သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီးနှံဈေးနှုန်း အာမခံချက်ရရေး အိန္ဒိယလယ်သမားတွေ နယူးဒေလီမှာဆန္ဒပြ


သီးနှံဈေးနှုန်း အာမခံချက်ရရေး အိန္ဒိယလယ်သမားတွေ နယူးဒေလီမြို့မှာဆန္ဒပြနေစဉ် (မတ် ၁၄၊ ၂၀၂၄)
သီးနှံဈေးနှုန်း အာမခံချက်ရရေး အိန္ဒိယလယ်သမားတွေ နယူးဒေလီမြို့မှာဆန္ဒပြနေစဉ် (မတ် ၁၄၊ ၂၀၂၄)

အိန္ဒိယနိုင်ငံက ထောင်ပေါင်းများစွာသော တောင်သူ လယ်သမားတွေဟာ သူတို့ စိုက်ပျိုးရောင်းချတဲ့ သီးနှံဈေးနှုန်းတွေ အမြတ်အစွန်းရစေရေး အာမခံတဲ့ ဥပဒေတရပ် ပြဋ္ဌာန်းပေးရေးတောင်းဆိုဖို့ မြို့တော် နယူးဒေလီမှာ ဒီကနေ့ မတ်လ ၁၄ ရက်နေ့မှာ စုဝေး ဆန္ဒပြနေကြပါတယ်။​

လယ်ထွန်စက်မျိုးစုံနဲ့ လာကြတဲ့ ဒီလယ်သမားတွေ ဒေလီမြို့ထဲ ဝင်လို့မရအောင် အစိုးရက အင်္ဂတေတုံးတွေနဲ့ သီတင်းပတ်အတော်ကြာကြာ ပိတ်ဆို့ ဟန့်တားခြင်းခံထားခဲ့ရပြီးတဲ့နောက်မှာ အဲဒီ ထွန်စက်တွေကို မသုံးတော့ဘဲ ဘတ်စ်ကားနဲ့ ရထားအပါအဝင် နည်းလမ်းမျိုးစုံနဲ့ စုဝေး ရောက်ရှိလာကြတာပါ။

လယ်သမားတွေအနေနနဲ့ သူတို့ထွန်စက်တွေကို ဒေလီမြို့ထဲ မောင်းဝင်မလာရင် မြို့ထဲဝင်ခွင့်ပြုမယ်ဆိုတဲ့ အစိုးရဘက်က ကန့်သတ်ချက်ကို သဘောတူပြီးတဲ့နောက်မှာ လယ်သမားတွေ အခုလို မြို့ထဲ ဝင်လာခွင့်ရတာပါ။ ဒါ့အပြင် ရဲတွေနဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေဖြစ်မှာကို စိုးရိမ်တဲ့အတွက် သူတို့အနေနဲ့ တုတ်တွေ သယ်လာခွင့်မရှိ၊​ လူ ၅,၀၀၀ ထက်ပိုပြီး ဒီဆန္ဒပြပွဲမှာ မပါဝင်ရ စတဲ့ ကန့်သတ်ချက်တွေကို သဘောတူခဲ့ကြရပါတယ်။

လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေအတွက် လျှပ်စစ်မီး အခမဲ့ပေးရေး တောင်းဆိုထားတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ထားကြပါတယ်။​ ဒါ့အပြင် လယ်သမားတွေရဲ့ ၃ ပုံ ၂ ပုံဟာ စိုက်ပျိုးမြေ တဟက်တာအောက် ပိုင်ဆိုင်ကြတာကြောင့် သူတို့ရဲ့ ထွက်ကုန်တွေ အမြတ်အစွန်း ရစေမယ့် ဈေးနှုန်း သတ်မှတ်ပေးထားဖို့၊ အဲဒီလိုမှ သတ်မှတ်မပေးရင် ဈေးကွက်ပေါက်ဈေးအပေါ်မူတည်ပြီး လယ်သမား အများစု ဘေးဒုက္ခရောက်နိုင်တယ်လို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံမှာ လာမဲ့ဧပြီ နဲ့ မေလ တွေမှာ အထွေထွေရွေးကောက်ပွဲတွေ ကျင်းပဖို့ရှိနေတဲ့ အရေးပါတဲ့အချိန်ကို ရွေးပြီး လယ်သမားတွေက အခုလို တောင်းဆို ဆန္ဒပြကြတာပါ။ ဒီရွေးကောက်ပွဲမှာ လက်ရှိအာဏာရ ဝန်ကြီးချုပ် Narendra Modi ရဲ့ပါတီက အပြတ်အသတ် အနိုင်ရလိမ့်မယ်လို့ အကဲခတ်တွေက ခန့်မှန်းထားကြပါတယ်။​

Forum

XS
SM
MD
LG