေလည်သွားပါလိမ့်မယ်။”

အဖွဲ့ဝင်နိုင်ငံပေါင်း ၅၀ ကျော်ပါဝင်တဲ့ OIC အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ကိုယ်စား ဂမ်ဘီယာနိုင်ငံက ICJ မှာ အမှုတင်သွင်းလိုက်တဲ့အပေါ် မြန်မာအစိုးရဘက်က တုံ့ပြန်မှုတစုံတရာ မပြုသေးပေမယ့် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းကတော့ ဥပဒေကြောင်းအရ တုံ့ပြန်သွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ကတော့ သူတို့အနေနဲ့ ရခိုင်ဒေသကိုသွားရောက်ပြီး စစ်ဆေးမှုတွေအကြိမ်ကြိမ်လုပ်ခဲ့ပြီး လူမျိုးတုန်းသတ်ဖြတ်တယ်ဆိုတဲ့ အထောက်အထားမတွေ့ခဲ့တာကြောင့် ဒါဟာ တဖတ်သက် စွပ်စွဲချက်တွေဖြစ်တယ်လို့ အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောပါတယ်။

“ကျနော်တို့လည်း ရခိုင်ကို နှစ်ကြိမ်၊ သုံးကြိမ်လောက် ရောက်ခဲ့ပြီးပြီ။ ဘင်္ဂါလီတွေကို လူမျိုးတုန်းသတ်ဖြတ်တယ် ဆိုတဲ့ အထောက်အထား ကျနော်တို့က မတွေ့ဘူးဗျ။ မတွေ့တော့ ကျနော်တို့လည်း ဒါနဲ့ပတ်သက်လို့ ဘာမှမပြောခဲ့ဘူးပေါ့လေ။ သူတို့က ဘယ်ဟာကိုကြည့်ပြီးတော့ လူမျိုးတုန်းသတ်ဖြတ်တယ်လို့ စွပ်စွဲလည်း ကျနော်တို့လည်း နားတော့မလည်ဘူး။ တကယ်တမ်းကျတော့ တဘတ်သက်စွပ်စွဲချက်လို့တော့ ကျတော်တို့ကမြင်တာပေါ့။ သို့သော် ကျနော်တို့ကိုယ်တိုင်လည်း ကွင်းဆင်းကြည့်တယ်။ အဲဒီမှာရှိတဲ့ ဘင်္ဂါလီရွာတွေကိုလည်း ကျတော်တို့သွားပြီးတော့ မေးမြန်းတယ်။ နောက်တခါ တဘက်နိုင်ငံကိုကူးသွားမယ့်သူတွေကိုလည်း နှစ်သုတ်လောက်ရှိတယ်။ ကျနော် ပင်လယ်ကမ်းခြေမှာ သူတို့သွားဆွေးနွေးတယ်။ ကျနော်တို့ကတော့ ဒီဒေသမှာ ဘင်္ဂါလီတွေအပေါ်ကို လူမျိုးတုန်းသတ်ဖြတ်တာ လူ့အခွင့်အရေး ချိုးဖောက်တာကို ကျနော်တို့က မတွေ့ခဲ့ဘူးဆိုပြီးတော့ပဲ ကျနော်တို့အစီရင်ခံစာတွေမှာ ထုတ်ပြန်ထားပါတယ်ခင်ဗျ။”

ရခိုင်ပြည်မြောက်ပိုင်းက ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာက မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေ ရှိနေပြီး အခုချိန်ထိ ဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စနဲ့ပတ်သက်လို့ ဝေဖန်ခံနေရတာပါ။ မြန်မာအစိုးရက ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို လက်မခံပေမယ့် ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအတွက်ကိုတော့ နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်နေပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အခုလို တခြားနိုင်ငံတခုက ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံးဖြစ်တဲ့ ICJ မှာ အမှုစွဲတင်လိုက်တာဟာ တနိုင်ငံလုံးနဲ့ဆိုင်တဲ့ ကိစ္စဖြစ်ပြီး ဒီအပေါ်ကို အားလုံးပူးပေါင်းဆောင်ရွက်ပြီး တုံ့ပြန်ဖို့လိုတယ်လို့ ဥပဒေပညာရှင် ဒေါက်တာ ဆလိုင်း ငုံကျုံးလျန်က ပြောပါတယ်။

“ဒီကိစ္စက တပ်မတော်ကိစ္စတခုတည်း မဟုတ်ဘူး။ အစိုးရကိစ္စတခုတည်း မဟုတ်ဘူး။ လွှတ်တော်တခုတည်း ကိစ္စလည်းမဟုတ်ဘူး။ အစိုးရလို့ ပြောတဲ့အချိန်မှာ ဒီအုပ်ချုပ်ရေးပိုင်းကို တာဝန်ယူတဲ့ အစိုးရအဖွဲ့တခုတည်းကို ပြောတာမဟုတ်ဘူး။ တနိုင်ငံလုံးနဲ့ဆိုင်တဲ့ ကိစ္စဖြစ်တယ်။ ဒီလိုမျိုး နိုင်ငံတကာမျက်နှာမှာ မြန်မာနိုင်ငံသိက္ခာကျစရာတွေ ဖြစ်လာတဲ့အချိန်မှာ ကိုယ့်အကျိုးစီးပွား၊ ကိုယ့်ပါတီ၊ ကိုယ့်လူမျိုး အဲဒါမျိုးတွေမထားဘဲနဲ့ ကျတော်တို့အားလုံးက မြန်မာဖြစ်တယ်ဆိုတဲ့ စိတ်ထားနဲ့ ပြန်ပြီးတော့တုံ့ပြန်ဖို့ လိုတယ်လို့ ထင်ပါတယ်။ နောက်ပြီးတော့ ပြဿနာတခုနဲ့ တခုကို ကျနော်တို့ မရောဖို့လိုပါတယ်။ ပြည်တွင်းမှာဖြစ်တဲ့ ပြဿနာက ပြည်တွင်းပြဿနာပါ။ အခုကပြည်တွင်းပြဿနာ မဟုတ်ပါဘူး။ ပြည်တွင်းမှာဖြစ်တဲ့ ပြဿနာအတွက် နိုင်ငံတကာပြဿနာ ဖြစ်လာတာကို ခွဲပြီးတော့ မြင်တတ်ဖို့ လိုပါတယ်လို့ ကျတော်ကတော့ ယူဆပါတယ်။”

အခုမြန်မာနိုင်ငံကို ICJ တရားရုံးမှာ အမှုစွဲတင်ထားတဲ့ ဂမ်ဘီယာနိုင်ငံဟာ သူတို့ရဲ့အစိုးရသစ်လက်ထက်မှာ ဆိုးရွားလွန်းတဲ့ အာဏာရှင်စနစ်နဲ့ လူ့အခွင့်အရေးပြဿနာတွေကို ရင်ဆိုင်ခဲ့ရတဲ့ အတွေ့အကြုံရှိတာကြောင့် ဒီကိစ္စမှာ အခုလိုဦးဆောင်လုပ်ကိုင်တဲ့အပေါ် နိုင်ငံတကာအသိုင်းအဝန်းက ကြိုဆိုနေကြပါတယ်။

XS
SM
MD
LG