သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

 ျမန္မာႏိုင္ငံမွာ ေနရပ္စြန္႔ခြာရသူ ကေလးငယ္ ၅ သိန္းအထိရွိ 


ျမန္မာစစ္ေဘးေရွာင္ ကေလးငယ္မ်ား - IDP Children။ ဓါတ္ပံု - မိုင္ညီဝင္းေမာင္

 ျမန္မာႏိုင္ငံထဲက အၾကမ္းဖက္မႈေတြကေန အိုးအိမ္စြန္႔ ထြက္ေျပးတိမ္းေရွာင္ရသူ ကေလးငယ္ ၅ သိန္းေက်ာ္ထိ ေရာက္ရွိလာၿပီး အကူအညီ အႀကီးအက်ယ္ လိုအပ္ေနတဲ႔ ကေလးေတြကို ႏိုင္ငံတကာ အသိုင္းအဝိုင္းက ပိုၿပီး အကာအကြယ္ေပးၾကဖို႔လည္း ႏိုင္ငံတကာ အကူအညီေပးေရး အဖြဲ႔ Save the Children က ႏို၀င္ဘာလ ၁ ရက္ေန႔မွာ ပန္ၾကားလိုက္ပါတယ္။

ျမန္မာႏိုင္ငံမွာ ေနရပ္စြန္႔ခြာရသူ ကေလးငယ္ ၅ သိန္းအထိရွိ

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံထဲက အၾကမ္းဖက္မႈေတြကေန အိုးအိမ္စြန္႔ ထြက္ေျပးတိမ္းေရွာင္ရသူ ကေလးငယ္ ၅ သိန္းေက်ာ္ထိ ေရာက္ရွိလာၿပီး အကူအညီ အႀကီးအက်ယ္ လိုအပ္ေနတဲ႔ ကေလးေတြကို ႏိုင္ငံတကာ အသိုင္းအဝိုင္းက ပိုၿပီး အကာအကြယ္ေပးၾကဖို႔လည္း ႏိုင္ငံတကာ အကူအညီေပးေရး အဖြဲ႔ Save the Children က ႏို၀င္ဘာလ ၁ ရက္ေန႔မွာ ပန္ၾကားလိုက္ပါတယ္။

ျမန္မာ႔ ျပႆနာဟာဆိုရင္ ကမ ၻာမွာ ရန္ပံုေငြ မလံုေလာက္ဆံုး လူသားခ်င္း စာနာမႈဆိုင္ရာ အၾကပ္အတည္းႀကီး ျဖစ္တယ္လို႔လည္း ေထာက္ျပထားပါတယ္။ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ေပၚေပါက္လာတဲ႔ ျမန္မာႏိုင္ငံတြင္းက လူသားခ်င္း စာနာမႈဆိုင္ရာ အၾကပ္အတည္းႀကီးကို ေျဖရွင္းႏိုင္ေရး ကုလသမဂၢ ကလည္း ရန္ပံုေငြ ေဒၚလာ ၆၄၃ သန္း ထပ္မံ လိုအပ္ေနေၾကာင္းလည္း ေျပာဆိုထားတာပါ။

ျမန္မာႏိုင္ငံတြင္းမွာ စစ္ပြဲေတြ ဆက္ျဖစ္ေနတာေၾကာင့္ အရပ္သားေတြရဲ႕ ေဘးကင္းလံုျခံဳမႈကို စိုးရိမ္ေၾကာင္း၊ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ အတြင္း စစ္တပ္ အာဏာသိမ္းၿပီးေနာက္ပိုင္း ပဋိပကၡေတြနဲ႔ မလံုျခံဳမႈေတြေၾကာင့္ အိုးအိမ္စြန္႔ခြာ ထြက္ေျပးရသူအသစ္ ( ၁ ဒသမ ၁ သန္း )ထိ တိုးလာတာေၾကာင့္ ႏိုင္ငံတြင္းမွာပဲ အိုးအိမ္စြန္႔ ထြက္ေျပးရသူ ( ၁ ဒသမ ၄ သန္း) ထိ ေရာက္ရွိေနေၾကာင္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ ရဲ႕ လက္ေထာက္ ေျပာခြင့္ရ Farhan Haq က နယူးေယာက္ ကုလသမဂၢ ဌာနခ်ဳပ္မွာ လုပ္တဲ႔ အဂၤါေန႔ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာဆိုခဲ႔ပါတယ္။

စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ပဋိပကၡေတြကေန အိုးအိမ္စြန္႔ ထြက္ေျပးရသူေပါင္း ( ၁ ဒသမ ၄ သန္းေက်ာ္) ထဲမွာ ကေလးငယ္ ( ၅၂၀,၀၀၀) ဦး ပါ၀င္ေၾကာင္း၊ အိမ္နီးခ်င္း ဘဂၤလားေဒရွ္႕ ႏိုင္ငံက ဒုကၡသည္ စခန္းေတြမွာ ေနထိုင္ေနၾကတဲ႔ ႐ိုဟင္ဂ်ာ ကေလးငယ္ကလည္း ၅ သိန္း ရွိေနတယ္လို႔လည္း ( Save the Children) အဖြဲ႔က ႏို၀င္ဘာလ ၁ ရက္ေန႔ထုတ္ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

.................................

မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာရသူ ကလေးငယ် ၅ သိန်းအထိရှိ

{{Zawgyi/Unicode}}

မြန်မာနိုင်ငံထဲက အကြမ်းဖက်မှုတွေကနေ အိုးအိမ်စွန့် ထွက်ပြေးတိမ်းရှောင်ရသူ ကလေးငယ် ၅ သိန်းကျော်ထိ ရောက်ရှိလာပြီး အကူအညီ အကြီးအကျယ် လိုအပ်နေတဲ့ ကလေးတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက ပိုပြီး အကာအကွယ်ပေးကြဖို့လည်း နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့ Save the Children က နိုဝင်ဘာလ ၁ ရက်နေ့မှာ ပန်ကြားလိုက်ပါတယ်။

မြန်မာ့ ပြဿနာဟာဆိုရင် ကမ ္ဘာမှာ ရန်ပုံငွေ မလုံလောက်ဆုံး လူသားချင်း စာနာမှုဆိုင်ရာ အကြပ်အတည်းကြီး ဖြစ်တယ်လို့လည်း ထောက်ပြထားပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ မြန်မာနိုင်ငံတွင်းက လူသားချင်း စာနာမှုဆိုင်ရာ အကြပ်အတည်းကြီးကို ဖြေရှင်းနိုင်ရေး ကုလသမဂ္ဂ ကလည်း ရန်ပုံငွေ ဒေါ်လာ ၆၄၃ သန်း ထပ်မံ လိုအပ်နေကြောင်းလည်း ပြောဆိုထားတာပါ။

မြန်မာနိုင်ငံတွင်းမှာ စစ်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် အရပ်သားတွေရဲ့ ဘေးကင်းလုံခြုံမှုကို စိုးရိမ်ကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အတွင်း စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခတွေနဲ့ မလုံခြုံမှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူအသစ် ( ၁ ဒသမ ၁ သန်း )ထိ တိုးလာတာကြောင့် နိုင်ငံတွင်းမှာပဲ အိုးအိမ်စွန့် ထွက်ပြေးရသူ ( ၁ ဒသမ ၄ သန်း) ထိ ရောက်ရှိနေကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရဲ့ လက်ထောက် ပြောခွင့်ရ Farhan Haq က နယူးယောက် ကုလသမဂ္ဂ ဌာနချုပ်မှာ လုပ်တဲ့ အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခတွေကနေ အိုးအိမ်စွန့် ထွက်ပြေးရသူပေါင်း ( ၁ ဒသမ ၄ သန်းကျော်) ထဲမှာ ကလေးငယ် ( ၅၂၀,၀၀၀) ဦး ပါဝင်ကြောင်း၊ အိမ်နီးချင်း ဘင်္ဂလားဒေရှ့် နိုင်ငံက ဒုက္ခသည် စခန်းတွေမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာ ကလေးငယ်ကလည်း ၅ သိန်း ရှိနေတယ်လို့လည်း ( Save the Children) အဖွဲ့က နိုဝင်ဘာလ ၁ ရက်နေ့ထုတ် ကြေညာချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG