သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပင္လယ္ျပင္ဥပေဒအေပၚ တ႐ုတ္ရပ္တည္ခ်က္ အိႏၵိယ ေစာင္းေျမာင္းေဝဖန္


အိႏၵိယ ကာကြယ္ေရးဝန္ႀကီး Rajnath Singh. (မတ္ ၂၀၊ ၂၀၂၁)

(Zawgyi / Unicode)

တာဝန္မဲ့ ႏိုင္ငံတခ်ဳိ႕ဟာ ႏိုင္ငံတကာ ဥပေဒေတြကို အထူးသျဖင့္ UNCLOS ေခၚ ပင္လယ္ေရေၾကာင္း သြားလာမႈဆိုင္ရာ ကုလသမဂၢ ကြန္ဗန္းရွင္းပါ အခ်က္ေတြကို အားနည္းသြားေအာင္ ေတာက္ေလွ်ာက္ ႀကိဳးပမ္းေနၾကတယ္လို႔ အိႏၵိယ ကာကြယ္ေရးဝန္ႀကီး Rajnath Singh က တနဂၤေႏြေန႔မွာ စြပ္စဲြ ေျပာၾကားလိုက္ပါတယ္။

"သူတို႔ေတြကို တာဝန္မဲ့ ႏုိင္ငံေတြလို႔သာ က်ေနာ့္အေနနဲ႔ ေခၚခ်င္ပါတယ္။ အဲဒီႏိုင္ငံေတြဟာ ဗိုလ္က်စိုးမိုးလိုစိတ္နဲ႔ က်ဥ္းေျမာင္းတဲ့ တဖက္သတ္ အက်ဳိးစီးပြားအတြက္ ႏိုင္ငံတကာ ဥပေဒေတြကို မွားယြင္းစြာ အဓိပၸါယ္အသစ္ျဖစ္ေအာင္ ဖြင့္ဆိုေနၾကပါတယ္။" လို႔ ဝန္ႀကီး Singh က ေရတပ္အခမ္းအနားတခုမွာ ေျပာသြားတာပါ။

ေရေၾကာင္းသြားလာမႈမွာ အဓိကက်တဲ့ ႏိုင္ငံတခုအေနနဲ႔ သက္ဆိုင္တဲ့ႏိုင္ငံေတြ အားလုံးသေဘာတူမယ့္ ၿငိမ္းခ်မ္း ပြင့္လင္းၿပီး စည္းမ်ည္းေပၚ အေျခခံေသာ တည္ၿငိမ္မႈရွိတဲ့ ေရေၾကာင္းဆိုင္ရာ သတ္မွတ္ခ်က္ေတြကို အိႏၵိယက ေထာက္ခံအားေပးတယ္လို႔လည္း ဝန္ႀကီး Singh က ထပ္ေလာင္း ေျပာၾကားပါတယ္။

တ႐ုတ္ႏိုင္ငံကေတာ့ ေရေၾကာင္းသြားလာမႈ စည္းမ်ည္းသစ္ကို ၿပီးခဲ့တဲ့ ၾသဂုတ္လထဲ ထုတ္ျပန္ခဲ့ၿပီး စတုရန္းမိုင္ ၁ ဒသမ ၃ သန္း ပတ္လည္ရွိတဲ့ ေတာင္တ႐ုတ္ပင္လယ္ျပင္ကို သူတို႔ပိုင္တယ္လို႔ ေၾကညာခဲ့တာပါ။ တ႐ုတ္က ပိုင္တယ္လို႔ ေျပာလိုက္တဲ့ ပိုင္နက္ထဲမွာ ထိုင္ဝမ္ ေရလက္ၾကားလည္း ပါဝင္ေနၿပီး အေမရိကန္နဲ႔ သူ႔မဟာမိတ္ေတြက အဲဒီေဒသတဝိုက္ မၾကာခန ေရတပ္စစ္ေရးေလ့က်င့္မႈ လုပ္ခဲ့ပါတယ္။

တ႐ုတ္ကထုတ္ျပန္တဲ့ ေရေၾကာင္းစည္းမ်ည္းအသစ္ထဲမွာ တ႐ုတ္ရဲ႕အဆို သူ႔ပိုင္နက္ထဲ ႏိုင္ငံျခားသေဘၤာေတြရဲ႕ ဝင္ထြက္သြားလာမႈကို ထိန္းခ်ဳပ္ေရးေတြလည္း ပါဝင္ပါတယ္။ ဒါေပမယ့္ လုံၿခံဳေရးအရ ၿခိမ္းေျခာက္မႈ တစုံတရာ မရွိခဲ့ရင္ ဘယ္ ႏိုင္ငံျခားသေဘၤာ ဒါမွမဟုတ္ အျခား ဘယ္သေဘၤာကိုပဲျဖစ္ျဖစ္ သူတို႔ရဲ႕ ျဖတ္သန္းသြားလာမႈကို ကမ္း႐ိုးတန္းႏိုင္ငံေတြက တားဆီးပိုင္ခြင့္ မရွိဘူးလို႔ ၁၉၈၂ မွာ ျပ႒ာန္းတဲ့ UNCLOS ကုလသမဂၢစည္းမ်ည္းက ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ပင်လယ်ပြင်ဥပဒေအပေါ် တရုတ်ရပ်တည်ချက် အိန္ဒိယ စောင်းမြောင်းဝေဖန်

တာဝန်မဲ့ နိုင်ငံတချို့ဟာ နိုင်ငံတကာ ဥပဒေတွေကို အထူးသဖြင့် UNCLOS ခေါ် ပင်လယ်ရေကြောင်း သွားလာမှုဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗန်းရှင်းပါ အချက်တွေကို အားနည်းသွားအောင် တောက်လျှောက် ကြိုးပမ်းနေကြတယ်လို့ အိန္ဒိယ ကာကွယ်ရေးဝန်ကြီး Rajnath Singh က တနင်္ဂနွေနေ့မှာ စွပ်စွဲ ပြောကြားလိုက်ပါတယ်။

"သူတို့တွေကို တာဝန်မဲ့ နိုင်ငံတွေလို့သာ ကျနော့်အနေနဲ့ ခေါ်ချင်ပါတယ်။ အဲဒီနိုင်ငံတွေဟာ ဗိုလ်ကျစိုးမိုးလိုစိတ်နဲ့ ကျဉ်းမြောင်းတဲ့ တဖက်သတ် အကျိုးစီးပွားအတွက် နိုင်ငံတကာ ဥပဒေတွေကို မှားယွင်းစွာ အဓိပ္ပါယ်အသစ်ဖြစ်အောင် ဖွင့်ဆိုနေကြပါတယ်။" လို့ ဝန်ကြီး Singh က ရေတပ်အခမ်းအနားတခုမှာ ပြောသွားတာပါ။

ရေကြောင်းသွားလာမှုမှာ အဓိကကျတဲ့ နိုင်ငံတခုအနေနဲ့ သက်ဆိုင်တဲ့နိုင်ငံတွေ အားလုံးသဘောတူမယ့် ငြိမ်းချမ်း ပွင့်လင်းပြီး စည်းမျည်းပေါ် အခြေခံသော တည်ငြိမ်မှုရှိတဲ့ ရေကြောင်းဆိုင်ရာ သတ်မှတ်ချက်တွေကို အိန္ဒိယက ထောက်ခံအားပေးတယ်လို့လည်း ဝန်ကြီး Singh က ထပ်လောင်း ပြောကြားပါတယ်။

တရုတ်နိုင်ငံကတော့ ရေကြောင်းသွားလာမှု စည်းမျည်းသစ်ကို ပြီးခဲ့တဲ့ သြဂုတ်လထဲ ထုတ်ပြန်ခဲ့ပြီး စတုရန်းမိုင် ၁ ဒသမ ၃ သန်း ပတ်လည်ရှိတဲ့ တောင်တရုတ်ပင်လယ်ပြင်ကို သူတို့ပိုင်တယ်လို့ ကြေညာခဲ့တာပါ။ တရုတ်က ပိုင်တယ်လို့ ပြောလိုက်တဲ့ ပိုင်နက်ထဲမှာ ထိုင်ဝမ် ရေလက်ကြားလည်း ပါဝင်နေပြီး အမေရိကန်နဲ့ သူ့မဟာမိတ်တွေက အဲဒီဒေသတဝိုက် မကြာခန ရေတပ်စစ်ရေးလေ့ကျင့်မှု လုပ်ခဲ့ပါတယ်။

တရုတ်ကထုတ်ပြန်တဲ့ ရေကြောင်းစည်းမျည်းအသစ်ထဲမှာ တရုတ်ရဲ့အဆို သူ့ပိုင်နက်ထဲ နိုင်ငံခြားသင်္ဘောတွေရဲ့ ဝင်ထွက်သွားလာမှုကို ထိန်းချုပ်ရေးတွေလည်း ပါဝင်ပါတယ်။ ဒါပေမယ့် လုံခြုံရေးအရ ခြိမ်းခြောက်မှု တစုံတရာ မရှိခဲ့ရင် ဘယ် နိုင်ငံခြားသင်္ဘော ဒါမှမဟုတ် အခြား ဘယ်သင်္ဘောကိုပဲဖြစ်ဖြစ် သူတို့ရဲ့ ဖြတ်သန်းသွားလာမှုကို ကမ်းရိုးတန်းနိုင်ငံတွေက တားဆီးပိုင်ခွင့် မရှိဘူးလို့ ၁၉၈၂ မှာ ပြဋ္ဌာန်းတဲ့ UNCLOS ကုလသမဂ္ဂစည်းမျည်းက ဆိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG