သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IMF အကြီးအကဲအဖြစ် ဘူလ်ဂေးရီးယား စီးပွါးရေးပညာရှင်ကို ခန့်အပ်


နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် ဘူလ်ဂေးရီးယား စီးပွါးရေးပညာရှင် တယောက်ကို ခန့်အပ်လိုက်ပါတယ်။

ကွန်မြူနစ်နိုင်ငံဖြစ်နေချိန်မှာ မွေးဖွါးခဲ့တဲ့ Kristalina Georgieva ကို နိုင်ငံပေါင်း ၁၈၉ နိုင်ငံပါဝင်တဲ့ IMF အဖွဲ့ကြီးရဲ့ ဦးဆောင် ဒါရိုက်တာဘုတ်အဖွဲ့ကနေ ဗုဒ္ဓဟူးနေ့မှာ အခုလို ရွေးချယ်ခန့်အပ်လိုက်တာပါ။

ကမ္ဘာ့ဘဏ်ရဲ့ ထိပ်တန်းတာဝန်ရှိသူတွေ ထဲမှာပါတဲ့ Georgieva ဟာ ဥရောပ ဗဟိုဘဏ် ဥက္ကဌအဖြစ် တာဝန်ယူမယ့် Christine Lagarde နေရာကို ဆက်ခံတာဝန်ယူရတာပါ။ IMF အဖွဲ့ကြီးဟာ အဖွဲ့ဝင်နိုင်ငံတွေ ငွေကြေး စီးပွါးရေးအကြပ်အတည်း ဆိုက်နေချိန်မှာ အရေးပေါ်ချေးငွေထုတ်ချေး အကူအညီပေးတဲ့အဖွဲ့ကြီးပါ။

ကမ္ဘာ့စီးပွါးရေး အင်းအားကြီးနိုင်ငံ ၂ နိုင်ငံဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံတို့ ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွါးနေချိန်မှာ Kristalina Georgieva ဟာ IMF ဦးဆောင်ညွှန်ကြားရေးမှူး တာဝန်ယူရတာ ဖြစ်ပါတယ်။

(ယူနီကုဒ်)




တိုက်ရိုက် လင့်ခ်
XS
SM
MD
LG