သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဂမ္ဘီယာစြဲဆိုမႈ ျမန္မာကန႔္ကြက္ခ်က္ ICJ ဆုံးျဖတ္ေပးေတာ့မည္


ရခုိင္ျပည္နယ္အတြင္း အၾကမ္းဖက္ပဋိပကၡေတြေၾကာင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ ထြက္ခြါလာၾကတဲ့ ႐ိုဟင္ဂ်ာမ်ား။ (စက္တင္ဘာ ၄၊ ၂၀၁၇) 


[[Zawgyi/Unicode]]

႐ိုဟင္ဂ်ာေတြအေပၚ လူမ်ိဳးသုဥ္းသတ္ျဖတ္တယ္ဆိုၿပီး ဂမ္ဘီယာႏိုင္ငံက စြဲဆိုတဲ့အမႈနဲ႔ပတ္သက္လို႔ ျမန္မာႏိုင္ငံရဲ႕ကန႔္ကြက္ခ်က္ကို အျပည္ျပည္ဆိုင္ရာတရား႐ုံး (ICJ) က ဇူလိုင္ ၂၂ ရက္ေန႔ မွာ အဆုံးအျဖတ္ေပးမွာျဖစ္ေၾကာင္း မေန႔က သတင္းထုတ္ျပန္လိုက္ပါတယ္။

ဇူလိုင္ ၂၂ ေသာၾကာေန႔ ေန႔လည္ ၃ နာရီအခ်ိန္မွာ တရား႐ုံးရဲ႕ ဆုံးျဖတ္ခ်က္ကို တရား႐ုံးဥကၠ႒ တရားသူႀကီး Joan E. Donoghue (ဂ်ဳံး ေဒၚနာရွဴး) က ဖတ္ၾကားမွာ ျဖစ္ၿပီး တရား႐ုံးအဖြဲ႕ တရားသူႀကီးေတြနဲ႔ တရားရင္ဆိုင္ေနရတဲ့ တိုင္းျပည္ေတြ က ကိုယ္စားလွယ္ေတြသာ တရား႐ုံးမွာ လူကိုယ္တိုင္ရွိၾကမွာ ျဖစ္ပါတယ္။ မီဒီယာ နဲ႔ အမ်ားျပည္သူက အြန္လိုင္းကေန ၾကည့္ရႈႏိုင္တယ္လို႔ (ICJ) က ထုတ္ျပန္ခ်က္ မွာ ေျပာပါတယ္။

႐ိုဟင္ဂ်ာေတြအေပၚ ဆက္ဆံျပဳမူတာေတြဟာ ျမန္မာႏိုင္ငံက ပါဝင္လက္မွတ္ထိုးထားတဲ့ လူမ်ိဳးသုဥ္းသတ္ျဖတ္မႈတားဆီးေရးဆိုင္ရာ ႏိုင္ငံတကာစာခ်ဳပ္ကို ျမန္မာက ခ်ိဳးေဖာက္ခဲ့တာျဖစ္တယ္ဆိုၿပီး ဂမ္ဘီယာက ICJ အျပည္ျပည္ဆိုင္ရာတရား႐ုံးကို ဦးတိုက္ေလွ်ာက္ထားစြဲဆိုခဲ့တာပါ။ လူမ်ိဳးသုဥ္းသတ္ျဖတ္မႈဆိုင္ရာ ႏိုင္ငံတကာ သေဘာတူညီခ်က္မွာ ျမန္မာဘက္က ခြၽင္းခ်က္ထားၿပီး လက္မွတ္ထိုးခဲ့တဲ့အျပင္ ဂမ္ဘီယာႏိုင္ငံနဲ႔ ျမန္မာႏိုင္ငံၾကားမွာ တိုက္႐ိုက္ အျငင္းပြါးတာမရွိတဲ့အတြက္ ခုလို စြဲဆိုတာကအက်ဳံးမဝင္ဘူးလို႔ ျမန္မာႏိုင္ငံ က ကန႔္ကြက္ခဲ့တာ ျဖစ္ပါတယ္။ ဒီ ကန႔္ကြက္ခ်က္အေပၚမွာ (ICJ) က အဆုံးအျဖတ္ေပးမွာ ျဖစ္ပါတယ္။

တရား စစ္ေဆးေနစဥ္အတြင္း ႐ိုဟင္ဂ်ာေတြအတြက္ ေဘးအႏၲရာယ္ရွိေနတဲ့အတြက္ ၾကားျဖတ္တားျမစ္ေပးဖို႔ ဂမ္ဘီယာႏိုင္ငံက ေလွ်ာက္ထားခဲ့စဥ္တုန္းကေတာ့ ျမန္မာႏိုင္ငံအေပၚ ယာယီတားျမစ္မိန႔္ ဆုံးျဖတ္ခ်က္ကို တရား႐ုံးက ဆုံးျဖတ္ေပးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

============


[[Unicode]]

ဂမ်ဘီယာစွဲဆိုမှု မြန်မာကန့်ကွက်ချက် ICJ ဆုံးဖြတ်ပေးတော့မည်

ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက စွဲဆိုတဲ့အမှုနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရဲ့ကန့်ကွက်ချက်ကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ဇူလိုင် ၂၂ ရက်နေ့ မှာ အဆုံးအဖြတ်ပေးမှာဖြစ်ကြောင်း မနေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

ဇူလိုင် ၂၂ သောကြာနေ့ နေ့လည် ၃ နာရီအချိန်မှာ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို တရားရုံးဥက္ကဋ္ဌ တရားသူကြီး Joan E. Donoghue (ဂျုံး ဒေါ်နာရှူး) က ဖတ်ကြားမှာ ဖြစ်ပြီး တရားရုံးအဖွဲ့ တရားသူကြီးတွေနဲ့ တရားရင်ဆိုင်နေရတဲ့ တိုင်းပြည်တွေ က ကိုယ်စားလှယ်တွေသာ တရားရုံးမှာ လူကိုယ်တိုင်ရှိကြမှာ ဖြစ်ပါတယ်။ မီဒီယာ နဲ့ အများပြည်သူက အွန်လိုင်းကနေ ကြည့်ရှုနိုင်တယ်လို့ (ICJ) က ထုတ်ပြန်ချက် မှာ ပြောပါတယ်။

ရိုဟင်ဂျာတွေအပေါ် ဆက်ဆံပြုမူတာတွေဟာ မြန်မာနိုင်ငံက ပါဝင်လက်မှတ်ထိုးထားတဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုတားဆီးရေးဆိုင်ရာ နိုင်ငံတကာစာချုပ်ကို မြန်မာက ချိုးဖောက်ခဲ့တာဖြစ်တယ်ဆိုပြီး ဂမ်ဘီယာက ICJ အပြည်ပြည်ဆိုင်ရာတရားရုံးကို ဦးတိုက်လျှောက်ထားစွဲဆိုခဲ့တာပါ။ လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်မှာ မြန်မာဘက်က ချွင်းချက်ထားပြီး လက်မှတ်ထိုးခဲ့တဲ့အပြင် ဂမ်ဘီယာနိုင်ငံနဲ့ မြန်မာနိုင်ငံကြားမှာ တိုက်ရိုက် အငြင်းပွါးတာမရှိတဲ့အတွက် ခုလို စွဲဆိုတာကအကျုံးမဝင်ဘူးလို့ မြန်မာနိုင်ငံ က ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။ ဒီ ကန့်ကွက်ချက်အပေါ်မှာ (ICJ) က အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။

တရား စစ်ဆေးနေစဉ်အတွင်း ရိုဟင်ဂျာတွေအတွက် ဘေးအန္တရာယ်ရှိနေတဲ့အတွက် ကြားဖြတ်တားမြစ်ပေးဖို့ ဂမ်ဘီယာနိုင်ငံက လျှောက်ထားခဲ့စဉ်တုန်းကတော့ မြန်မာနိုင်ငံအပေါ် ယာယီတားမြစ်မိန့် ဆုံးဖြတ်ချက်ကို တရားရုံးက ဆုံးဖြတ်ပေးခဲ့ပါတယ်။

XS
SM
MD
LG