သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂၀၂၁ ကမၻာစီးပါြးဖံြ႕ၿဖိဳးမႈႏႈန္း IMF ေလွ်ာ႔ခ်ခန္႔မွန္း


(Zawgyi / Unicode)

ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေဘးေရာဂါကေန ကမ ၻာ့စီးပြားေရး ျပန္လည္ နာလန္ထမႈ ေႏွးေကြးေနၿပီး က်န္းမာေရးဆိုင္ရာ ျပႆနာေတြ ပိုျဖစ္လာႏိုင္တဲ႔ အႏၲရာယ္က မ်ားလာေနေၾကာင္း ႏိုင္ငံတကာ ေငြေၾကး ရန္ပံုေငြ အဖြဲ႔ IMF က အဂၤါေန႔မွာ ေျပာပါတယ္။

ကမ ၻာ့ စီးပြားေရး အင္အား အႀကီးဆံုး အေမရိကန္ ျပည္ေထာင္စုရဲ႕ ၂၀၂၁ ခုႏွစ္ ဖြံ႔ၿဖိဳးမႈႏႈန္းကို အရင္ ၇ ရာခိုင္ႏႈႏ္း ခန္႔မွန္းခ်က္ကေန ၁ ရာခိုင္ႏႈန္း ေလွ်ာ့ခ်လိုက္ၿပီး ၆ ရာခိုင္ႏႈန္းအျဖစ္ ေလွ်ာ့ခ် သတ္မွတ္ပါတယ္။

အေမရိကန္ စီးပြားေရးရဲ႕ ၇၀ ရာခိုင္ႏႈန္း ျဖစ္တဲ႔ စားသံုးသူေတြရဲ႕ ေငြေၾကးသံုးစြဲမႈ ေႏွးေကြးလာတဲ႔ အခ်က္၊ ျပည္ပ ဆိပ္ကမ္းေတြကေန ကုန္စည္ သယ္ယူပို႔ေဆာင္ေရး ေႏွာင့္ေႏွးမႈေတြေၾကာင့္ အေမရိကန္ရဲ႕ ဖြံ႔ၿဖိဳးမႈ ခန္႔မွန္းခ်က္ကို ေလွ်ာ့ခ်လိုက္တာ ျဖစ္ေၾကာင္း IMF က ေျပာပါတယ္။ ဒီႏွစ္ အတြက္ ကမ ၻာ့စီးပြားေရး ဖြံ႔ၿဖိဳးမႈႏႈန္းကို ၅ ဒသမ ၉ ရာခိုင္ႏႈန္း အျဖစ္ IMF က ခန္႔မွန္းပါတယ္။

ဒီခန္႔မွန္းခ်က္ဟာဆိုရင္ ၿပီးခဲ႔တဲ႔ ဇူလိုင္က ခန္႔မွန္းထားခ်က္ထက္ ဒသမ ၁ ရာခိုင္ႏႈန္း ေလ်ာ့သြားတာ ျဖစ္ပါတယ္။ လာမယ့္ ၂၀၂၂ ခုႏွစ္ အတြက္ ၄ ဒသမ ၉ ရာခိုင္ႏႈန္း ဖြံ႔ၿဖိဳးမႈႏႈန္း သတ္မွတ္ခ်က္ကေတာ့ မေျပာင္းလဲပါဘူး။ ဗီဇေျပာင္း ကို႐ိုနာဗိုင္းရပ္စ္ မ်ိဳးကြဲ Delta ကူးစက္မႈ ျမန္ဆန္လာၿပီး ဗီဇေျပာင္း မ်ိဳးကြဲသစ္ေတြရဲ႕ ၿခိမ္းေျခာက္မႈေၾကာင့္ ကပ္ေဘးေရာဂါႀကီးကို ျမန္ျမန္ ေက်ာ္လႊားႏိုင္ေရး မေရမရာ ျဖစ္ေစတယ္လို႔လည္း IMF က ေျပာဆိုထားပါတယ္။

မူဝါဒ ေရြးခ်ယ္မႈ ပိုၿပီး ခက္ခဲလာေစတယ္၊ အဘက္ဘက္က အခက္အခဲေတြနဲ႔ ၾကံဳလာရၿပီး အလုပ္အကိုင္ ဖြံ႔ၿဖိဳးမႈကို အဟန္႔အထား ျဖစ္ေစေၾကာင္း၊ ေငြေၾကးေဖာင္းပြမႈ ျမင့္တက္လာမႈ၊ စားနပ္ရိကၡာ မလံုေလာက္မႈ၊ လူ႔စြမ္းအား အရင္းအျမစ္ စုေဆာင္းမႈ ေလ်ာ့ပါးမႈ၊ ရာသီဥတု ေျပာင္းလဲမႈေတြေၾကာင့္ လႈပ္ရွားေဆာင္ရြက္မႈေတြမွာ အကန္႔အသတ္ ျဖစ္ေစတယ္လို႔လည္း IMF က ေျပာဆိုထားပါတယ္။ အေမရိကန္ အျပင္ ကမ ၻာမွာ စီးပြားေရး အင္အားအႀကီးဆံုး ႏိုင္ငံေတြ ျဖစ္တဲ႔ တ႐ုတ္၊ ဂ်ပန္နဲ႔ ဂ်ာမနီရဲ႕ ၂၀၂၁ ခုႏွစ္ ဖြံ႔ၿဖိဳးမႈႏႈန္းကိုလည္း IMF က ေလွ်ာ့ခ် ခန္႔မွန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

၂၀၂၁ ကမ္ဘာစီးပါွးဖွံ့ဖြိုးမှုနှုန်း IMF လျှော့ချခန့်မှန်း

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးရောဂါကနေ ကမ ္ဘာ့စီးပွားရေး ပြန်လည် နာလန်ထမှု နှေးကွေးနေပြီး ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ပိုဖြစ်လာနိုင်တဲ့ အန္တရာယ်က များလာနေကြောင်း နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ IMF က အင်္ဂါနေ့မှာ ပြောပါတယ်။ ကမ ္ဘာ့ စီးပွားရေး အင်အား အကြီးဆုံး အမေရိကန် ပြည်ထောင်စုရဲ့ ၂၀၂၁ ခုနှစ် ဖွံ့ဖြိုးမှုနှုန်းကို အရင် ၇ ရာခိုင်နှုန်း ခန့်မှန်းချက်ကနေ ၁ ရာခိုင်နှုန်း လျှော့ချလိုက်ပြီး ၆ ရာခိုင်နှုန်းအဖြစ် လျှော့ချ သတ်မှတ်ပါတယ်။

အမေရိကန် စီးပွားရေးရဲ့ ၇၀ ရာခိုင်နှုန်း ဖြစ်တဲ့ စားသုံးသူတွေရဲ့ ငွေကြေးသုံးစွဲမှု နှေးကွေးလာတဲ့ အချက်၊ ပြည်ပ ဆိပ်ကမ်းတွေကနေ ကုန်စည် သယ်ယူပို့ဆောင်ရေး နှောင့်နှေးမှုတွေကြောင့် အမေရိကန်ရဲ့ ဖွံ့ဖြိုးမှု ခန့်မှန်းချက်ကို လျှော့ချလိုက်တာ ဖြစ်ကြောင်း IMF က ပြောပါတယ်။ ဒီနှစ် အတွက် ကမ ္ဘာ့စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းကို ၅ ဒသမ ၉ ရာခိုင်နှုန်း အဖြစ် IMF က ခန့်မှန်းပါတယ်။

ဒီခန့်မှန်းချက်ဟာဆိုရင် ပြီးခဲ့တဲ့ ဇူလိုင်က ခန့်မှန်းထားချက်ထက် ဒသမ ၁ ရာခိုင်နှုန်း လျော့သွားတာ ဖြစ်ပါတယ်။ လာမယ့် ၂၀၂၂ ခုနှစ် အတွက် ၄ ဒသမ ၉ ရာခိုင်နှုန်း ဖွံ့ဖြိုးမှုနှုန်း သတ်မှတ်ချက်ကတော့ မပြောင်းလဲပါဘူး။ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲ Delta ကူးစက်မှု မြန်ဆန်လာပြီး ဗီဇပြောင်း မျိုးကွဲသစ်တွေရဲ့ ခြိမ်းခြောက်မှုကြောင့် ကပ်ဘေးရောဂါကြီးကို မြန်မြန် ကျော်လွှားနိုင်ရေး မရေမရာ ဖြစ်စေတယ်လို့လည်း IMF က ပြောဆိုထားပါတယ်။

မူဝါဒ ရွေးချယ်မှု ပိုပြီး ခက်ခဲလာစေတယ်၊ အဘက်ဘက်က အခက်အခဲတွေနဲ့ ကြုံလာရပြီး အလုပ်အကိုင် ဖွံ့ဖြိုးမှုကို အဟန့်အထား ဖြစ်စေကြောင်း၊ ငွေကြေးဖောင်းပွမှု မြင့်တက်လာမှု၊ စားနပ်ရိက္ခာ မလုံလောက်မှု၊ လူ့စွမ်းအား အရင်းအမြစ် စုဆောင်းမှု လျော့ပါးမှု၊ ရာသီဥတု ပြောင်းလဲမှုတွေကြောင့် လှုပ်ရှားဆောင်ရွက်မှုတွေမှာ အကန့်အသတ် ဖြစ်စေတယ်လို့လည်း IMF က ပြောဆိုထားပါတယ်။ အမေရိကန် အပြင် ကမ ္ဘာမှာ စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံတွေ ဖြစ်တဲ့ တရုတ်၊ ဂျပန်နဲ့ ဂျာမနီရဲ့ ၂၀၂၁ ခုနှစ် ဖွံ့ဖြိုးမှုနှုန်းကိုလည်း IMF က လျှော့ချ ခန့်မှန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG