[[ Zawgyi ]]
အိႏိၵယႏိုင္ငံ ေျမာက္ပိုင္း Uttarakhand ျပည္နယ္မွာ မိုးသည္းထန္ ေရႀကီးမႈေတြေၾကာင့္ လူ ၄ဝ နီးပါး ေသဆုံးၿပီး အမ်ားအျပား ေပ်ာက္ဆုံးေနေၾကာင္း ေဒသအာဏာပိုင္ေတြက ဗုဒၶဟူးေန႔က ေျပာပါတယ္။
ကယ္ဆယ္ေရး လုပ္သားေတြကေတာ့ ညလုံးေပါက္ လူေတြ အႏၱရာယ္လြတ္ရာကို ကယ္ထုတ္ေပးေနသလို ၊ အေလာင္းေတြကိုလည္း ရွာေဖြေနၾကပါတယ္။
Nainital ၿမိဳ႕မွာ အနည္းဆုံး ၂၈ ဦးေသဆုံးကာ Ramgarh ခရိုင္မွာဆိုရင္ တမိသားစုထဲကေန ၉ ဦးေသဆုံးခဲ့ပါတယ္။ ၃ ရက္ဆက္တိုက္ မိုးဆက္တိုက္ ရြာသြန္းခဲ့ရာက ေရႀကီးမႈေတြ ၾကံဳခဲ့ရၿပီး၊ လမ္း၊ တံတား ပ်က္စီးမႈေတြ ေျမၿပိဳမႈေတြလည္း ၾကံဳေနရတာပါ။ ေရႀကီးမႈေၾကာင့္ စိုက္ပ်ဳိးသီးႏွံေတြလည္း ပ်က္စီးကုန္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။
အိႏိၵယဝန္ႀကီးခ်ဳပ္ Narendra Modi ကလည္း ေသဆုံးမႈေတြ မ်ားျပားခဲ့တဲ့အေပၚ စိတ္မေကာင္း ျဖစ္ရေၾကာင္း Twitter လူမႈကြန္ရက္ကေန ေျပာလိုက္ပါတယ္။
အိႏၵိယႏိုင္ငံ မိုးေလ၀သဌာနကေတာ့ မိုးရြာသြန္းမႈေတြ ဗုဒၶဟူးေန႔ကစ ေလ်ာ့သြားလိမ့္မယ္လို႔ ခန္႔မွန္းထားပါတယ္။
{{ Unicode }}
အိန္ဒိယမှာ မိုးကြီးရေလျှံမှုကြောင့် လူ ၄၀ ခန့်သေဆုံး
အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttarakhand ပြည်နယ်မှာ မိုးသည်းထန် ရေကြီးမှုတွေကြောင့် လူ ၄ဝ နီးပါး သေဆုံးပြီး အများအပြား ပျောက်ဆုံးနေကြောင်း ဒေသအာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
ကယ်ဆယ်ရေး လုပ်သားတွေကတော့ ညလုံးပေါက် လူတွေ အန္တရာယ်လွတ်ရာကို ကယ်ထုတ်ပေးနေသလို ၊ အလောင်းတွေကိုလည်း ရှာဖွေနေကြပါတယ်။
Nainital မြို့မှာ အနည်းဆုံး ၂၈ ဦးသေဆုံးကာ Ramgarh ခရိုင်မှာဆိုရင် တမိသားစုထဲကနေ ၉ ဦးသေဆုံးခဲ့ပါတယ်။ ၃ ရက်ဆက်တိုက် မိုးဆက်တိုက် ရွာသွန်းခဲ့ရာက ရေကြီးမှုတွေ ကြုံခဲ့ရပြီး၊ လမ်း၊ တံတား ပျက်စီးမှုတွေ မြေပြိုမှုတွေလည်း ကြုံနေရတာပါ။ ရေကြီးမှုကြောင့် စိုက်ပျိုးသီးနှံတွေလည်း ပျက်စီးကုန်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အိန္ဒိယဝန်ကြီးချုပ် Narendra Modi ကလည်း သေဆုံးမှုတွေ များပြားခဲ့တဲ့အပေါ် စိတ်မကောင်း ဖြစ်ရကြောင်း Twitter လူမှုကွန်ရက်ကနေ ပြောလိုက်ပါတယ်။
အိန္ဒိယနိုင်ငံ မိုးလေဝသဌာနကတော့ မိုးရွာသွန်းမှုတွေ ဗုဒ္ဓဟူးနေ့ကစ လျော့သွားလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။