သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နာဂကျေးရွာသား ၁၄ ဦးထက်မနည်းကို အိန္ဒိယတပ်ဖွဲ့က မှားယွင်းသတ်ဖြတ်

အိန္ဒိယစစ်သားအချို့။ (အောက်တိုဘာ ၇၊ ၂၀၂၁)
အိန္ဒိယစစ်သားအချို့။ (အောက်တိုဘာ ၇၊ ၂၀၂၁)

(Zawgyi / Unicode)

အိန္ဒိယတပ်ဖွဲ့တွေဟာ နိုင်ငံရဲ့ အရှေ့မြောက်ဘက် ဝေးလံသီခေါင်တဲ့ ဒေသတွေမှာ နေထိုင်တဲ့ အရပ်သား အနည်းဆုံး ၁၄ ဦးကို မှားမှားယွင်းယွင်း သတ်ဖြတ်မိခဲ့တယ်လို့ ရိုက်တာသတင်းတရပ်မှာ ဖော်ပြပါတယ်။

နာဂဒေသထဲမှာ တပ်ဖွဲ့ဝင်တွေရဲ့ အရမ်းကာရော ပစ်ခတ်မှုတွေကြောင့် အနည်းဆုံး အရပ်သား ၁၄ ဦးနဲ့ လုံခြုံရေးအဖွဲ့ဝင်တဦး သေဆုံးခဲ့တယ်လို့ အစိုးရနဲ့ စစ်ဘက်အရာရှိတွေက ပြောပါတယ်။

အိန္ဒိယပြည်ထဲရေးဝန်ကြီး Amit Shah ကတော့ ပြီးခဲ့တဲ့ စနေနေ့ည ဖြစ်စဉ်အတွင်း အရပ်သားတွေ အသတ်ခံရတယ်ဆိုတဲ့ သတင်းဆိုးကြောင့် သူ အလွန်အမင်း သောကရောက်ခဲ့ရတယ်လို့ ပြောပါတယ်။

စုံစမ်းစစ်ဆေးရေးတွေလုပ်ပြီး အပြစ်ပေးသွားမယ်လို့ နာဂဒေသဝန်ကြီးချုပ် Neiphiu Rio က ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း အနည်းဆုံး အရပ်သား တဒါဇင်နဲ့ လုံခြုံရေးအဖွဲ့ဝင်တချို့ ဒဏ်ရာရရှိခဲ့တယ်လို့လည်း နယူးဒေလီက ပြည်ထောင်စု ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

အစိုးရရဲ့ ဒေသတွင်း သူပုန်နှိမ်နင်းရေး ဆောင်ရွက်မှုတွေအတွင်း ဒေသခံ အပြစ်မဲ့ အရပ်သားတွေအပေါ် မှားမှားယွင်းယွင်း ပစ်မှတ်ထား တိုက်ခိုက်မှုတွေရှိတယ် ဆိုပြီးလည်း ဒေသခံ နာဂတွေ စွပ်စွဲတာတွေ အတော်များများ ရှိခဲ့ပါတယ်။

အခုဖြစ်ရပ်ဟာ မြန်မာနယ်စပ်အနီးက Oting ရွာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အိန္ဒိယအစိုးရဟာ သူပုန်ချေမှုန်းရေးအတွက် အာသံ ရိုင်ဖယ်တပ်ရင်းတွေကို အသုံးပြုနေတာလည်း ဖြစ်ပါတယ်။

မဏိပူရ၊ နာဂဒေသနဲ့ အာနချယ်ပရာဒေ့ ပြည်နယ်တွေရဲ့ နယ်စပ်တောအုပ်ထဲမှာ အခြေစိုက် သူပုန်အုပ်စုတွေကို မောင်းထုတ်ပေးဖို့ ပြီးခဲ့တဲ့နှစ်တွေအတွင်း အိန္ဒိယက မြန်မာအစိုးရကို ပြောဆိုခဲ့ပါတယ်။

----------------

(Unicode)










This item is part of
XS
SM
MD
LG