သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ICJ မှာ အမှုစွဲတင်ခံရမှု မြန်မာပဏာမ တုံ့ပြန်ချက် 


နိုဝင်ဘာလ ၄ ရက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ICC ခုံရုံး အစီရင်ခံစာ တုံ့ပြန်ဆွေးနေေွးနေတဲ့ ကုလသမဂ္ဂဆို င်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း။ (ဓာတ်ပုံ - United Nations)
နိုဝင်ဘာလ ၄ ရက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ICC ခုံရုံး အစီရင်ခံစာ တုံ့ပြန်ဆွေးနေေွးနေတဲ့ ကုလသမဂ္ဂဆို င်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း။ (ဓာတ်ပုံ - United Nations)

(Zawgyi/Unicode)

လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး ဆိုင်ရာ သဘောတူစာချုပ်ကို မြန်မာ အစိုးရဘက်က ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက ကုလသမဂ္ဂရဲ့ ပင်မ တရားရေး အဖွဲ့ကြီး ဖြစ်တဲ့ ICJ - နိုင်ငံတကာ တရားရုံးမှာ အမှုတင်သွင်း လိုက်တာမှာ ဥပဒေ အရ လုပ်လာရင် ဥပဒေကြောင်းအရ ပြန်တုံ့ပြန်မယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာသံအမတ်ကြီးက ပြောပါတယ်။

အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေး အသင်း OIC ရဲ့ ကိုယ်စား ဂမ်ဘီယာ နိုင်ငံက မြန်မာ အပေါ် အမှုတင်သွင်းလိုက်တဲ့ အပေါ် တုံ့ပြန်ချက်တွေကို မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ရိုဟင်ဂျာ သိန်းနဲ့ချီပြီး ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးခဲ့ရမှုတွေနဲ့ ဆက်စပ်ပြီး မြန်မာ အစိုးရဟာ လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ ကုလသမဂ္ဂ သဘောတူ စာချုပ်ကို ချိုးဖောက်တယ်လို့ ဂမ်ဘီးယား နိုင်ငံက စွပ်စွဲပြီး World Court လို့လည်း ခေါ်ကြတဲ့ နိုင်ငံတကာ တရားရုံး ICJ မှာ အမှုဖွင့်တာ ဖြစ်ပါတယ်။ လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ ကုလသမဂ္ဂ သဘောတူ စာချုပ်ကတော့ လူမျိုးတုံး သတ်ဖြတ်မှု ရာဇဝတ်မှုတွေ မဖြစ်အောင် ကာကွယ်ရေးနဲ့ ဒီရာဇဝတ်မှုတွေကို အပြစ်ပေးနိုင်ရေး ချုပ်ဆိုထားတာ ဖြစ်ပြီး မြန်မာနိုင်ငံကလည်း လက်မှတ်ရေးထိုးထားတာပါ။ နောက် ICJ နိုင်ငံတကာ ခုံရုံးမှာလည်း ကုလသမဂ္ဂ အဖွဲ့ဝင် ဖြစ်တဲ့ မြန်မာနိုင်ငံက အလိုအလျောက် အဖွဲ့ဝင်နိုင်ငံ ဖြစ်ပါတယ်။ ICJ မှာ မြန်မာ အစိုးရ အမှုဖွင့်ခံရမှု အပေါ် နယူးယောက် အခြေစိုက် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက အခုလို အသိအမှတ်ပြု ပြောပါတယ်။

“ICJ ဆိုတာကတော့ ကုလသမဂ္ဂအဖွဲ့အစည်းရဲ့ အဖွဲ့အစည်းတခုပေါ့နော်။ တရားရေးနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့အတွက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ အားလုံးကတော့ ICJ နဲ့ ပတ်သက်လို့ရှိရင် သက်ရောက်မှု ရှိတာပေါ့နော်။”

ဂမ်ဘီယာ နိုင်ငံက နိုင်ငံတကာ ခုံရုံးမှာ အမှုတင်လိုက်တဲ့ အပေါ် မြန်မာဘက်က ဘယ်လို တုံ့ပြန်သွားဖို့ ရှိသလဲ ဆိုတာကိုလည်း သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက အခုလို ပြောပါတယ်။

