သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏိၵယ သက္ေသခံကတ္ျပား အတုနဲ႔ ျမန္မာတခ်ိဳ႕ မဏိပူရမွာ အဖမ္းခံရ


(Zawgyi / Unicode)

ျမန္မာႏိုင္ငံနဲ႔ နယ္နိမိတ္ခ်င္းထိစပ္ေနတဲ့ အိႏိၵယႏိုင္ငံ မဏိပူရျပည္နယ္ မိုးေရးၿမိဳ႔မွာ ျမန္မာႏိုင္ငံသားေတြကို တစ္အိမ္တက္ဆင္း စစ္ေဆးရွာေဖြေနပါတယ္။ ဒီလအတြင္း ျမန္မာႏိုင္ငံသား ၄၀ ေက်ာ္ကို အိႏိၵယႏိုင္ငံထုတ္ သက္ေသခံကတ္ အတုေတြနဲ႔အတူ ဖမ္းဆီးရခဲ့ၿပီးေနာက္ ခုလို႐ွာေဖြေနတာျဖစ္တယ္လို႔ မဏိပူျပည္နယ္ေရာက္ ျမန္မာႏို္င္ငံသားေတြက ခန္႔မွန္းပါတယ္။ ရန္ကုန္ကလာတဲ့ သတင္းကို ကိုရဲမြန္ က ေျပာျပပါမယ္။

ျပည္တြင္း ႏိုင္ငံေရမတည္ၿငိမ္တာေၾကာင့္ အိႏိၵယ- ျမန္မာနယ္စပ္က မဏိပူရျပည္နယ္ မိုးေရးၿမိဳ႔ဘက္ကို ျမန္မာႏိုင္ငံသား ၂ေထာင္ေလာက္ ေရာက္ရိွ ခိုလံႈေနခ်ိန္မွာ အိႏိၵယရဲတပ္ဖဲြ႔က လိုက္လံ ရွာေဖြစစ္ေဆးေနပါတယ္။ ဒီလို လိုက္လံစစ္ေဆးေနတဲ့အေျခအေနကို မိုးေရးၿမိဳ႔မွာ ေရာက္ရိွေနတဲ့ ကူကီးအမ်ိဳးသမီးဆုိင္ရာ လူ႔အခြင့္အေရးအဖဲြ႔က တာ၀န္ရိွသူ ဗြီအိုေအ ကို အခုလို ေျပာပါတယ္။

“ အိမ္တိုင္ရာေရာက္ေပါ့ေနာ္။ စစ္ေဆးေနတာကေတာ့ မွန္တယ္ေပါ့ေနာ။ သူတုိ႔ စ စစ္တာကေတာ့ ဟိုးေအာက္ဘက္က ပန္ဂဲလ္ေပါ့။ ပန္ဂဲလ္ဗန္လို႔ ေခၚတယ္ေလ No. 2 ဂိတ္ဘက္ကေန စ စစ္တာ။ စစ္တာကေတာ့ ေတာက္ေလ်ာက္ဆက္ စစ္မွာတဲ့။”

ဒီလို စစ္ေဆးတာဟာ ဒီလပိုင္းအတြင္း အိႏိၵယႏိုင္ငံထုတ္ သက္ေသခံကတ္အတု ကိုင္ေဆာင္ထားသူ ျမန္မာႏိုင္ငံသား ၄၀ ေက်ာ္ ဖမ္းဆီးခံရတာနဲ႔ ဆက္စပ္ႏိုင္ေၾကာင္းလည္း သူ႔အျမင္ကို အခုလို ဆက္ေျပာပါတယ္။

“ ဘာေၾကာင့္ အဲလို လုပ္လာလဲဆို ၿပီးခဲ့တဲ့ ရက္ေတြကေပါ့ေနာ္။ သူတို႔ အိႏိၵယ ID ကတ္ေတြ အတုေတြ ကိုင္ၿပီးမွ ၾကြာရ္က်န္ပူ (Churachandpur)၊ လမ္ကားဘက္ သြားမယ့္ အဖဲြ႔ေတြ အေယာက္ ၂၄ ေယာက္ကို တခါ။ အဲဒီ ခူရင္သာဘီ ဂိတ္မွာေလေနာ္ အဲဒီမွာ သူတုိ႔ ဖမ္းမိတယ္။ ေနာက္တရက္မွာပဲ တုိက္တိုက္ဆိုင္ဆိုင္ လူ ၅ ေယာက္တခါ ျပန္ဖမ္းတယ္။ အဲဒီဟာ မတိုင္ခင္မွာလည္း ျပန္ၿပီးေတာ့ ေလဆိပ္မွာေပါ့ေနာ္ Imphal Airport မွာေပါ့ေနာ္ တခါ ID ကတ္အတုနဲ႔ေပါ့ေလ တခါ ေလယာဥ္ စီးမလုိ႔ လုပ္တဲ့ ျမန္မာႏိုင္ငံသားေတြေပါ့ အဲဒါမ်ိဳးေတြ႔တယ္ေပါ့။ အဲဒီအရိွန္ေၾကာင့္ေပ့ါေနာ္။ ဒီလုိမ်ိဳးျဖစ္ေနတယ္လို႔ လူေတာ္ေတာ္မ်ားမ်ားက ထင္ေနၾကတာေပါ့။”

လူ ၄၀ေက်ာ္ ဖမ္းဆီးခံရတာနဲ႔ပတ္သက္လို႔ အင္ဖာၿမိဳ႔မွာေနထိုင္တဲ့ ဦးသိန္းက အခုလို ေျပာပါတယ္။

“ ဟိုေန႔က ရကၠန္းသမား ၂၄ေယာက္ ၀င္လာတာေပါ့ေနာ္။ အဲဒီမတိုင္ခင္မွာ ၁၅ေယာက္ ေလယာဥ္ကြင္းမွာ။ အဲဒါလည္း တီးတိန္နဲ႔ တြန္းဇံက ကေလးေတြေနမွာ ၾကြာရ္က်န္ပူကေန ၀င္လာတာေနမွာ။ ေလယာဥ္ကြင္းမွာ မိလိုက္ေတာ့ ေယာက္်ားေလး ၁၄ေယာက္နဲ႔ မိန္းကေလးတစ္ေယာက္နဲ႔။ သူတို႔က UNHCR အစီအစဥ္နဲ႔ ႏိုင္ငံျခားထြက္ဖုိ႔ လုပ္တာ။ အဲဒါလည္း မွတ္ပံုတင္ဟာမ်ိဳး Aadhaar လို႔ေခၚတဲ့ ခုေနာက္ပိုင္းေခၚတဲ့ကတ္ဟာ အဲဒီေကာင္အတုနဲ႔ သူတုိ႔ လာလိုက္တယ္။ ဟုိေန႔က ၂၄ေယာက္ဟာလည္း အတုနဲ႔လာတယ္။ေနာက္ထပ္ ေနပါလီ ၄ေယာက္ဟာလည္း အတုနဲ႔ လာတာ။ ေဆးရံုလာျပတာ။”

Aadhaar (အဒါး)လို႔ေခၚတဲ့ ကတ္ဟာ အိႏိၵယႏိုင္ငံမွာ ေနထိုင္သူေတြကို လက္ရိွ အစိုးရလက္ထက္မွာ ထုတ္ေပးတဲ့ သက္ေသခံကတ္ျဖစ္ပါတယ္။

လက္ရိွ မိုးေရးၿမိဳ႔မွာ စစ္ေဆးေနတာဟာ ကသည္းလက္နက္ကိုင္ေတြက ဗံုးခဲြမယ္ဆုိတဲ့သတင္းေၾကာင့္လို႔ ေျပာဆိုတာေတြ ရိွေနေပမဲ့ သီးျခား အတည္ျပဳခ်က္ေတာ့ မရပါဘူး။

အိႏိၵယႏိုင္ငံထုတ္ သတင္းစာေတြမွာေတာ့ ေအာက္တိုဘာလ ၁ရက္ေန႔က အမ်ိဳးသမီး ၁ ေယာက္ အပါအ၀င္ ၁၄ေယာက္ကို အင္ဖာ ေလယာဥ္ကြင္းမွာ၊ ၆ရက္ေန႔မွာေတာ့ အမ်ိဳးသမီး ၁၄ ေယာက္နဲ႔ ကေလး ၃ေယာက္ အပါအ၀င္ လူ ၂၄ေယာက္ကို မိုးေရးၿမိဳ႔အနီး စစ္ေဆးေရးဂိတ္မွာနဲ႔ ၈ ရက္ေန႔ကေတာ့ အမ်ိဳးသမီး ၃ ေယာက္ပါအ၀င္ ၄ ေယာက္ကို စစ္ေဆးေရးဂိတ္မွာ Aadhaar (အဒါး)ေခၚ သက္ေသခံကတ္အတုနဲ႔ အတူ ဖမ္းဆီးရမိေၾကာင္း ေဖာ္ျပပါတယ္။

ျမန္မာႏိုင္ငံမွာ ေဖေဖာ္၀ါရီလ ၁ရက္ေန႔ စစ္တပ္က အာဏာသိမ္းၿပီးတဲ့ေနာက္မွာေတာ့ အိႏိၵယႏိုင္ငံ မဏိပူရနဲ႔ မီဇိုရမ္ စတဲ့ျပည္နယ္ေတြကို ျမန္မာႏိုင္ငံသားေတြ ၀င္ေရာက္ခိုလံႈေနတာရိွေနတာပါ။ ေလာေလာဆည္ မဏိပူရျပည္နယ္မွာေတာ့ ၂ေထာင္နီးပါးရိွၿပီး မီဇိုရမ္ျပည္နယ္မွာေတာ့ ခန္႔မွန္းေျခ ၁၂,၀၀၀ ေလာက္ ခိုလႈံေနတာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

အိန္ဒိယ သက်သေခံကတ်ပြား အတုနဲ့ မြန်မာတချို့ မဏိပူရမှာ အဖမ်းခံရ

မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် မိုးရေးမြို့မှာ မြန်မာနိုင်ငံသားတွေကို တစ်အိမ်တက်ဆင်း စစ်ဆေးရှာဖွေနေပါတယ်။ ဒီလအတွင်း မြန်မာနိုင်ငံသား ၄၀ ကျော်ကို အိန္ဒိယနိုင်ငံထုတ် သက်သေခံကတ် အတုတွေနဲ့အတူ ဖမ်းဆီးရခဲ့ပြီးနောက် ခုလိုရှာဖွေနေတာဖြစ်တယ်လို့ မဏိပူပြည်နယ်ရောက် မြန်မာနိုင်ငံသားတွေက ခန့်မှန်းပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းကို ကိုရဲမွန် က ပြောပြပါမယ်။

ပြည်တွင်း နိုင်ငံရေမတည်ငြိမ်တာကြောင့် အိန္ဒိယ- မြန်မာနယ်စပ်က မဏိပူရပြည်နယ် မိုးရေးမြို့ဘက်ကို မြန်မာနိုင်ငံသား ၂ထောင်လောက် ရောက်ရှိ ခိုလှုံနေချိန်မှာ အိန္ဒိယရဲတပ်ဖွဲ့က လိုက်လံ ရှာဖွေစစ်ဆေးနေပါတယ်။ ဒီလို လိုက်လံစစ်ဆေးနေတဲ့အခြေအနေကို မိုးရေးမြို့မှာ ရောက်ရှိနေတဲ့ ကူကီးအမျိုးသမီးဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့က တာဝန်ရှိသူ ဗွီအိုအေ ကို အခုလို ပြောပါတယ်။

“ အိမ်တိုင်ရာရောက်ပေါ့နော်။ စစ်ဆေးနေတာကတော့ မှန်တယ်ပေါ့နော။ သူတို့ စ စစ်တာကတော့ ဟိုးအောက်ဘက်က ပန်ဂဲလ်ပေါ့။ ပန်ဂဲလ်ဗန်လို့ ခေါ်တယ်လေ No. 2 ဂိတ်ဘက်ကနေ စ စစ်တာ။ စစ်တာကတော့ တောက်လျောက်ဆက် စစ်မှာတဲ့။”

ဒီလို စစ်ဆေးတာဟာ ဒီလပိုင်းအတွင်း အိန္ဒိယနိုင်ငံထုတ် သက်သေခံကတ်အတု ကိုင်ဆောင်ထားသူ မြန်မာနိုင်ငံသား ၄၀ ကျော် ဖမ်းဆီးခံရတာနဲ့ ဆက်စပ်နိုင်ကြောင်းလည်း သူ့အမြင်ကို အခုလို ဆက်ပြောပါတယ်။

“ ဘာကြောင့် အဲလို လုပ်လာလဲဆို ပြီးခဲ့တဲ့ ရက်တွေကပေါ့နော်။ သူတို့ အိန္ဒိယ ID ကတ်တွေ အတုတွေ ကိုင်ပြီးမှ ကြွာရ်ကျန်ပူ (Churachandpur)၊ လမ်ကားဘက် သွားမယ့် အဖွဲ့တွေ အယောက် ၂၄ ယောက်ကို တခါ။ အဲဒီ ခူရင်သာဘီ ဂိတ်မှာလေနော် အဲဒီမှာ သူတို့ ဖမ်းမိတယ်။ နောက်တရက်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် လူ ၅ ယောက်တခါ ပြန်ဖမ်းတယ်။ အဲဒီဟာ မတိုင်ခင်မှာလည်း ပြန်ပြီးတော့ လေဆိပ်မှာပေါ့နော် Imphal Airport မှာပေါ့နော် တခါ ID ကတ်အတုနဲ့ပေါ့လေ တခါ လေယာဉ် စီးမလို့ လုပ်တဲ့ မြန်မာနိုင်ငံသားတွေပေါ့ အဲဒါမျိုးတွေ့တယ်ပေါ့။ အဲဒီအရှိန်ကြောင့်ပေ့ါနော်။ ဒီလိုမျိုးဖြစ်နေတယ်လို့ လူတော်တော်များများက ထင်နေကြတာပေါ့။”

လူ ၄၀ကျော် ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ အင်ဖာမြို့မှာနေထိုင်တဲ့ ဦးသိန်းက အခုလို ပြောပါတယ်။

“ ဟိုနေ့က ရက္ကန်းသမား ၂၄ယောက် ဝင်လာတာပေါ့နော်။ အဲဒီမတိုင်ခင်မှာ ၁၅ယောက် လေယာဉ်ကွင်းမှာ။ အဲဒါလည်း တီးတိန်နဲ့ တွန်းဇံက ကလေးတွေနေမှာ ကြွာရ်ကျန်ပူကနေ ဝင်လာတာနေမှာ။ လေယာဉ်ကွင်းမှာ မိလိုက်တော့ ယောက်ျားလေး ၁၄ယောက်နဲ့ မိန်းကလေးတစ်ယောက်နဲ့။ သူတို့က UNHCR အစီအစဉ်နဲ့ နိုင်ငံခြားထွက်ဖို့ လုပ်တာ။ အဲဒါလည်း မှတ်ပုံတင်ဟာမျိုး Aadhaar လို့ခေါ်တဲ့ ခုနောက်ပိုင်းခေါ်တဲ့ကတ်ဟာ အဲဒီကောင်အတုနဲ့ သူတို့ လာလိုက်တယ်။ ဟိုနေ့က ၂၄ယောက်ဟာလည်း အတုနဲ့လာတယ်။နောက်ထပ် နေပါလီ ၄ယောက်ဟာလည်း အတုနဲ့ လာတာ။ ဆေးရုံလာပြတာ။”

Aadhaar (အဒါး)လို့ခေါ်တဲ့ ကတ်ဟာ အိန္ဒိယနိုင်ငံမှာ နေထိုင်သူတွေကို လက်ရှိ အစိုးရလက်ထက်မှာ ထုတ်ပေးတဲ့ သက်သေခံကတ်ဖြစ်ပါတယ်။

လက်ရှိ မိုးရေးမြို့မှာ စစ်ဆေးနေတာဟာ ကသည်းလက်နက်ကိုင်တွေက ဗုံးခွဲမယ်ဆိုတဲ့သတင်းကြောင့်လို့ ပြောဆိုတာတွေ ရှိနေပေမဲ့ သီးခြား အတည်ပြုချက်တော့ မရပါဘူး။

အိန္ဒိယနိုင်ငံထုတ် သတင်းစာတွေမှာတော့ အောက်တိုဘာလ ၁ရက်နေ့က အမျိုးသမီး ၁ ယောက် အပါအဝင် ၁၄ယောက်ကို အင်ဖာ လေယာဉ်ကွင်းမှာ၊ ၆ရက်နေ့မှာတော့ အမျိုးသမီး ၁၄ ယောက်နဲ့ ကလေး ၃ယောက် အပါအဝင် လူ ၂၄ယောက်ကို မိုးရေးမြို့အနီး စစ်ဆေးရေးဂိတ်မှာနဲ့ ၈ ရက်နေ့ကတော့ အမျိုးသမီး ၃ ယောက်ပါအဝင် ၄ ယောက်ကို စစ်ဆေးရေးဂိတ်မှာ Aadhaar (အဒါး)ခေါ် သက်သေခံကတ်အတုနဲ့ အတူ ဖမ်းဆီးရမိကြောင်း ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာတော့ အိန္ဒိယနိုင်ငံ မဏိပူရနဲ့ မီဇိုရမ် စတဲ့ပြည်နယ်တွေကို မြန်မာနိုင်ငံသားတွေ ဝင်ရောက်ခိုလှုံနေတာရှိနေတာပါ။ လောလောဆည် မဏိပူရပြည်နယ်မှာတော့ ၂ထောင်နီးပါးရှိပြီး မီဇိုရမ်ပြည်နယ်မှာတော့ ခန့်မှန်းခြေ ၁၂,၀၀၀ လောက် ခိုလှုံနေတာလည်း ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG