သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယရဲ့ နိုင်ငံသားဖြစ်ခွင့်ဥပဒေကို လူ့အခွင့်အရေးအဖွဲ့တွေ ဝေဖန်


အိန္ဒိယဝန်ကြီးချုပ် Narendra Modi ရဲ့ ဟိန္ဒူအမျိုးသားရေးဝါဒီ ပါတီ Bharatiya Janata Party (BJP) ထောက်ခံကြသူများ (မတ် ၇၊ ၂၀၂၄)
အိန္ဒိယဝန်ကြီးချုပ် Narendra Modi ရဲ့ ဟိန္ဒူအမျိုးသားရေးဝါဒီ ပါတီ Bharatiya Janata Party (BJP) ထောက်ခံကြသူများ (မတ် ၇၊ ၂၀၂၄)

အိန္ဒိယနိုင်ငံမှာ ပြဋ္ဌာန်းလိုက်တဲ့ ဘာသာရေးအခြေခံ နိုင်ငံသားဖြစ်ခွင့် ဥပဒေ ပြင်ဆင်ချက်ဟာ မြန်မာနိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်တွေအပါအဝင် အာရှနိုင်ငံတွေက မူဆလင်လူနည်းစုတွေကို ခွဲခြား ကန့်သတ်ဖို့ ရည်ရွယ်တာဆိုပြီး လူ့အခွင့်အရေးအဖွဲ့တွေက ကန့်ကွက်နေပါတယ်။

ဒီ နိုင်ငံသားဖြစ်ခွင့် ဥပဒေနဲ့ပတ်သက်လို့ စိုးရိမ်တဲ့အကြောင်း ကုလသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စုတို့က မနေ့က ပြောဆိုပါတယ်။ တနင်္လာနေ့က အိန္ဒိယအစိုးရ အတည်ပြုလိုက်တဲ့ ၂၀၁၉ ခုနှစ် နိုင်ငံသား ဥပဒေပြင်ဆင်ချက်ဟာ အခြေခံအားဖြင့် ခွဲခြားဆက်ဆံတဲ့ သဘောသဘာဝ ရှိနေတဲ့အကြောင်း ကမ္ဘာ့ကုလသမဂ္ဂကိုယ်တိုင်ကလည်း ပြောဆိုထားပါတယ်။

ဥပဒေအရ မူဆလင်အများစုရှိတဲ့ တောင်အာရှနိုင်ငံတွေ ဖြစ်တဲ့ အာဖဂန်နစ္စတန်၊ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေက ဒုက္ခသည်တွေထဲမှာ မူဆလင်မဟုတ်တဲ့သူတွေကိုပဲ နိုင်ငံသားအဖြစ် လွယ်လွယ်ကူကူ ခွင့်ပြုမှာ ဖြစ်ပါတယ်။ အဲဒီနိုင်ငံတွေက Shia မူဆလင်တွေကို နိုင်ငံသားဖြစ်ခွင့်ကနေ ချန်ထားနိုင်သလို မြန်မာနိုင်ငံက ရိုဟင်ဂျာ မူဆလင်တွေကိုလည်း အလားတူ နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်နိုင်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောဆိုဝေဖန်နေကြတာပါ။

အိန္ဒိယနိုင်ငံမှာ ရွေးကောက်ပွဲ မကျင်းပခင် သီတင်းပတ် အနည်းငယ်အလိုမှာပဲ ဝန်ကြီးချုပ် Narendra Modi ရဲ့ ဟိန္ဒူအမျိုးသားရေးဝါဒီ ပါတီ Bharatiya Janata Party (BJP) အစိုးရက မွတ်ဆလင်လူနည်းစု ဒုက္ခသည်တွေကို ခွဲခြားတဲ့ ဒီ ဥပဒေကို မဖြစ်ဖြစ်အောင် အတည်ပြုဖို့ တွန်းအားပေးနေခဲ့ပါတယ်။

အိန္ဒိယရဲ့ နိုင်ငံသားဖြစ်ခွင့်ဥပဒေကို လူ့အခွင့်အရေးအဖွဲ့တွေ ဝေဖန်
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG