သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းၿပီးတင္းမာမႈေၾကာင္႔ ျမန္မာ႔စီးပါြးထိခိုက္မည္႔အေရး IMF စိုးရိမ္


IMF ေျပာခြင့္ရပုဂၢိဳလ္ Gerry Rice

[ Zawgyi / Unicode ]

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းလိုက္ၿပီး ေနာက္ဆက္တဲြ ၾကံဳေနရတဲ့အေျခအေနေတြအေပၚ စိုးရိမ္ေၾကာင္းနဲ႔ အနီးကပ္ ေစာင့္ၾကည့္ေနေၾကာင္း အျပည္ျပည္ဆိုင္ရာ ေငြေၾကးရန္ပုံေငြအဖဲြ႕ (IMF) ကေျပာလိုက္ပါတယ္။

“ျမန္မာႏိုင္ငံမွာ တင္းမာမႈေတြ ႀကီးထြားလာေနတဲ့ အေျခအေနေတြနဲ႔ ဒါေတြေၾကာင့္ ျပည္သူလူထုနဲ႔ စီးပြားေရးကို ထိခိုက္မယ့္အေရး အလြန္အမင္း စိုးရိမ္မိပါတယ္။ ဒါေၾကာင့္လည္း အေျခအေနကို အနီးကပ္ေစာင့္ၾကည့္ေနပါတယ္။” လို႔ IMF ေျပာခြင့္ရပုဂၢိဳလ္ Gerry Rice က ၾကာသပေတးေန႔ သတင္းစာ ရွင္းလင္းပဲြမွာ ေျပာဆိုသြားတာပါ။ IMF အဖဲြ႕က ျမန္မာႏိုင္ငံကို ေပးအပ္ေနတဲ့ အေထာက္အပံ့ေတြနဲ႔ ပတ္သက္လို႔လည္း အရင္ကတည္းက က်င့္သုံးခဲ့တဲ့ မူဝါဒအတိုင္း အုပ္ခ်ဳပ္မႈပိုင္း ရွင္းရွင္းလင္းလင္း မရွိေသးတဲ့အခ်ိန္မွာ ထိန္းထိန္းသိမ္းသိမ္းနဲ႔ ေဆာင္ရြက္သြားမွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။ လတ္တေလာ မေရမရာ အေျခအေနမွာ အခ်က္အလက္ ရွာေဖြတာမ်ဳိးလို အဆင့္နိမ့္လုပ္ငန္းေတြသာ ရွိေနေၾကာင္းလည္း IMF ေျပာခြင့္ရပုဂၢိဳလ္က ေျပာဆိုသြားပါတယ္။

ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က စစ္တပ္အာဏာသိမ္းခဲ့ၿပီးေနာက္ လမ္းေပၚထြက္ ဆႏၵျပကန္႔ကြက္မႈေတြနဲ႔ အလုပ္မဆင္းပဲ အာဏာဖီဆန္ေရး လႈပ္ရွားမႈေတြေၾကာင့္ အစိုးရယႏၲယားနဲ႔ လုပ္ငန္းေတာ္ေတာ္မ်ားမ်ား မလည္ပတ္ႏိုင္ပဲ ျဖစ္ေနတာပါ။ အရပ္သားအစိုးရ ေခါင္းေဆာင္ေတြကို ဖမ္းဆီးဖယ္ရွားၿပီး အာဏာသိမ္းခဲ့တဲ့ လုပ္ရပ္နဲ႔ ေနာက္ဆက္တဲြ ကန္႔ကြက္ ဆႏၵျပပဲြေတြကို လုံျခံဳေရးတပ္ဖဲြ႕ေတြ အၾကမ္းဖက္ ႏွိမ္နင္းမႈေတြအေပၚ တုံ႔ျပန္တဲ့ အေနနဲ႔ အေနာက္ႏိုင္ငံေတြကလည္း ပစ္မွတ္ထား ဒဏ္ခတ္မႈေတြ ေၾကညာခဲ့တာေၾကာင့္ စီးပြားေရးအေပၚ သက္ေရာက္မႈေတြ ရွိလာမယ္လို႔လည္း ခန္႔မွန္းေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


[ Unicode ]

စစ်အာဏာသိမ်းပြီးတင်းမာမှုကြောင့် မြန်မာ့စီးပါွးထိခိုက်မည့်အရေး IMF စိုးရိမ်

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီး နောက်ဆက်တွဲ ကြုံနေရတဲ့အခြေအနေတွေအပေါ် စိုးရိမ်ကြောင်းနဲ့ အနီးကပ် စောင့်ကြည့်နေကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကပြောလိုက်ပါတယ်။

“မြန်မာနိုင်ငံမှာ တင်းမာမှုတွေ ကြီးထွားလာနေတဲ့ အခြေအနေတွေနဲ့ ဒါတွေကြောင့် ပြည်သူလူထုနဲ့ စီးပွားရေးကို ထိခိုက်မယ့်အရေး အလွန်အမင်း စိုးရိမ်မိပါတယ်။ ဒါကြောင့်လည်း အခြေအနေကို အနီးကပ်စောင့်ကြည့်နေပါတယ်။” လို့ IMF ပြောခွင့်ရပုဂ္ဂိုလ် Gerry Rice က ကြာသပတေးနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။ IMF အဖွဲ့က မြန်မာနိုင်ငံကို ပေးအပ်နေတဲ့ အထောက်အပံ့တွေနဲ့ ပတ်သက်လို့လည်း အရင်ကတည်းက ကျင့်သုံးခဲ့တဲ့ မူဝါဒအတိုင်း အုပ်ချုပ်မှုပိုင်း ရှင်းရှင်းလင်းလင်း မရှိသေးတဲ့အချိန်မှာ ထိန်းထိန်းသိမ်းသိမ်းနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ လတ်တလော မရေမရာ အခြေအနေမှာ အချက်အလက် ရှာဖွေတာမျိုးလို အဆင့်နိမ့်လုပ်ငန်းတွေသာ ရှိနေကြောင်းလည်း IMF ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုသွားပါတယ်။




မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက် လမ်းပေါ်ထွက် ဆန္ဒပြကန့်ကွက်မှုတွေနဲ့ အလုပ်မဆင်းပဲ အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေကြောင့် အစိုးရယန္တယားနဲ့ လုပ်ငန်းတော်တော်များများ မလည်ပတ်နိုင်ပဲ ဖြစ်နေတာပါ။ အရပ်သားအစိုးရ ခေါင်းဆောင်တွေကို ဖမ်းဆီးဖယ်ရှားပြီး အာဏာသိမ်းခဲ့တဲ့ လုပ်ရပ်နဲ့ နောက်ဆက်တွဲ ကန့်ကွက် ဆန္ဒပြပွဲတွေကို လုံခြုံရေးတပ်ဖွဲ့တွေ အကြမ်းဖက် နှိမ်နင်းမှုတွေအပေါ် တုံ့ပြန်တဲ့ အနေနဲ့ အနောက်နိုင်ငံတွေကလည်း ပစ်မှတ်ထား ဒဏ်ခတ်မှုတွေ ကြေညာခဲ့တာကြောင့် စီးပွားရေးအပေါ် သက်ရောက်မှုတွေ ရှိလာမယ်လို့လည်း ခန့်မှန်းနေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG