သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ နိုင်ငံတကာ စစ်မြေပြင်မှာ ထိခိုက်နစ်နာမှုတွေ ICRC သတိပေး


ICRC အဖွဲ့ အကြီးအကဲ Mirjana Spoljaric
ICRC အဖွဲ့ အကြီးအကဲ Mirjana Spoljaric

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်း လက်နက်ကိုင် ပဋိပက္ခတွေကြားမှာ စစ်မြေပြင်အတွင်း ထိခိုက်ဒဏ်ရာရသူတွေ၊ သုံ့ပန်းတွေနဲ့ အရပ်သားတွေကို အကာအကွယ်ပေးရေး နိုင်ငံတကာ သဘောတူညီချက်တွေကို မသိကျိုးကျွံ ပြုနေကြတဲ့အကြောင်း စစ်မက်ဆိုင်ရာ ဂျနီဗာ ကွန်ဗန်းရှင်း သဘောတူညီချက် ချမှတ်ခဲ့တဲ့ ၇၅ နှစ်ပြည့် အထိမ်းအမှတ် ICRC နိုင်ငံတကာ ကြက်ခြေနီအသင်းကြီးရဲ့ အကြီးအကဲက ပြောဆိုပါတယ်။

"ICRC ကြက်ခြေနီအသင်းကြီးရဲ့ မှတ်တမ်းတွေအရ ကမ္ဘာတဝှမ်းမှာ လက်ရှိ လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားနေတဲ့နေရာ ၁၂၀ ကျော်ရှိပြီး၊ အစိုးရတွေ သတင်းဌာနတွေက ယူကရိန်းနဲ့ ဂါဇာဒေသက ဖျက်ဆီးခံရမှုတွေကိုပဲ အလေးထားပြောနေကြပါတယ်။ တခြားနေရာတွေက လက်နက်ကိုင် ပ ဋိပက္ခတွေကြားမှာလည်း အလားတူ တုန်လှုပ်ဖွယ်ရာ ထိခိုက်သေဆုံးမှုတွေ ရင်ဆိုင်နေရတဲ့အကြောင်း" ICRC အဖွဲ့ကြီးရဲ့ အကြီးအကဲ Mirjana Spoljaric က ဒီနေ့ ဂျနီဗာမှာ ပြောဆိုသွားတာပါ။

အရှေ့အလယ်ပိုင်း ဂါဇာ ပဋိပက္ခအပါအဝင်၊ ဆီးရီးယား၊ ယူကရိန်းနဲ့၊ မြန်မာနိုင်ငံနဲ့ တခြားနေရာတွေက လက်နက်ကိုင် ပဋိပက္ခတွေမှာ အရပ်သားတွေကို ကာကွယ်တာ၊ ဖမ်းဆီးခံရ၊ ထိခိုက်ဒဏ်ရာရတဲ့ စစ်သားတွေကို ကာကွယ်ဖို့လို၊ နိုင်ငံတကာ သဘောတူညီချက်ကို‌ လိုက်နာဖို့ ပျက်ကွက်နေတာ ကြောင့်လည်း ကတိကဝတ်တွေ ခိုင်မာအောင် ပြန်လည်တည်ဆောက်ဖို့ သူက နိုင်ငံတကာကို တိုက်တွန်းသွားပါတယ်။

ဒီအတောအတွင်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ် တောင်ပိုင်းမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA တို့အကြား တိုက်ပွဲတွေဟာ သံတွဲကနေ တဆင့် ဂွမြို့နယ်အထိ ပြင်းထန်လာပြီး အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေတဲ့အကြောင်း ဒေသခံတွေက VOA ကို ပြောပါတယ်။ လက်နက်ကိုင် တိုက်ပွဲတွေအကြား ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို ဖြတ်ဖို့ စောင့်စိုင်းနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အဝေးထိန်းဒရုံးနဲ့ တိုက်ခိုက်ခံရပြီး ဒါဇင်နဲ့ချီသေဆုံးခဲ့တဲ့အကြောင်း မျက်မြင်သက်သေတွေ ပြောပြတဲ့ သတင်းတွေလည်း လူမှုကွန်ယက်ပေါ်မှာ ထွက်ပေါ်နေပါတယ်။

ဒီသေဆုံးမှု တိုက်ခိုက်မှုတွေမှာ အာရက္ခတပ်တော် AA က သူတို့လက်ချက်မဟုတ်တဲ့အကြောင်း ငြင်းဆိုထားသလို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ တုံ့ပြန်တာ မတွေ့ရသေးပါဘူး။ အရပ်သားထိခိုက်သေဆုံးတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ VOA အနေနဲ့ သီးခြားအတည်ပြုချက်ရဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

မြန်မာနဲ့ နိုင်ငံတကာ စစ်မြေပြင်မှာ ထိခိုက်နစ်နာမှုတွေ ICRC သတိပေး
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG