သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်အုပ်ချုပ်ရေးအဖွဲ့ အသိအမှတ်ပြုရေး IMF မဆုံးဖြတ်ရသေး 


(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်အုပ်ချုပ်ရေးအဖွဲ့ကို တရားဝင်အစိုးရတရပ်အဖြစ် အသိမှတ်ပြု မပြု ဆုံးဖြတ်ရာမှာ IMF နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ရဲ့ အဖွဲ့ဝင်နိုင်ငံများ ဆိုင်ရာလမ်းညွှန်ချက် နဲ့ အညီ လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း အဖွဲ့ ပြောခွင့်ရ Gerry Rice က ကြာသပတေးနေ့မှာ ပြောပါတယ်။

မြန်မာနိုင်ငံက အခြေနေတွေကို IMF က အနီးကပ်စောင့်ကြည့်နေကြောင်းနဲ့ လက်ရှိဖြစ်ရပ်တွေ မြန်မာလူထုအပေါ် သက်ရောက်မှုအတွက် အထူးစိုးရိမ်ကြောင်းလည်း Rice က IMF ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မြန်မာနိုင်ငံ အတွက် ကိုရိုနာဗိုင်းရပ်စ် အရေးပေါ်ငွေ အဖြစ် ဒေါ်လာသန်း ၃၅၀ ကို IMF က မြန်မာနိုင်ငံမှာ စစ်တပ်အာဏာမသိမ်းခင် တရက်အလိုမှာပဲ လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။

အခု မြန်မာနိုင်ငံမှာ အထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်အစိုးရအဖွဲ့နဲ့ ရရှိထားတဲ့ သဘောတူညီမှုအတိုင်း ကိုရိုနာဗိုင်းရပ်စ်အတွက် သုံးဖို့ စံနစ်တကျနဲ့ IMF ကလွှဲပြောင်းပေးခဲ့တာ ဖြစ်ပြီး ဒီအထဲမှာ ဒီငွေကြေးသုံးစွဲမှု ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ စာရင်းစစ်ဆေးမှု လုပ်ဖို့တွေ ပါဝင်တယ် လို့လည်း Rice ကပြောပါတယ်။

IMF ရဲ့ မြန်မာကို ပေးတဲ့ငွေလွှဲပြောင်းမှုနဲ့ ပတ်သက်ပြီး အကျွမ်းဝင်သူတွေကတော့ အခုလို ပေးအပ်ချိန်ဟာ အကြောင်းမလှချိန်နဲ့ တိုက်ဆိုင်နေကြောင်းနဲ့ အခုပေးတဲ့ ထောက်ပံ့ငွေမျိုးဟာ ကြိုတင်စည်းကမ်းသတ်မှတ်မှု နည်းနည်းပဲထားပြီး တလုံးထည်း ပေးလိုက်တာဖြစ်ကြောင်း ပြောကြပါတယ်။

အခုလိုအရေးပေါ် ငွေချထားပေးမှု ဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဒဏ် ခံနေရတဲ့ ဆင်းရဲတဲ့နိုင်ငံတွေနဲ့ အလယ်လတ်ဝင်ငွေရှိတဲ့ နိုင်ငံပေါင်း ၈၅ နိုင်ငံလောက် အတွက် ကူညီကယ်ဆယ်ရေး အမြန်ဆောင်ရွက်နိုင်အောင် IMF က ပေးတာဖြစ်ကြောင်း Rice က ကာကွယ်ပြောဆိုခဲ့ပါတယ်။

စစ်အုပ်ချုပ်ရေးအဖွဲ့က မြန်မာနိုင်ငံ ဗဟိုဘဏ် အကြီးအကဲအဖြစ် အရင်စစ်အစိုးရလက်ထက်က ဦးသန်းငြိမ်းကို ခန့်အပ်ခဲ့တဲ့ နောက်မှာ မြန်မာဗဟိုဘဏ်ရဲ့ သီးခြားလွတ်လပ်တဲ့အမှီအခိုကင်းမှု ဆိုင်ရာကို စိုးရိမ်မှု ရှိမရှိ မေးမြန်းရာမှာတော့ ဒီဗဟိုဘဏ်ရဲ့ သီးခြားလွတ်လပ်မှုဆိုင်ရာဟာ IMF ရဲ့ အခြေခံမူဝါဒတွေထဲက တခု အဖြစ် IMF ကယုံကြည်ပြီး ပံ့ပိုးမှုလည်း ပေးတာ ဖြစ်ကြောင်း Rice က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

.............


(Unicode)








XS
SM
MD
LG