သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအတွက် ကိုဗစ်ဆေး ၁ သန်း အိန္ဒိယလှူဒါန်း


မြန်မာအတွက် ကိုဗစ်ဆေး (၁၀) သန်း အိန္ဒိယလှူဒါန်း
မြန်မာအတွက် ကိုဗစ်ဆေး (၁၀) သန်း အိန္ဒိယလှူဒါန်း

{{Zawgyi/Unicode}}

အိန္ဒိယနိုင်ငံခြားရေး အတွင်းဝန် Shri Harsh Vardhan Shringla ရဲ့ ၂ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ် ပထမနေ့မှာပဲ မြန်မာနိုင်ငံအတွက် ကိုဗစ်ကာကွယ်ဆေး ၁ သန်း လှူဒါန်းလိုက်ကြောင်း အိန္ဒိယသံရုံးက ဗုဒ္ဓဟူးနေ့မှာပဲ သတင်းထုတ်ပြန်ပါတယ်။ အိန္ဒိယမြန်မာနယ်စပ် ပြည်သူများအပါအဝင် မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ကာကွယ်ရေးအတွက် အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး ၁ သန်းကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းထံ ပေးအပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့တာပါ။

မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီလ စစ်တပ်ကအာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ် အိန္ဒိယအစိုးရတာဝန်ရှိသူတဦးရဲ့ ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ အိန္ဒိယနိုင်ငံခြားရေး အတွင်းဝန်ရဲ့ ခရီးစဉ်မှာတော့ မြန်မာစစ်အာဏာပိုင်တွေနဲ့ တွေ့ဆုံပြီး၊ လူသားချင်း စာနာမှုဆိုင်ရာ ကိစ္စတွေ ၂ နိုင်ငံနယ်စပ် လုံခြုံရေး ကိစ္စတွေနဲ့ မြန်မာနိုင်ငံက

နိုင်ငံရေးအခြေအနေတွေကို ဆွေးနွေးမှာဖြစ်ကြောင်း ခရီးစဉ်မတိုင်ခင်မှာပဲ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်ဟာ မြန်မာနိုင်ငံမှာရောက်ရှိစဉ် နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမှာဖြစ်တယ်လို့လည်း ဖော်ပြထားတာပါ။

ဧပြီလထဲမှာတုန်းကတော့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေအပေါ် အကြမ်းဖက်နိုမ်နင်းမှုတွေအပေါ် အိန္ဒိယအစိုးရာက ရှုတ်ချကြောင်းကြေညာခဲ့ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဒီလအစောပိုင်းက ထောင်ဒဏ်ချမှတ်လိုက်တဲ့အပေါ်မှာလည်း စိတ်အနှောက်အယှက် ဖြစ်ရကြောင်းနဲ့ မြန်မာဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အားပေးထောက်ခံကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုထားဖူးပါတယ်။

........................................

တိုက်ရိုက် လင့်ခ်

{{Unicode}}





XS
SM
MD
LG