“ကျနော်တို့က ဂမ်ဘီယာ နဲ့ ပတ်သက်ရင် ဘာမှ အဆက်အစပ်ရှိတာမဟုတ်ဘူး။ ဒီကိစ္စက ကျနော်တို့ ပြည်တွင်းပြဿနာကနေပြီးတော့ ဖြစ်ပေါ်လာတဲ့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ပြဿနာဖြစ်တယ်။ OIC လို့ခေါ်တဲ့ အစ္စလာမ္မစ် cooperation အဖွဲ့နဲ့ လည်း ဘာမှ တိုက်ရိုက်သက်ဆိုင်မူလည်းမရှိဘူး။ ဆိုတော့ ဒါက ပဏာမအနေနဲ့ ကျနော်တုံ့ပြန်ချင်တယ် ဒါပါပဲ။ ကျန်တဲ့အပိုင်းကတော့ဗျာ ဥပဒေကြောင်းအရ လုပ်တယ်ဆိုရင် ကျနော်တို့ ဥပဒေ ကြောင်းအရ လုပ်သင့်လုပ်ထိုက်တာကို ဆက်ပြီးလုပ်သွားဖို့ပဲ ရှိပါတယ်။”

အနောက် အာဖရိက နိုင်ငံငယ် တခုဖြစ်တဲ့ ဂမ်ဘီယာ နိုင်ငံက မြန်မာ အစိုးရကို ICJ မှာ အမှုတင်သွင်းလိုက်တဲ့ အပေါ် ကနေဒါနိုင်ငံက ကြိုဆိုကြောင်း နိုင်ငံခြားရေး ဝန်ကြီး Chrystia Freeland က ကြေညာချက် ထုတ်ပါတယ်။ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ စနစ်တကျ ခွဲခြားဆက်ဆံမှု၊ အမုန်းစကားတွေ၊ ရိုဟင်ဂျာတွေ အပေါ် ကျားမ ကွဲပြားမှု အခြေခံ အကြမ်းဖက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ အပါအဝင် လူမျိုးတုံး သတ်ဖြတ်မှု အတွက် တာဝန်ခံမှု တာဝန်ယူမှု ရှိစေရေး အတွက် အခု ဆောင်ရွက်ချက်က အထောက်အကူ ဖြစ်စေမယ်လို့လည်း ကနေဒါ နိုင်ငံခြားရေး ဝန်ကြီးက ကြေညာချက်မှာ ပြောဆိုပါတယ်။ ဒါ့အပြင် လူပေါင်း ၇၄၀၀၀၀ ကျော် ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးခဲ့ရပြီး ဘင်္ဂလားဒေရှ့်မှာ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည် စခန်းကြီး ဖြစ်စေခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လ အကြမ်းဖက်မှုလည်း ပါဝင်တယ်လို့လည်း ကနေဒါ နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုထားပါတယ်။ ကနေဒါ အခြေစိုက် ရိုဟင်ဂျာ အရေး တက်ကြွလှုပ်ရှားသူ တဦး ဖြစ်သူ Yasmin Ullah ကတော့ အခု အမှုမှာ အောင်မြင်မှု ရဖို့ မျှော်လင့်ကြောင်း အခုလိုပြောပါတယ်။

“ဒီအရေးကိစ္စမှာ ဂမ်ဘီယာ တနိုင်တည်း ဖြစ်မနေဖို့ မျှော်လင့်ပါတယ်။ တခြားနိုင်ငံတွေလည်း ပူးပေါင်းပါဝင်လာမယ်လို့ မျှော်လင့်ပါတယ်။ ဒီတရားစီရင်မှုက ရိုဟင်ဂျာတွေကို တန်းတူ ရပ်တည် ရှင်သန်ခွင့်ရှိတဲ့ လူသားတွေ အဖြစ် အသိအမှတ်ပြုနိုင်ဖို့ မျှော်လင့်ပါတယ်။ အခု တရားစီရင်မှု အောင်မြင်မယ်လို့လည်း မျှော်လင့်ပါတယ်။”

ရိုဟင်ဂျာတွေရဲ့ အတိဒုက္ခတွေ အပေါ် အခြေခံပြီး မြန်မာနိုင်ငံကို နိုင်ငံတကာ ဥပဒေတွေနဲ့ တရားစီရင်နိုင်ရေး အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်၊ လွတ်လပ်တဲ့ အချက်အလက်ရှာ အဖွဲ့တို့က တိုက်တွန်းနေကြတာ ဖြစ်သလိုဘဲ ကုလသမဂ္ဂက မြန်မာဆိုင်ရာ စုံစမ်းရေး အဖွဲ့ကိုလည်း ဖွဲ့စည်း ဆောင်ရွက်နေတာပါ။ မြန်မာအစိုးရက သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေရှ့်ဘက် အတင်းအကျပ် မောင်းထုတ်ခဲ့တယ်ဆိုပြီးလည်း နိုင်ငံတကာ ရာဇဝတ်မှုခင်းဆိုင်ရာ ခုံရုံး - ICC ရှေ့နေတွေက စွပ်စွဲထားသလိုဘဲ အခု ကုလသမဂ္ဂရဲ့ ပင်မ တရားစီရင်ရေး အဖွဲ့ ICJ မှာတော့ မြန်မာ အစိုးရဟာ ကုလသမဂ္ဂရဲ့ လူမျိုးတုံးသတ်ဖြတ်မှု ဆိုင်ရာ သဘောတူ စာချုပ်ကို ချိုးဖောက်တယ်လို့ စွပ်စွဲတာ ဖြစ်ပါတယ်။

အာရှလူ့အခွင့်ရေး ကော်မရှင်က ရှေ့နေကြီး ဦးမင်းလွင်ဦးကတော့ အမှု တခုခုနဲ့ စွဲဆိုနိုင်ရေး ကြိုးပမ်းချက်လို့ ရှုမြင်ပါတယ်။

“၁မှု ရရင် ၁မှုစွဲမယ်၊ ၂မှုရရင် ၂မှုစွဲမယ် အဲဒီလိုမျိုး လှည့်ပတ်စွဲနေရင်းကနေ တခုခု ငြိစွန်းသွားပြီဆိုတာနဲ့ အဲဒီမှာ တနွယ်ငင် တစင်ပါ ဆိုသလိုမျိုး လုပ်ဖို့အတွက် အခုကြံနေတယ်လို့ ထင်ပါတယ်။ ICJ မှာတာဝန်ရှိတာကတော့ မှန်တယ်။ တာဝန်ရှိပေမယ့်လည်း ICJ က စနစ်တကျ အခုဖြေရှင်းတဲ့နည်းနဲ့ ဖြေရှင်းတာမတူဘူးလေ။ အဲဒီအပေါ်မှာတော့ ကျနော်တို့ သတိထားဖို့တော့ လိုပါတယ်။”

ကုလသမဂ္ဂ အဖွဲ့ဝင် ဖြစ်တဲ့ မြန်မာနိုင်ငံ အနေနဲ့ ICJ မှာ အမှုတင်ခံရမှုမှာ တာဝန်ရှိတယ်ဆိုတာကို ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီးကလည်း အသိအမှတ်ပြု ပြောပါတယ်။ ဒါပေမယ့် အခုကိစ္စမှာတော့ မတူကွဲပြားချက် တချို့ ရှိတယ်လို့ သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက တုံ့ပြန်ပါတယ်။

“ကုလသမဂ္ဂ အဖွဲ့ဝင် အချင်းချင်းကြားမှာ ဖြစ်တဲ့ ပြဿနာမျိုးနဲ့ ပတ်သက်ပြီးတော့ ICJ ရဲ့ အဆုံးအဖြတ်ကို ခံယူကြတဲ့ သဘောရှိတယ်။ သို့သော်လည်း ကျနော်တို့ သိသလောက်ဆိုရင်တော့ အဖွဲ့အစည်းတခုအနေနဲ့ နိုင်ငံတနိုင်ငံကို ဒီလိုကိစ္စနဲ့ ပတ်သက်ပြီးတော့ တရားစွဲဆိုဖို့လုပ်တယ်ဆိုတာကတော့ ကျနော်တို့ တခါမှ မတွေ့ဖူးဘူး။ အခုမြန်မာကိစ္စ မှာတော့ အသစ်အဆန်းတွေပဲ တွေ့တွေ့နေရတာပေါ့နော်။”

နိုင်ငံတွင်းမှာ လွတ်လပ်စွာ သွားလာခွင့်မရှိတဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေရှ့်မှာရော ရခိုင်ပြည်နယ်တွင်းက ဒုက္ခသည် စခန်းတွေမှာပါ နိုင်ငံမဲ့တွေ အဖြစ် သောင်တင်နေကြဆဲပါ။ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ ဘက်က ရိုဟင်ဂျာတွေ အလွယ်တကူ နိုင်ငံသား ဖြစ်ရေးနဲ့ လွတ်လပ်စွာ သွားလာခွင့် အပါအဝင် အခြေခံ ဝန်ဆောင်မှုတွေ ရရှိရေး၊ နောက် ရိုဟင်ဂျာတွေ အပေါ် စနစ်တကျ ခွဲခြားသလို ဖြစ်နေတဲ့ ဥပဒေတွေ ပြင်ဆင်ရေး တွန်းအားပေးနေကြတာပါ။ မြန်မာ အစိုးရဘက်ကတော့ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်မခံပါဘူး။ ဒုက္ခသည်တွေကို စိစစ်ပြီး လက်ခံမယ်၊ တည်ဆဲ ဥပဒေ အတိုင်း နိုင်ငံသား ဖြစ်ရေး ဆောင်ရွက်ရမယ်လို့ အခိုင်အမာ ပြောဆိုနေဆဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


....................


(Unicode)














XS
SM
MD
LG