သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းပြည်နယ်တွင်း၊ တပ်မတော်နဲ့ AA တိုက်ပွဲဖြစ်


AA Army (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)
AA Army (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)

မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့အကြား ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ဘက်မှာ ဒီကနေ့ တိုက်ပွဲဖြစ်ပြီး တပ်မတော် ဘက်က လေကြောင်းကနေပါ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီအခြေအနေကြောင့် ဒေသခံ ကျေးရွာသား တွေ အိုးအိမ်စွန့်ခွာပြီး ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့လည်း ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက်သတင်း ထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ဒီကနေ့အင်္ဂါနေ့နေ့လယ်ပိုင်းမှာ ချင်းပြည်နယ်ပလက်ဝမြို့နယ်အတွင်း ရခိုင့်တပ်မတော်အခြေပြုနေတယ်လို့ ယူဆရတဲ့ နေရာတွေကို တပ်မတော်ကနေ ရဟတ်ယဉ်နဲ့တိုက်ခိုက်နေတယ်လို့ ဒလက်မေဒေသခံတဦးက ပြော ပါတယ်။

“(၁၁) နာရီ (၃၀) မိနစ်က အစိုးရစစ်လေယဉ်နှစ်စီးက ဒလက်မေအရှေ့ဘက်ကမ်း ဝက္ကူဝရွာအကြားမှာ ဗုံး (၃) လုံး ကြဲပြီးချခဲ့တယ်။ တပ်မတော်က ဥပမာ ဒီရခိုင်တပ်မတော်AAရှိမယ်အထင်နဲ့ဗုံး (၃) လုံးကြဲခဲ့တယ်။ ရွာအနားမှာအကို။ ရွာသား တွေကအခုထိန့်လန့်ပြီးတော့ အခုသူတို့တောင်မှ ပလက်ဝကို ဟွန်ဒါစက်လှေလေးတွေနဲ့ ဆင်းဖို့အတွက် အစီအစဉ် လုပ်နေ ကြတယ်လို့ပြောတယ်။”

ပလက်ဝမြို့နယ်လူမှုကူညီရေးအဖွဲ့တာဝန်ခံကိုကျော်အောင်ကတော့ တိုက်ပွဲဖြစ်ပွါးတဲ့နေရာဟာ ပလက်ဝမြို့နဲ့ အလှမ်းဝေးနေတာကြောင့် ဖြစ်စဉ်ကိုမသိရသေးပေမဲ့ ရဟတ်ယာဉ်တွေအဲဒီဘက်ကို ဦးတည်သွားနေတဲ့အကြောင်း ပြောဆိုပါတယ်။

“လေယာဉ်ကျတော့ ကျွန်တော်တို့ဖက်ကမြင်တော့မြင်ပါတယ်။ ဒီပလက်ဝမြို့ကနေ ပျံသန်းတာတော့ နှစ်စင်းတော့ မြင်လိုက်တယ်။ အထက်ပိုင်းကပြည်သူလူထုတွေအများအားဖြင့်တော့ အသံတွေတော့ကြားနေရတယ်အဲဒီလိုဘဲ ပြောတယ်။ လက်နက်ကြီးအသံတွေတော်တော်လေးကြားနေရတယ်လို့အဆက်သွယ်ရတယ်။ ဒါပေမဲ့ ဘယ်လိုဖြစ် တယ်ဆိုတာတော့ကျွန်တော်တို့တော့ ဘာမှမသိဘူး။”

ဇန်နဝါရီ (၁၉) ရက်နေ့ကလဲ မြန်မာ့တပ်မတော်နဲ့ရခိုင့်တပ်မတော်AAတို့တိုက်ပွဲဖြစ်စဉ်အတွင်း ပလက်ဝမြို့နယ် ဒလက်မေနဲ့ အဒေါင်ဝရွာအကြားမှာ လက်နက်ကြီးကျည်တွေကျရောက်ခဲ့လို့ ကျေးရွာသားတချို့ ရွာကနေတိမ်း ရှောင်နေရတယ်လို့ ဒလက်မေဒေသခံတဦးက ပြောပါတယ်။

“(၁၉)ရက်နေ့ကသူတို့လှမ်းပစ်လိုက်တယ်။ ဒလက်မေကျေးရွာရယ်နဲ့ ဝက္ကူဝကျေးရွာကြားနားမှာ အဲဒီနားမှာ လက် နက်ကြီးနှစ်စင်းကျတယ်။ ဒါပေမဲ့လူတွေတော့ထိခိုက်မှုမရှိလိုက်ပါဘူး။ ပြီးတော့ထရွန်းအိုင်အပေါ်နားလေးမှာ ရှိတဲ့ အဒေါင်ဝရွာမှာလဲက လက်နက်ကြီးကကျတယ်။ ဒါပေမဲ့သူက မပေါက်ဘူး မကွဲဘူး။ အဲဒီအတိုင်းကိုရှိတာ အဲဒီမှာ။ ရွာကတော့ထိတ်လန့်ပြီးတော့အခုဒီ ပြောင်းလာတာကတော့ကျွန်တော်စာရင်းအရဆိုရင်လူပေါင်းက(၁၂၀)လောက် ရှိမယ်။ ပလက်ဝမြို့အောက်ပိုင်းပေါ့။ ဒီရခိုင်ပြည်နယ် မီးဝတို့ တင်းမတို့ ပလက်ဝမြို့နယ် ဥပမာ နှစ်မသာတို့ ဆွေမျိုး ရှိတဲ့မြို့ကရွာတွေမှာဘဲ ခိုကပ်ပြီးတော့နေကြတယ်ပေါ့။”

ဇန်နဝါရီ-(၂၀)ရက်နေ့က ရခိုင်ပြည်နယ်ဘူးသီးတောင်မြို့နယ် ဥယာဉ်သာရွာအနီးနဲ့(၂၁)ရက်နေ့တုန်းက ကျောက် တော်မြို့နယ် တောင်မင်းကုလားကျေးရွာအုပ်စု ငှက်ပျောချောင်းရွာဘက်မှာ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်AA တို့အကြားတိုက်ပွဲဖြစ်ပွါးခဲ့ပါတယ်။

ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်အတွင်း အခုလက်ရှိ တိုက်ပွဲဖြစ်တာတွေနဲ့ပက်သတ်လို့ သတင်းထုတ်ပြန်တာ မတွေ့ ရသေးသလို AAပြန်ကြားရေးတာဝန်ခံနဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့တွဲဘက်အတွင်းရေးမှူးကို ဗွီအို

အေက အကြိမ်ကြိမ် ဖုန်းနဲ့ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

၂၀၁၈ခုနှစ်နိုဝင်ဘာလကုန်ကနေ ၂၀၁၉ ဇန္နဝါရီလအထိ မြန်မာ့တပ်မတော်နဲ့ရခိုင့်တပ်မတော်AA တို့တိုက်ပွဲဖြစ်ပွါး နေသလို ဇန္နဝါရီ(၄)ရက်နေ့က မြန်မာအစိုးရရဲကင်းစခမ်း(၄)ခုကိုAAဘက်ကတိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း နှစ်ဖက် တိုက်ပွဲတွေပိုမိုပြင်းထန်လာနေခဲ့ပါတယ်။

ဒီလိုဖြစ်ပွါးနေတဲ့တိုက်ပွဲကြောင့် ရခိုင်ပြည်နယ်ဘူးသီးတောင်ရသေ့တောင်မောင်တောကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာဒေသခံရွာသား (၆၀၀၀)နီးပါးဟာ စစ်ဘေးတိမ်းရှောင်နေကြရသလို စားသောက်နေထိုင်ရေးမှာလဲ အခက် ခဲနဲ့ရင်ဆိုင်နေရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG