သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့အေျခအေန IMF အဖြဲ႔ အနီးကပ္ေစာင့္ၾကည့္ေန


IMF spokesperson Gerry Rice


{{Zawgyi/Unicode}}
ျမန္မာႏိုင္ငံအတြင္း တင္းမာမႈ ႀကီးထြားလာေနတဲ့ အေျခအေနေတြ‌ေၾကာင့္ ျပည္သူလူထုနဲ႔ စီးပြားေရးကို ထိခိုက္မယ့္အေရး အလြန္အမင္း စိုးရိမ္တဲ့အေၾကာင္းနဲ႔ အေျခအေနကို အနီးကပ္ ေစာင့္ၾကည့္ေနတဲ့အေၾကာင္း IMF ႏိုင္ငံတကာ ေငြေၾကးရန္ပုံေငြအဖြဲ႔က မေန႔က သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုပါတယ္။

“အခု ခ်က္ခ်င္း အဓိက စိုးရိမ္ရတဲ့ကိစၥက COVID ေရာဂါ တိုက္ဖ်က္ေရး ႀကိဳးပမ္းမႈေတြ မျဖစ္မေန ဆက္လုပ္ႏိုင္ဖို႔နဲ႔ ေဘးဒုကၡအေရာက္ႏိုင္ဆုံး သာမန္ျပည္သူေတြကို ေထာက္ပ့ံႏိုင္ေရးကိစၥပါ။ IMF အဖြဲ႕က ျမန္မာႏိုင္ငံကို ေပးအပ္ေနတဲ့ အေထာက္အပံ့ေတြနဲ႔ ပတ္သက္လို႔လည္း အရင္ကတည္းက က်င့္သုံးခဲ့တဲ့ မူဝါဒအတိုင္း အုပ္ခ်ဳပ္မႈပိုင္း ရွင္းရွင္းလင္းလင္း မရွိေသးတဲ့အခ်ိန္မွာ ထိန္းထိန္းသိမ္းသိမ္း ေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္" လို႔ IMF ေျပာခြင့္ရပုဂၢိဳလ္ Gerry Rice က ေျပာပါတယ္။

လတ္တေလာ မေရမရာ အေျခအေနမွာ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္လို႔ အခ်က္အလက္ ရွာေဖြတာမ်ိဳးလို အဆင့္နိမ့္ လုပ္ငန္းေတြသာ လုပ္ကိုင္ေနတဲ့ အေၾကာင္းလည္း IMF ေျပာခြင့္ရပုဂၢိဳလ္က ေျပာပါတယ္။

ျမန္မာႏိုင္ငံ အေျခအေနကို အနီးကပ္ ေစာင့္ၾကည့္ေနၿပီး ျပန္လည္ သံုးသပ္ေနတယ္လို႔လည္း Gerry Rice က ေျပာပါတယ္။ ကမာၻ႔စီးပြားေရး ေရွ႕အလားအလာ ခန္႔မွန္းခ်က္ေတြ ထြက္လာတဲ့အခါ အခ်က္အလက္နဲ႔ သုံးသပ္ခ်က္ေတြကို အေျခခံၿပီး ျမန္မာ့စီးပြားေရးအေျခအေနကို ပိုေျပာႏိုင္ပါလိမ့္မယ္လို႔လည္း IMF ေျပာခြင့္ရ Gerry Rice က သတင္းစာရွင္းလင္းပြဲမွာ ေျပာသြားပါတယ္။

........................................

ျမန္မာ့အေျခအေန IMF အဖြဲ႔ အနီးကပ္ေစာင့္ၾကည့္ေန
please wait

No media source currently available

0:00 0:00:58 0:00
တိုက္႐ိုက္ လင့္ခ္

{{Unicode}}

မြန်မာနိုင်ငံအတွင်း တင်းမာမှု ကြီးထွားလာနေတဲ့ အခြေအနေတွေ‌ကြောင့် ပြည်သူလူထုနဲ့ စီးပွားရေးကို ထိခိုက်မယ့်အရေး အလွန်အမင်း စိုးရိမ်တဲ့အကြောင်းနဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေတဲ့အကြောင်း IMF နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။

“အခု ချက်ချင်း အဓိက စိုးရိမ်ရတဲ့ကိစ္စက COVID ရောဂါ တိုက်ဖျက်ရေး ကြိုးပမ်းမှုတွေ မဖြစ်မနေ ဆက်လုပ်နိုင်ဖို့နဲ့ ဘေးဒုက္ခအရောက်နိုင်ဆုံး သာမန်ပြည်သူတွေကို ထောက်ပံ့နိုင်ရေးကိစ္စပါ။ IMF အဖွဲ့က မြန်မာနိုင်ငံကို ပေးအပ်နေတဲ့ အထောက်အပံ့တွေနဲ့ ပတ်သက်လို့လည်း အရင်ကတည်းက ကျင့်သုံးခဲ့တဲ့ မူဝါဒအတိုင်း အုပ်ချုပ်မှုပိုင်း ရှင်းရှင်းလင်းလင်း မရှိသေးတဲ့အချိန်မှာ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" လို့ IMF ပြောခွင့်ရပုဂ္ဂိုလ် Gerry Rice က ပြောပါတယ်။

လတ်တလော မရေမရာ အခြေအနေမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အချက်အလက် ရှာဖွေတာမျိုးလို အဆင့်နိမ့် လုပ်ငန်းတွေသာ လုပ်ကိုင်နေတဲ့ အကြောင်းလည်း IMF ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

မြန်မာနိုင်ငံ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး ပြန်လည် သုံးသပ်နေတယ်လို့လည်း Gerry Rice က ပြောပါတယ်။ ကမ္ဘာ့စီးပွားရေး ရှေ့အလားအလာ ခန့်မှန်းချက်တွေ ထွက်လာတဲ့အခါ အချက်အလက်နဲ့ သုံးသပ်ချက်တွေကို အခြေခံပြီး မြန်မာ့စီးပွားရေးအခြေအနေကို ပိုပြောနိုင်ပါလိမ့်မယ်လို့လည်း IMF ပြောခွင့်ရ Gerry Rice က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG