သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္အမတ္ ကက္ရွ္မီးယား သြားေရာက္မႈ အိႏၵိယ ေဝဖန္


(မွတ္တမ္းဓါတ္ပုံ)

အေမရိကန္ လႊတ္ေတာ္အမတ္ Ilhan Omar ရဲ့ ကက္ရွ္မီးယား က ပါကစၥတန္ ထိန္းခ်ဳပ္ထားတဲ့ အပိုင္းကိ ု သြားေရာက္မႈနဲ႔ ကက္ရွ္မီးယားေဒသ အေျခေနကို အေမရိကန္အစိုးရက ပိုအာရံုစိုက္သင့္ေၾကာင္း ေျပာၾကားခ်က္ေတြေၾကာင့္ အိႏၵိယဘက္က ခ်က္ခ်င္းပဲ တုန္႔ျပန္ ေဝဖန္လိုက္ပါတယ္။

ကန္အမတ္ ကက္ရွ္မီးယား သြားေရာက္မႈ အိႏၵိယ ေဝဖန္

{{Zawgyi/Unicode}}
အေမရိကန္ လႊတ္ေတာ္အမတ္ Ilhan Omar ရဲ့ ကက္ရွ္မီးယား က ပါကစၥတန္ ထိန္းခ်ဳပ္ထားတဲ့ အပိုင္းကိ ု သြားေရာက္မႈနဲ႔ ကက္ရွ္မီးယားေဒသ အေျခေနကို အေမရိကန္အစိုးရက ပိုအာရံုစိုက္သင့္ေၾကာင္း ေျပာၾကားခ်က္ေတြေၾကာင့္ အိႏၵိယဘက္က ခ်က္ခ်င္းပဲ တုန္႔ျပန္ ေဝဖန္လိုက္ပါတယ္။

“ကက္ရွ္မီးယား အေရးနဲ႔ပတ္သက္ၿပီး လႊတ္ေတာ္မွာတင္မကပဲ အေမရိကန္အစိုးရအဖြဲ႔က ပါ ေဆြးေႏြးေျပာဆိုဖို႔ လုိအပ္မယ္လို႔ သူထင္ေၾကာင္း” ပါကစၥတန္နဲ႔ အိႏၵိယ ၂ ႏိုင္ငံ အုပ္ခ်ဳပ္မႈ ခြဲျခားထားတဲ့ ကက္ရွ္မီးယား ေဒသတြင္း စစ္ေရးထိန္းခ်ဳပ္ဖို႔ ျခားထားတဲ့ မ်ဥ္းရွိရာ သြားေရာက္ခဲ့ၿပီးတဲ့ ေနာက္ Omar က အခုလို ေျပာၾကားလိုက္တာပါ။

အေမရိကန္လႊတ္ေတာ္အမတ္ တဦးအေနနဲ႔ ရွားရွားပါးပါး ပါကစၥတန္ထိန္းခ်ဳပ္တဲ့ ကက္ရွ္မီးယား ေဒသတြင္း သြားေရာက္ခဲ့တဲ့ Omar က ကက္ရွ္မီးယားက ပါကစၥတန္ စီမံအုပ္ခ်ဳပ္ေရး ရံုးစိုက္ရာ Muzaffarabad မွာ သတင္းေထာက္ေတြကို ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။ အေမရိကန္ ကြန္ဂရက္လႊတ္ေတာ္မွာ လူ႔အခြင့္ေရး ခ်ိဳးေဖါက္မႈဆိုင္ရာ အစီရင္ခံစာေတြကို ၾကားနာရာမွာ ကက္ရွ္မီးယားနဲ႔ ပတ္သက္ၿပီး ေမးခြန္းထုတ္တာရွိခဲ့ေၾကာင္းလည္း ေျပာပါတယ္။

အိႏၵိယအစိုးရက အျငင္းပြါးေနတဲ့ ကက္ရွ္မီးယားေဒသကို ကုလသမဂၢ အပါအဝင္ ႏိုင္ငံျခားက ေလ့လာသူေတြ မလာႏိုင္ေအာင္ တင္းတင္းၾကပ္ၾကပ္ ထိန္းခ်ဳပ္ထားတာျဖစ္ၿပီး အဲဒီေဒသမွာ လူ႔အခြင့္ေရး ခ်ိဳးေဖါက္မႈေတြ ရွိတယ္ ဆိုတဲ့ စြပ္စြဲခ်က္ကိုလည္း ကာလအေတာ္ၾကာကတည္းက ျငင္းဆိုေနတာ ျဖစ္ပါတယ္။

အိႏၵိယ ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရ Arindam Bagchi ကေတာ့ အခုလို လႊတ္ေတာ္အမတ္ Omar ရဲ့ သြားေရာက္မႈဟာ ပါကစၥတန္က တရားမဝင္ သိမ္းပိုက္ထားတဲ့ အိႏၵိယပိုင္နက္ ကို သြားေရာက္တာ ျဖစ္ၿပီး ဒါဟာ အိႏၵိယရဲ႕ နယ္ေျမပိုင္စိုးမႈနဲ႔ အခ်ဳပ္အခ်ာအာဏာကို ထိပါးတာ ျဖစ္တာေၾကာင့္ အိႏၵိယ အစိုးရက ရႈတ္ခ်ေၾကာင္း နယူးေဒလီက သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

...................

ကန်အမတ် ကက်ရှ်မီးယား သွားရောက်မှု အိန္ဒိယ ဝေဖန်

{{Zawgyi/Unicode}}
အမေရိကန် လွှတ်တော်အမတ် Ilhan Omar ရဲ့ ကက်ရှ်မီးယား က ပါကစ္စတန် ထိန်းချုပ်ထားတဲ့ အပိုင်းကိ ု သွားရောက်မှုနဲ့ ကက်ရှ်မီးယားဒေသ အခြေနေကို အမေရိကန်အစိုးရက ပိုအာရုံစိုက်သင့်ကြောင်း ပြောကြားချက်တွေကြောင့် အိန္ဒိယဘက်က ချက်ချင်းပဲ တုန့်ပြန် ဝေဖန်လိုက်ပါတယ်။

“ကက်ရှ်မီးယား အရေးနဲ့ပတ်သက်ပြီး လွှတ်တော်မှာတင်မကပဲ အမေရိကန်အစိုးရအဖွဲ့က ပါ ဆွေးနွေးပြောဆိုဖို့ လိုအပ်မယ်လို့ သူထင်ကြောင်း” ပါကစ္စတန်နဲ့ အိန္ဒိယ ၂ နိုင်ငံ အုပ်ချုပ်မှု ခွဲခြားထားတဲ့ ကက်ရှ်မီးယား ဒေသတွင်း စစ်ရေးထိန်းချုပ်ဖို့ ခြားထားတဲ့ မျဉ်းရှိရာ သွားရောက်ခဲ့ပြီးတဲ့ နောက် Omar က အခုလို ပြောကြားလိုက်တာပါ။

အမေရိကန်လွှတ်တော်အမတ် တဦးအနေနဲ့ ရှားရှားပါးပါး ပါကစ္စတန်ထိန်းချုပ်တဲ့ ကက်ရှ်မီးယား ဒေသတွင်း သွားရောက်ခဲ့တဲ့ Omar က ကက်ရှ်မီးယားက ပါကစ္စတန် စီမံအုပ်ချုပ်ရေး ရုံးစိုက်ရာ Muzaffarabad မှာ သတင်းထောက်တွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် ကွန်ဂရက်လွှတ်တော်မှာ လူ့အခွင့်ရေး ချိုးဖေါက်မှုဆိုင်ရာ အစီရင်ခံစာတွေကို ကြားနာရာမှာ ကက်ရှ်မီးယားနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်တာရှိခဲ့ကြောင်းလည်း ပြောပါတယ်။

အိန္ဒိယအစိုးရက အငြင်းပွါးနေတဲ့ ကက်ရှ်မီးယားဒေသကို ကုလသမဂ္ဂ အပါအဝင် နိုင်ငံခြားက လေ့လာသူတွေ မလာနိုင်အောင် တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားတာဖြစ်ပြီး အဲဒီဒေသမှာ လူ့အခွင့်ရေး ချိုးဖေါက်မှုတွေ ရှိတယ် ဆိုတဲ့ စွပ်စွဲချက်ကိုလည်း ကာလအတော်ကြာကတည်းက ငြင်းဆိုနေတာ ဖြစ်ပါတယ်။

အိန္ဒိယ နိုင်ငံခြားရေးဌာန ပြောခွင့်ရ Arindam Bagchi ကတော့ အခုလို လွှတ်တော်အမတ် Omar ရဲ့ သွားရောက်မှုဟာ ပါကစ္စတန်က တရားမဝင် သိမ်းပိုက်ထားတဲ့ အိန္ဒိယပိုင်နက် ကို သွားရောက်တာ ဖြစ်ပြီး ဒါဟာ အိန္ဒိယရဲ့ နယ်မြေပိုင်စိုးမှုနဲ့ အချုပ်အချာအာဏာကို ထိပါးတာ ဖြစ်တာကြောင့် အိန္ဒိယ အစိုးရက ရှုတ်ချကြောင်း နယူးဒေလီက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

XS
SM
MD
LG