သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ၁၂ ဦးပါ သင်္ကမကင်းဖွယ်လှေတစင်း အိန္ဒိယကမ်းစောင့်တပ် ဖမ်းဆီး

အိန္ဒိယကမ်းခြေစောင့်တပ် ရေယာဉ်တစီး။
အိန္ဒိယကမ်းခြေစောင့်တပ် ရေယာဉ်တစီး။

(Zawgyi / Unicode)

အိန္ဒိယသမုဒ္ဒရာထဲက Andaman နဲ့ Nicobar ကျွန်းစုနားမှာ သံသယဖြစ်ဖွယ် မြန်မာနိုင်ငံသား ၁၂ ဦးပါတဲ့ လှေငယ်တစင်းကို အိန္ဒိယ ကမ်းရိုးတန်းစောင့်တပ်က ဖမ်းဆီးလိုက်ကြောင်း စနေနေ့ အိန္ဒိယနိုင်ငံထုတ် ANI သတင်းမှာ ဖော်ပြပါတယ်။

မြန်မာတွေပါတဲ့ လှေငယ်ကို အိန္ဒိယ ကင်းလှည့်ရဟတ်ယာဉ်တစင်းက စတင် ရှာတွေ့ခဲ့ပြီးနောက် မြန်မာ ၁၂ ဦးကို စစ်ဆေးဖို့ အိန္ဒိယကျွန်းစုရဲ့ Port Blair မြို့ကို ခေါ်ဆောင်သွားပြီ ဖြစ်ပါတယ်။ ကမ်းရိုးတန်းစောင့်တပ်က တင်ထားတဲ့ ဗွီဒီယိုထဲမှာတော့ မြန်မာလှေဟာ အမိုးအကာမပါတဲ့ ကူးတို့လှေ အကြီးစားအရွယ်လောက်သာ ရှိတာပါ။

အောက်တိုဘာ ၂၄ ရက်နေ့တုန်းကလည်း အိန္ဒိယ ရေပိုင်နက်ထဲဝင်ပြီး ငါးခိုးဖမ်းတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သီရိလင်္ကာနိုင်ငံသား ၆ ဦးကို အိန္ဒိယ ကမ်းရိုးတန်းစောင့်တပ်က ဖမ်းဆီးခဲ့တာပါ။ အဲဒီတုန်းကလည်း ကင်းလှည့်ရဟတ်ယာဉ်က ကမ်းရိုးတန်းစောင့်တပ် ရေယာဉ်ကို လှမ်းအကြောင်းကြားခဲ့ပြီး အိန္ဒိယရေပိုင်နက်ထဲ ဝင်လာတဲ့အတွက် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ အိန္ဒိယ ကမ်းရိုးတန်းစောင့် တပ်မှူး C Vivekananda က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းကလည်း တရားမဝင် ကုန်ပစ္စည်းတွေ သယ်ဆောင်လာတဲ့ မြန်မာလှေတစင်းကို Andaman ကျွန်းရဲ့ အရှေ့ဘက် ၁၂၅ မိုင်လောက်မှာ ကမ်းရိုးတန်းစောင့်တပ်က ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာ ၁၂ ဦးပါ သင်္ကမကင်းဖွယ်လှေတစင်း အိန္ဒိယကမ်းစောင့်တပ် ဖမ်းဆီး
please wait

No media source currently available

0:00 0:00:53 0:00
တိုက်ရိုက် လင့်ခ်

---------------------------

(Unicode)






This item is part of
XS
SM
MD
LG