သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အငြင်းပွားနယ်စပ်အရေး တရုတ်နဲ့အိန္ဒိယကြား အပြန်အလှန်စကားထိုးနှက်


သတင်းစာရှင်းလင်းပွဲတခုအတွင်းတွေ့ရတဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Wang Wenbin (မေ ၉၊ ၂၀၂၃)
သတင်းစာရှင်းလင်းပွဲတခုအတွင်းတွေ့ရတဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Wang Wenbin (မေ ၉၊ ၂၀၂၃)

နှစ်နိုင်ငံ အငြင်းပွါးနေတဲ့နေရာကို အိန္ဒိယဝန်ကြီးချုပ်သွားရောက်ခဲ့တဲ့အတွက် တရုတ်က ကန့်ကွက်ခဲ့တာကို အိန္ဒိယကပယ်ချလိုက်ပါတယ်။ ဒီနေရာက အိန္ဒိယ အရှေ့မြောက်ပိုင်း အရူနာချယ် ပရာဒက်ပြည်နယ်ကို တရုတ်က သူပိုင်နယ်မြေ Zangnan လို့ ပြောနေတာပါ။ ဒီ‌နေရာကို အိန္ဒိယဝန်ကြီးချုပ် နရိန္ဒြာ မိုဒီ သွားရောက်လည်ပတ်ခဲ့တာကြောင့် တရုတ်က ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။

တရုတ်နဲ့အိန္ဒိယကြား နယ်မြေအငြင်းပွါးပြီး စစ်တပ်ချင်း ထိပ်တိုက်တည်ထားခဲ့ကြတာ ၄ နှစ်ရှိခဲ့ပါပြီ။ အရူနာချယ် ပရာဒက်ရှ်ဟာ အိန္ဒိယရဲ့နယ်မြေဖြစ်ခဲ့ပြီး ဆက်ဖြစ်လိမ့်မယ်ဆိုတဲ့ အမှန်တရားကတော့ ပြောင်းသွားမှာ မဟုတ်ပါဘူးလို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Randhir Jaiswal က ပြောပါတယ်။

မီတာ ၄,၀၀၀ အမြင့်မှာရှိတဲ့ ၂ လမ်းသွား လှိုဏ်ဂူဖွင့်ပွဲကို ဝန်ကြီးချုပ်မိုဒီက စနေနေ့မှာ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီလမ်းဟာ ဟိမဝန္တာတောင်တန်းဒေသ ကို နှစ်ပေါက်သွားနိုင်တဲ့လမ်းဖြစ်လာမှာပါ။ တရုတ်နဲ့အိန္ဒိယကြား ကီလိုမီတာ ၃,၅၀၀ နယ်စပ်တလျှေက် လမ်းတံတားတွေကို အိန္ဒိယက ဖောက်လုပ်ခဲ့ပါတယ်။

ခုလို ဝန်ကြီးချုပ်သွားရောက်တာကို အလွန့်ကို ဝမ်းနည်းဆန့်ကျင်ပါကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန Wang Wenbin က တနင်္လာနေ့တုန်းက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ Zangnan ဒေသမှာ စိတ်ထင်သလို ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဖို့ အိန္ဒိယမှာ အခွင့်အရေးမရှိဘူးလို့ Wang Wenbin က ဆိုပါတယ်။

အငြင်းပွားနယ်စပ်အရေး တရုတ်နဲ့အိန္ဒိယကြား အပြန်အလှန်စကားထိုးနှက်
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG