သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့အၾကမ္းဖက္လႈံ႔ေဆာ္မႈ ဟန္႔တားေရး IIMM နဲ႔ Facebook ညႇိႏႈိင္းမႈရွိ


ျမန္မာ့အၾကမ္းဖက္လႈံ႔ေဆာ္မႈ ဟန္႔တားေရး IIMM နဲ႔ Facebook ညႇိႏႈိင္းမႈရွိ

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံက လူ႔အခြင့္အေရး ခ်ဳိးေဖါက္မႈေတြနဲ႔ ပတ္သက္ၿပီး IIMM ေခၚ ျမန္မာႏိုင္ငံဆိုင္ရာ လြတ္လပ္ေသာ စုံစမ္းမႈ ယႏၲရားက ေဖ့စ္ဘုတ္နဲ႔ ပုံမွန္ထိေတြ႕ ေဆြးေႏြးမႈေတြ ရွိေနတယ္လို႔ IIMM ရဲ႕အႀကီးအကဲ Nicholas KoumJian က ေျပာၾကားလိုက္ပါတယ္။ က်ေနာ္တို႔ အခု အသံမလႊင့္ခင္ေလးမွာ VOA ႐ုံးခ်ဳပ္ရွိရာကို လာေရာက္ခဲ့တဲ့ မစၥတာ KoumJian ကို VOA ရဲ႕အယ္ဒီတာ ဦးေက်ာ္ဇံသာက ေတြ႕ဆုံေမးျမန္းခဲ့တာ ျဖစ္ပါတယ္။

ကိုဥာဏ္ဝင္းေအာင္ ။. ။ အဲဒီေတာ့ ဦးေက်ာ္ဇံသာေရ ေျပာျပပါဦး ခင္ဗ် .... FB -က ျမန္မာႏိုင္ငံမွာ ျဖစ္ပြားခဲ့တဲ့ အေျခအေနကို ထိန္ခ်န္ ထားခဲ့တယ္ဆိုၿပီး နယူးေယာက္ျမဳိ႕ ခ႐ိုင္တရား႐ုံးတခုမွာ တရားစဲြခံရတယ္ ။ အဲဒီအခ်က္အလက္ေတြ ထုတ္ေပးဖို႔ တရား႐ုံးက အမိန္႔ခ်တာကို FB က ျငင္းခဲ့တယ္။ အဲဒီေတာ့ မစၥတာ KoumJian က ဘာျပန္ ေျပာသလဲ ခင္ဗ် ။

ဦးေက်ာ္ဇံသာ ။.။ မစၥတာ KoumJian ေျပာတာကေတာ့ ဒီအမႈကို NY မွာ တရားစဲြတာ သူတို႔မဟုတ္ဘူး။ ဂမ္ဘီယာႏိုင္ငံက စြဲတာလို႔ ဆိုပါတယ္။ သူတို႔အဖြဲ႔ကေတာ့ စၿပီး တာဝန္ေပးခံရ ကတည္းက FB နဲ႔ အဆက္အသြယ္ရွိခဲ့တယ္၊ အေထာက္အထား တခ်ဳိ႕ကိုလည္း FB က လြဲေပးခဲ့တာ ရွိတယ္လို႔လည္း ဆိုပါတယ္။

မစၥတာ KoumJian ။.။ တကယ္ေတာ့ ဒီ FB ကို တရားစဲြဆိုတာဟာ ICJ မွာ ျမန္မာႏိုင္ငံကို တရားစဲြဆိုထားတဲ့ ဂမ္ဘီယာႏိုင္ငံကသာ ျဖစ္ပါတယ္။ သူတို႔ IIMM ကေတာ့ ၂၀၁၉ ဂ်ဴလိုင္မွာ စတင္ တာဝန္ေပးခံရ ကတည္းက ၊ FB နဲ႔ ထိေတြ႕ဆက္ဆံ ေဆြးေႏြးမႈေတြ ရွိေနခဲ့ပါတယ္။ FB ကလည္း IIMM လိုခ်င္တဲ့ အေထာက္အထားေတြကို တစိတ္တေဒသ ပ့ံပိုးခဲ့ၿပီးၿပီ ျဖစ္ပါတယ္။ ေနာင္ကို သူတို႔ဆီက အေထာက္အထားေတြ ပိုရလာလိမ့္မယ္လို႔လည္း ေမွ်ာ္လင့္ေနပါတယ္။

ကိုဥာဏ္ဝင္းေအာင္ ။. ။ ဆိုေတာ့ သူတို႔က FB ဆီက ဘယ္လို အေထာက္အထားေတြကို လိုခ်င္တာတဲ့လဲ ။ သူတို႔ မတိုင္ခင္ ရွိခဲ့တဲ့ IIFF ေခၚ အေထာက္အထား ရွာေဖြေရးအဖြဲ႔ရဲ႕ အစီရင္ခံစာ ထဲမွာေတာ့ - ျမန္မာႏိုင္ငံမွာ ျဖစ္ပြားခဲ့တဲ့ လူ႔အခြင့္အေရး ခ်ဳိးေဖါက္မႈ ေတြကို အေထာက္အထား သက္ေသ သက္ကာယအျပည့္အစုံနဲ႔ ေရးထားတာပဲ မဟုတ္လား ။ ဆိုေတာ့ မစၥတာ KoumJian တို႔ လိုခ်င္တဲ့ အေထာက္အထားေတြ ဆိုတာက ဘာလဲခင္ဗ် ။

ဦးေက်ာ္ဇံသာ။.။ ဒီကိစၥမွာ သူက အေသးစိတ္ကိုေတာ့ မေျပာပါဘူး။ ေယဘူယ်အခ်က္အလက္ကိုပဲ ရည္ၫႊန္း ေျပာပါတယ္။ အဓိကေတာ့ အၾကမ္းဖက္မႈေတြ ႀကီးထြားခဲ့ရတာဟာ FB ေပၚမွာ ေရးသားခ်က္ေတြေၾကာင့္ျဖစ္တယ္ ဆိုတာကို သိပါတယ္။ ဒါေၾကာင့္ FB ရဲ႕အေထာက္အထား အေသးစိတ္ကို သိခ်င္တာပါ။ ဒီကတဆင့္ ျပစ္မႈက်ဴးလြန္တဲ့ လူပုဂၢိဳလ္ တဦးခ်င္းရဲ႕ အခ်က္အလက္ေတြကို သိႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။

မစၥတာ KoumJian ။.။ ဂမ္ဘီယာကေတာ့ ဒီကိစၥကို NY တရား႐ုံးမွာ အယူခံတက္ထားပါတယ္။ IIMM အဖြဲ႔အေနနဲ႔ အေထာက္အထားေတြ ရရွိပိုင္ခြင့္ အတြက္လည္း ဒီအမႈက အေထာက္အပံ့ ျဖစ္ေစမယ္လို႔ ဆိုတယ္။ ဂမ္ဘီယာဘက္က တရား႐ုံးမွာ အျပန္လွန္ ေလ

ကိုဥာဏ္ဝင္းေအာင္ ။. ။ အခုလည္းပဲ ျမန္မာႏိ္ုင္ငံမွာ လူ႔အခြင့္အေရး ခ်ဳိးေဖါက္မႈေတြ အမ်ားႀကီး ဆက္ျဖစ္ေနတယ္။ ေနာက္ပီး အမုန္းစကားေတြ သတင္းမွားေတြကို FB ေပၚမွာ ၂ ဖက္စလုံးက အမ်ားျပား ေရးေနတာကို ေတြ႕ရပါတယ္။ အဲဒီကိစၥနဲ႔ ပတ္သက္လို႔ေရာ သူ႔ကို ေမးျဖစ္ေသးလား ခင္ဗ် ။

ဦးေက်ာ္ဇံသာ။.။ ဒီကိစၥနဲ႔ ပတ္သက္လို႔ FB နဲ႔ သူတို႔ ၊ ပုံမွန္ အဆက္သြယ္ရွိေနတယ္လို႔ ေျပာပါတယ္။ အခု ျဖစ္ေနတဲ့ အေျခအေနေတြကိုလည္း သူ ေကာင္းေကာင္း နားလည္သေဘာေပါက္ပါတယ္တဲ့။ သူ႔ကိုေတာင္ ျမန္မာစစ္ဗိုလ္ခ်ဳပ္ တေယာက္နဲ႔ အျခားႏိုင္ငံ တေနရာမွာ ေတြ႕ဆုံၾကတယ္ဆိုၿပီး FB ေပၚမွာ စြပ္စြဲ ေရးထားတာ ေတြ႕မိပါေသးတယ္။ ဒါေၾကာင့္ သူနဲ႔ ေတြ႕တဲ့သူေတြကို အၾကမ္းဖက္ တိုက္ခိုက္ရမယ္လို႔ ေရးထားတာကိုလည္း ေတြ႕ရတယ္လို႔ ဆိုပါတယ္။ အဲဒါကို သူက FB နဲ႔ ညႇိၿပီး ျပန္ျဖဳတ္ခ်ခဲ့တယ္။ တျခား အမုန္းပြားေစတဲ့ကိစၥ ၊ အၾကမ္းဖက္ဖို႔ လႈံ႔ေဆာ္တဲ့ကိစၥေတြကိုလည္း FB နဲ႔ ညႇိၿပီးလုပ္ေဆာင္သြားမယ္လို႔ ဆိုပါတယ္။

ကိုဥာဏ္ဝင္းေအာင္ ။. ။ဒီလို လူ႔အခြင့္အေရး အဖြဲ႔ေတြကို ျမန္မာႏိုင္ငံက လူတခ်ဳိ႕က ေျပာေနတာက - သူတို႔ဟာ စစ္တပ္ကိုပဲ အျပစ္ရွာၿပီး တဖက္သတ္ ေျပာေနတယ္။ လတ္တေလာ ျဖစ္ေနတဲ့ ဒလန္လို႔ စြပ္စဲြၿပီး သတ္ျဖတ္ခံေနတဲ့ကိစၥေတြနဲ႔ ပတ္သက္လို႔ေရာ IIMM အႀကီးအကဲနဲ႔ ေဆြးေႏြး ျဖစ္ေသးလားခင္ဗ်။

ဦးေက်ာ္ဇံသာ ။.။ေမးျဖစ္ပါတယ္ ။ သူတို႔အဖြဲ႔ အေနနဲ႔ လူ႔အခြင့္အေရးေကာင္စီမွာတင္တဲ့ အစီရင္ခံစာ အပါအဝင္ လူသိရွင္ၾကား ထုတ္ျပန္တဲ့ အခ်က္ေတြထဲမွာ သူတို႔ ဘက္လိုက္မႈ မရွိဘူးဆိုတာ အတိအလင္း ေဖၚျပထားတယ္လို႔ ခုလို ေျပာပါတယ္။

မစၥတာ KoumJian ။.။ က်ေနာ္တို႔ဟာ ျမန္မာႏိုင္ငံက လူသားထုအေပၚ က်ဴးလြန္တဲ့ ရာဇဝတ္မႈေတြအတြက္ စိုးရိမ္ပါတယ္။ ျပစ္မႈက်ဴးလြန္သူေတြဟာ ဒါမွမဟုတ္ က်ဴးလြန္ျခင္း ခံရတဲ့လူေတြဟာ ဘယ္လူမ်ဳိးေတြလဲ ၊ ဘယ္ဘာသာ ကိုးကြယ္သလဲ၊ ဘယ္ ႏိုင္ငံေရး အင္အားစုေတြထဲကလဲ ဆိုတဲ့ ကဲြလဲြမႈေတြကို ဂ႐ုမစိုက္ပါဘူး။ ႏိုင္ငံတကာ ဥပေဒဆိုတာ ခဲြျခားမႈ မရွိပါဘူး။ ခင္ဗ်ား ဘယ္အုပ္စုက လာတယ္၊ ဘယ္လို ႏိုင္ငံေရး ယုံၾကည္မႈ ရွိတယ္ဆိုတဲ့အေပၚမွာ မူမတည္ပါဘူး။ ျပစ္မႈကို ဘယ္သူမဆို က်ဴးလြန္တတ္ၾကပါတယ္။ က်ေနာ္တို႔ကလည္း ဘယ္ဖက္က က်ဴးလြန္တဲ့ ျပစ္မႈျဖစ္ျဖစ္ ၊ စစ္တပ္က က်ဴးလြန္တာပဲ ျဖစ္ျဖစ္ ၊ အျခား ဘယ္ဖက္က က်ဴးလြန္တာပဲ ျဖစ္ျဖစ္ စုံစမ္း ေဖၚထုတ္သြားမွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

.......................................

{{Unicode}}

မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖေါက်မှုတွေနဲ့ ပတ်သက်ပြီး IIMM ခေါ် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းမှု ယန္တရားက ဖေ့စ်ဘုတ်နဲ့ ပုံမှန်ထိတွေ့ ဆွေးနွေးမှုတွေ ရှိနေတယ်လို့ IIMM ရဲ့အကြီးအကဲ Nicholas KoumJian က ပြောကြားလိုက်ပါတယ်။ ကျနော်တို့ အခု အသံမလွှင့်ခင်လေးမှာ VOA ရုံးချုပ်ရှိရာကို လာရောက်ခဲ့တဲ့ မစ္စတာ KoumJian ကို VOA ရဲ့အယ်ဒီတာ ဦးကျော်ဇံသာက တွေ့ဆုံမေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ကိုဉာဏ်ဝင်းအောင် ။. ။ အဲဒီတော့ ဦးကျော်ဇံသာရေ ပြောပြပါဦး ခင်ဗျ .... FB -က မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အခြေအနေကို ထိန်ချန် ထားခဲ့တယ်ဆိုပြီး နယူးယောက်မြို့ ခရိုင်တရားရုံးတခုမှာ တရားစွဲခံရတယ် ။ အဲဒီအချက်အလက်တွေ ထုတ်ပေးဖို့ တရားရုံးက အမိန့်ချတာကို FB က ငြင်းခဲ့တယ်။ အဲဒီတော့ မစ္စတာ KoumJian က ဘာပြန် ပြောသလဲ ခင်ဗျ ။

ဦးကျော်ဇံသာ ။. ။ မစ္စတာ KoumJian ပြောတာကတော့ ဒီအမှုကို NY မှာ တရားစွဲတာ သူတို့မဟုတ်ဘူး။ ဂမ်ဘီယာနိုင်ငံက စွဲတာလို့ ဆိုပါတယ်။ သူတို့အဖွဲ့ကတော့ စပြီး တာဝန်ပေးခံရ ကတည်းက FB နဲ့ အဆက်အသွယ်ရှိခဲ့တယ်၊ အထောက်အထား တချို့ကိုလည်း FB က လွဲပေးခဲ့တာ ရှိတယ်လို့လည်း ဆိုပါတယ်။

မစ္စတာ KoumJian ။. ။ တကယ်တော့ ဒီ FB ကို တရားစွဲဆိုတာဟာ ICJ မှာ မြန်မာနိုင်ငံကို တရားစွဲဆိုထားတဲ့ ဂမ်ဘီယာနိုင်ငံကသာ ဖြစ်ပါတယ်။ သူတို့ IIMM ကတော့ ၂၀၁၉ ဂျူလိုင်မှာ စတင် တာဝန်ပေးခံရ ကတည်းက ၊ FB နဲ့ ထိတွေ့ဆက်ဆံ ဆွေးနွေးမှုတွေ ရှိနေခဲ့ပါတယ်။ FB ကလည်း IIMM လိုချင်တဲ့ အထောက်အထားတွေကို တစိတ်တဒေသ ပံ့ပိုးခဲ့ပြီးပြီ ဖြစ်ပါတယ်။ နောင်ကို သူတို့ဆီက အထောက်အထားတွေ ပိုရလာလိမ့်မယ်လို့လည်း မျှော်လင့်နေပါတယ်။

ကိုဉာဏ်ဝင်းအောင် ။. ။ ဆိုတော့ သူတို့က FB ဆီက ဘယ်လို အထောက်အထားတွေကို လိုချင်တာတဲ့လဲ ။ သူတို့ မတိုင်ခင် ရှိခဲ့တဲ့ IIFF ခေါ် အထောက်အထား ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာ ထဲမှာတော့ - မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှု တွေကို အထောက်အထား သက်သေ သက်ကာယအပြည့်အစုံနဲ့ ရေးထားတာပဲ မဟုတ်လား ။ ဆိုတော့ မစ္စတာ KoumJian တို့ လိုချင်တဲ့ အထောက်အထားတွေ ဆိုတာက ဘာလဲခင်ဗျ ။

ဦးကျော်ဇံသာ။. ။ ဒီကိစ္စမှာ သူက အသေးစိတ်ကိုတော့ မပြောပါဘူး။ ယေဘူယျအချက်အလက်ကိုပဲ ရည်ညွှန်း ပြောပါတယ်။ အဓိကတော့ အကြမ်းဖက်မှုတွေ ကြီးထွားခဲ့ရတာဟာ FB ပေါ်မှာ ရေးသားချက်တွေကြောင့်ဖြစ်တယ် ဆိုတာကို သိပါတယ်။ ဒါကြောင့် FB ရဲ့အထောက်အထား အသေးစိတ်ကို သိချင်တာပါ။ ဒီကတဆင့် ပြစ်မှုကျူးလွန်တဲ့ လူပုဂ္ဂိုလ် တဦးချင်းရဲ့ အချက်အလက်တွေကို သိနိုင်မယ်လို့ မျှော်လင့်ပါတယ်။

မစ္စတာ KoumJian ။. ။ ဂမ်ဘီယာကတော့ ဒီကိစ္စကို NY တရားရုံးမှာ အယူခံတက်ထားပါတယ်။ IIMM အဖွဲ့အနေနဲ့ အထောက်အထားတွေ ရရှိပိုင်ခွင့် အတွက်လည်း ဒီအမှုက အထောက်အပံ့ ဖြစ်စေမယ်လို့ ဆိုတယ်။ ဂမ်ဘီယာဘက်က တရားရုံးမှာ အပြန်လှန် လေ

ကိုဉာဏ်ဝင်းအောင် ။. ။ အခုလည်းပဲ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ အများကြီး ဆက်ဖြစ်နေတယ်။ နောက်ပီး အမုန်းစကားတွေ သတင်းမှားတွေကို FB ပေါ်မှာ ၂ ဖက်စလုံးက အများပြား ရေးနေတာကို တွေ့ရပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ရော သူ့ကို မေးဖြစ်သေးလား ခင်ဗျ ။

ဦးကျော်ဇံသာ။. ။ ဒီကိစ္စနဲ့ ပတ်သက်လို့ FB နဲ့ သူတို့ ၊ ပုံမှန် အဆက်သွယ်ရှိနေတယ်လို့ ပြောပါတယ်။ အခု ဖြစ်နေတဲ့ အခြေအနေတွေကိုလည်း သူ ကောင်းကောင်း နားလည်သဘောပေါက်ပါတယ်တဲ့။ သူ့ကိုတောင် မြန်မာစစ်ဗိုလ်ချုပ် တယောက်နဲ့ အခြားနိုင်ငံ တနေရာမှာ တွေ့ဆုံကြတယ်ဆိုပြီး FB ပေါ်မှာ စွပ်စွဲ ရေးထားတာ တွေ့မိပါသေးတယ်။ ဒါကြောင့် သူနဲ့ တွေ့တဲ့သူတွေကို အကြမ်းဖက် တိုက်ခိုက်ရမယ်လို့ ရေးထားတာကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။ အဲဒါကို သူက FB နဲ့ ညှိပြီး ပြန်ဖြုတ်ချခဲ့တယ်။ တခြား အမုန်းပွားစေတဲ့ကိစ္စ ၊ အကြမ်းဖက်ဖို့ လှုံ့ဆော်တဲ့ကိစ္စတွေကိုလည်း FB နဲ့ ညှိပြီးလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ကိုဉာဏ်ဝင်းအောင် ။. ။ ဒီလို လူ့အခွင့်အရေး အဖွဲ့တွေကို မြန်မာနိုင်ငံက လူတချို့က ပြောနေတာက - သူတို့ဟာ စစ်တပ်ကိုပဲ အပြစ်ရှာပြီး တဖက်သတ် ပြောနေတယ်။ လတ်တလော ဖြစ်နေတဲ့ ဒလန်လို့ စွပ်စွဲပြီး သတ်ဖြတ်ခံနေတဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ရော IIMM အကြီးအကဲနဲ့ ဆွေးနွေး ဖြစ်သေးလားခင်ဗျ။

ဦးကျော်ဇံသာ ။. ။ မေးဖြစ်ပါတယ် ။ သူတို့အဖွဲ့ အနေနဲ့ လူ့အခွင့်အရေးကောင်စီမှာတင်တဲ့ အစီရင်ခံစာ အပါအဝင် လူသိရှင်ကြား ထုတ်ပြန်တဲ့ အချက်တွေထဲမှာ သူတို့ ဘက်လိုက်မှု မရှိဘူးဆိုတာ အတိအလင်း ဖေါ်ပြထားတယ်လို့ ခုလို ပြောပါတယ်။

မစ္စတာ KoumJian ။. ။ ကျနော်တို့ဟာ မြန်မာနိုင်ငံက လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် စိုးရိမ်ပါတယ်။ ပြစ်မှုကျူးလွန်သူတွေဟာ ဒါမှမဟုတ် ကျူးလွန်ခြင်း ခံရတဲ့လူတွေဟာ ဘယ်လူမျိုးတွေလဲ ၊ ဘယ်ဘာသာ ကိုးကွယ်သလဲ၊ ဘယ် နိုင်ငံရေး အင်အားစုတွေထဲကလဲ ဆိုတဲ့ ကွဲလွဲမှုတွေကို ဂရုမစိုက်ပါဘူး။ နိုင်ငံတကာ ဥပဒေဆိုတာ ခွဲခြားမှု မရှိပါဘူး။ ခင်ဗျား ဘယ်အုပ်စုက လာတယ်၊ ဘယ်လို နိုင်ငံရေး ယုံကြည်မှု ရှိတယ်ဆိုတဲ့အပေါ်မှာ မူမတည်ပါဘူး။ ပြစ်မှုကို ဘယ်သူမဆို ကျူးလွန်တတ်ကြပါတယ်။ ကျနော်တို့ကလည်း ဘယ်ဖက်က ကျူးလွန်တဲ့ ပြစ်မှုဖြစ်ဖြစ် ၊ စစ်တပ်က ကျူးလွန်တာပဲ ဖြစ်ဖြစ် ၊ အခြား ဘယ်ဖက်က ကျူးလွန်တာပဲ ဖြစ်ဖြစ် စုံစမ်း ဖေါ်ထုတ်သွားမှာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG