သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အိႏၵိယ စစ္တပ္အႀကီးအကဲ ရဟတ္ယာဥ္ပ်က္က် ေသဆံုး


ရဟတ္ယာဥ္ပ်က္က်ၿပီး ေသဆုံးသြားတဲ့ အိႏၵိယ စစ္တပ္အႀကီးအကဲ ဗုိလ္ခ်ဳပ္ႀကီး Bipin Rawat. (ေဖော္ဝါရီ ၂၁၊ ၂၀၁၉)

(Zawgyi / Unicode)

အိႏၵိယ စစ္တပ္အႀကီးအကဲ ဗုိလ္ခ်ဳပ္ႀကီး Bipin Rawat ဟာ ဗုဒၶဟူးေန႔က စစ္တပ္ရဟတ္ယဥ္ ပ်က္က်ခဲ့တဲ့အတြက္ ေသဆုံးသြားပါတယ္။

အိႏၵိယႏုိင္ငံေတာင္ပုိင္း တမီလ္နာဒူးျပည္နယ္ထဲမွာ ႐ုရွားလုပ္ Mi 175V ပ်က္က်ခဲ့တဲ့အတြက္ ရဟတ္ယဥ္ေပၚမွာ လုိက္ပါလာသူ ၁၄ ဦးရွိတဲ့အနက္ တပ္မေတာ္အႀကီးအကဲ ဗုိလ္ခ်ဳပ္ႀကီးနဲ႔ ဇနီးအပါအဝင္ ၁၃ ဦး ေသဆုံးခဲ့ၿပီး ေလတပ္အရာရွိတဦး အသက္ရွင္က်န္ရစ္ပါတယ္။ သူ႔ကုိေတာ့ ေဆး႐ုံတင္ထားရပါတယ္။

အသက္ ၆၃ ႏွစ္ရွိၿပီျဖစ္တဲ့ ဗုိလ္ခ်ဳပ္ႀကီး Bipin Rawat ဟာ အိႏၵိယရဲ႕ ပထမဦးဆုံး အိႏိၵယကာကြယ္ေရး အႀကီးအကဲအျဖစ္ ခန္႔အပ္တာဝန္ေပးခံရတာ ျဖစ္ပါတယ္။ အိႏၵိယရဲ႕ စစ္ေရးကုိ ထိေရာက္စြာ ေဆာင္ရြက္ႏုိင္ဖုိ႔ ကာကြယ္ေရးအႀကီးအကဲအျဖစ္ ဝန္ႀကီးခ်ဳပ္ မုိဒီ လက္ထက္မွာ စတင္ထားရွိခဲ့တာ ျဖစ္ပါတယ္။

ဝန္ႀကီးခ်ဳပ္ မုိဒီက သူ႔ကုိ အလြန္ထူးခၽြန္တဲ့ စစ္သည္ေတာ္တဦးလုိ႔ ခ်ီးက်ဴးလုိက္ၿပီး စစ္မွန္တဲ့ မ်ိဳးခ်စ္တဦး ျဖစ္တယ္လုိ႔ သူ႔ရဲ႕ တြစ္တာစာမ်က္ႏွာမွာ ေဖာ္ျပလုိက္ပါတယ္။

ဗုိလ္ခ်ဳပ္ႀကီး Bipin Rawat ဟာ အိႏၵိယ ၾကည္း၊ ေရ၊ ေလ တပ္မေတာ္အားလုံး စုစည္းမႈနဲ႔ ျပဳျပင္ေျပာင္းလဲမႈနဲ႔ အဆင့္တုိးျမႇင့္မႈေတြကုိ ထူးခၽြန္စြာ လုပ္ႏုိင္ခဲ့သူအျဖစ္ ထင္ရွားပါတယ္။

အိႏၵိယ စစ္တပ္အႀကီးအကဲ ရဟတ္ယာဥ္ပ်က္က် ေသဆံုး
please wait

No media source currently available

0:00 0:00:41 0:00
တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

အိန္ဒိယ စစ်တပ်အကြီးအကဲ ရဟတ်ယာဉ်ပျက်ကျ သေဆုံး

အိန္ဒိယ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Bipin Rawat ဟာ ဗုဒ္ဓဟူးနေ့က စစ်တပ်ရဟတ်ယဉ် ပျက်ကျခဲ့တဲ့အတွက် သေဆုံးသွားပါတယ်။

အိန္ဒိယနိုင်ငံတောင်ပိုင်း တမီလ်နာဒူးပြည်နယ်ထဲမှာ ရုရှားလုပ် Mi 175V ပျက်ကျခဲ့တဲ့အတွက် ရဟတ်ယဉ်ပေါ်မှာ လိုက်ပါလာသူ ၁၄ ဦးရှိတဲ့အနက် တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်ကြီးနဲ့ ဇနီးအပါအဝင် ၁၃ ဦး သေဆုံးခဲ့ပြီး လေတပ်အရာရှိတဦး အသက်ရှင်ကျန်ရစ်ပါတယ်။ သူ့ကိုတော့ ဆေးရုံတင်ထားရပါတယ်။

အသက် ၆၃ နှစ်ရှိပြီဖြစ်တဲ့ ဗိုလ်ချုပ်ကြီး Bipin Rawat ဟာ အိန္ဒိယရဲ့ ပထမဦးဆုံး အိန္ဒိယကာကွယ်ရေး အကြီးအကဲအဖြစ် ခန့်အပ်တာဝန်ပေးခံရတာ ဖြစ်ပါတယ်။ အိန္ဒိယရဲ့ စစ်ရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ ကာကွယ်ရေးအကြီးအကဲအဖြစ် ဝန်ကြီးချုပ် မိုဒီ လက်ထက်မှာ စတင်ထားရှိခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် မိုဒီက သူ့ကို အလွန်ထူးချွန်တဲ့ စစ်သည်တော်တဦးလို့ ချီးကျူးလိုက်ပြီး စစ်မှန်တဲ့ မျိုးချစ်တဦး ဖြစ်တယ်လို့ သူ့ရဲ့ တွစ်တာစာမျက်နှာမှာ ဖော်ပြလိုက်ပါတယ်။

ဗိုလ်ချုပ်ကြီး Bipin Rawat ဟာ အိန္ဒိယ ကြည်း၊ ရေ၊ လေ တပ်မတော်အားလုံး စုစည်းမှုနဲ့ ပြုပြင်ပြောင်းလဲမှုနဲ့ အဆင့်တိုးမြှင့်မှုတွေကို ထူးချွန်စွာ လုပ်နိုင်ခဲ့သူအဖြစ် ထင်ရှားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG