သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာမှာ IDP ၆ သိန်းကျော်ရှိ


စစ်တွေမြို့အတွင်းရှိ IDP စခန်း
စစ်တွေမြို့အတွင်းရှိ IDP စခန်း

၂၀၁၆ ခုနှစ်က လူပေါင်း သန်း ၃၀ ကျော်တို့ဟာ သူတို့ရဲ့ သက်ဆိုင်ရာ နိုင်ငံတွေအတွင်းမှာ အိုးအိမ်မဲ့ စွန့်ခွာထွက်ပြေးခဲ့ကြရတယ်လို့ အစီရင်ခံစာသစ်တစောင်က ဖော်ပြပါတယ်။

ပြည်တွင်း အိုးအိမ်မဲ့ ဖြစ်ကြရသူတွေ စောင့်ကြည့်ရေးဌာနနဲ့ နော်ေ၀ ဒုက္ခသည်ကောင်စီတို့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ပဋိပက္ခ ရာဇဝတ်မှုဆိုင်ရာအကြမ်းဖက်မှုနဲ့ သဘာ၀ ဘေးဒုက္ခတွေကြောင့် သူသန်းနဲ့ချီပြီး အိုးအိမ်မဲ့ ဖြစ်ကြရတယ်လို့ ဖော်ပြထားပါတယ်။ အိုးအိမ်မဲ့ မိသားစုတွေအနေနဲ့ နေအိမ်ကနေ အတင်းအဓမ္မထွက်ပြေး ကြရတဲ့အချိန် စိုက်ခြင်းဟာ အဲဒီနိုင်ငံ အပြင် ဒေသတဝိုက်နဲ့ နိုင်ငံတကာဆက်ဆံရေးမှာ အမှားအယွင်းတွေ ရှိနေတယ်ဆိုတာကို ပြသတဲ့ အရိပ်လက္ခာတရပ်ဖြစ်တယ်လို့ နော်ဝေးဒုက္ခသည်ကောင်စီ ညွှန်ကြားရေးမှူး Jen Egeland က တနင်္လာနေ့က အစီရင်ခံစာကို ထုတ်ပြန်ရာမှာ သတင်းထောက်တွေကိုပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ တစ်နှစ် အတွင်းမှာပဲ နောက်ထပ်အိုးအိမ်မဲ့ ဖြစ်ကြရသူပေါင်း ၇ သန်းနီးပါး ရှိခဲ့ပါတယ်။ ပဋိပက္ခဖြစ်ပွားမှုကြောင့် အိုးအိမ်မဲ့ ဖြစ်ကြသူတွေ အများဆုံးက ဒီမိုကရက်တစ် ကောင်ဂို သမ္မတ နိုင်ငံဖြစ်ပြီး ၂၀၁၆ မှာ ၉ သိန်းကျော်ရှိခဲ့ပါတယ်။ ဒုတိယက ဆီးရီးယားနဲ့ အီရတ်တို့လိုက်ပါတယ်။ ၂၀၁၆ ခုနှစ်အတွင်း တစ်စက္ကန့်တိုင်းမှာ လူတစ်ဦးကျစီ အိုးအိမ် စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး IDP တွေဟာ ဒုက္ခသည်အရေအတွက်ထက် ၂ ဆ များတယ်လို့ မစ္စတာ Egeland က ပြောပါတယ်။

မြန်မာနိုင်ငံမှာ NGO တွေနဲ့ ကုလသမဂ္ဂ အိုဂျာ ဒုက္ခသည်များဆိုင်ရာရဲ့ ၂၀၁၆ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ စာရင်းအရ ပဋိပက္ခကြောင့် ထွက်ပြေးခဲ့ကြသူ ၆ သိန်း ၄ သောင်း ၄ ထောင် ရှိပြီး ၂၀၁၆ အောက်တိုဘာလ အစောပိုင်းမှာ ရခိုင်ပြည်နယ်မှာ ပဋိပက္ခကြောင့် အိုးအိမ်မဲ့ ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာ ပေါင်း သုံးသောင်းခွဲရှိတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာမှာ IDP ၆ သိန်းကျော်ရှိ
please wait

No media source currently available

0:00 0:00:53 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG