သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီးနှံဈေးနှုန်းအာမခံမယ့် အစိုးရအဆိုပြုချက် ဆန္ဒပြအိန္ဒိယလယ်သမားတွေ ပယ်ချ 


အိန္ဒိယ ကုန်သွယ်စီးပွါးအဖွဲ့ပေါင်းစုံက အဖွဲ့ဝင်တွေ စုရုံးဆန္ဒပြနေစဥ်။ (ဖေဖေါ်ဝါရီ ၁၆။ ၂၀၂၄)
Members of various trade unions and opposition political parties gather in support of countrywide rural strike called by farmers in Hyderabad, India, Feb. 16, 2024.

သူတို့သီးနှံတွေအတွက် အာမခံစျေးနှုန်းနဲ့ စာချုပ်ချုပ်ပေးမယ်လို့ အစိုးရက အဆိုပြုတာကို မြို့တော်နယူးဒေလီအပြင်မှာ စခန်းချသပိတ်မှောက်နေကြတဲ့ အိန္ဒိယလယ်သမားတွေက ပယ်ချလိုက်ပါတယ်

ပဲအမျိုးမျိုး၊ အစေ့အဆန်ခြောက် အမျိုးမျိုး၊ ပြောင်းနဲ့ဝါ အစရှိတဲ့သီးနှံအတော်များများအတွက် အာမခံစျေးနှုန်း ငါးနှစ်စာချုပ်ကို အစိုးရကပံ့ပိုးတဲ့ သမဝါယမတွေကတဆင့်ဝယ်ယူမယ်လို့ အစိုးရက ကမ်းလှမ်းခဲ့တာပါ။ ဒါပေမဲ့ သူတို့ ရဲ့သီးနှံအားလုံးအတွက် စျေးနှုန်းအာမခံဖို့ တောင်းဆိုချက်အတိုင်း ဆက်လက်ရပ်တည်မှာဖြစ်တယ်လို့ လယ်သမားသပိတ်ခေါင်းဆောင်က တနင်္လာနေ့ နှောင်းပိုင်း မှာ ကြေညာပါတယ်။

ဗုဒ္ဓဟူးနေ့မှာ နယူးဒေလီမြို့ထဲကို ထပ်မံ ချီတက်ကြမယ်လို့လည်း လယ်သမားတွေက ပြောကြပါတယ်။ မြောက်ပိုင်းမှာရှိတဲ့ ပန်ဂျပ်နဲ့ ဟာယားနားပြည်နယ် က လယ်သမားတွေဦးဆောင်ပြီး ပြီးခဲ့တဲ့အပတ်က ချီတက် ဆန္ဒပြခဲ့ကြတာပါ။

အာမခံစျေးအပြင် အစိုးရက ပေးထားတဲ့ကတိတွေတည်ဖို့လည်း လယ်သမားတွေက တောင်းဆိုကြပါတယ်။ အဲဒီကတိတွေကတော့ ဝင်ငွေ ၂ ဆတိုးရေး၊ လယ်သမားတွေနဲ့ လယ်ယာလုပ်သားတွေကို ပင်စင်ပေးရေးနဲ့ လယ်သမားတွေ ယူထားတဲ့ချေးငွေတွေ လျှော်ပေးရေး ဖြစ်ကြပါတယ်။

XS
SM
MD
LG